Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မြန်မာပြည်မှာ ဂုဏ်ပြုတဲ့ ရာဘင်ဒြာနတ်တဂိုးရဲ့ နှစ် ၁၅၀ ပြည့်မွေးနေ့

သဲသဲထွေး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ကဗျာစာဆို၊ ပြဇာတ်ရေးဆရာ၊ စာရေး ဆရာ၊ နိုဘယ်ဆုရှင် ရာဘင်ဒြာနတ် တဂိုး (၁၈၆၁-၁၉၄၁)ရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့ဂုဏ်ပြု အခမ်းအနားကို ဩဂုတ် လ ၂၁ ရက်နေ့က စင်ထရယ်ဟိုတယ် မှာ ကျင်းပခဲ့ပါတယ်။

ပါရဂူရှန်တိနိကေတန် စာကြည့်တို့်ကြီးကိုတလည်ထောင်ခဲ့သူ၊ တဂိုးစာပေအသင်းကြီးရဲ့ဥက္ကဋ္ဌ၊ ဆရာကြီးပါရဂူက ဦးဆောင်ပြီးတဂိုး ရဲ့စာပေနဲ့ အနုပညာကိုမြတ်နိုးသူများက ကဗျာဆရာ၊ စာရေးဆရာ၊ တေးဂီတဆရာ၊ ကျောင်းဆရာ၊ တဂိုးအသင်းအဖွဲ့ဝင် တွေနဲ့ ပူးပေါင်းပြီး တဂိုးရဲ့နှစ် ၁၅၀ ပြည့်အခမ်းအနားကို ကျင်းပကြတာ ဖြစ်ပါတယ်။

တဂိုးနှစ် ၁၅၀ ပြည့်အခမ်းအနားမှာ တဂိုးရဲ့ဘ၀အကြောင်းတွေကို ပရိုဂျက်တာနဲ့ ပြသခဲ့ပြီး သူရဲ့ရှားပါးလှတဲ့ လက်ရေးစာမူ၊ အိန္ဒိယ နိုင်ငံအပေါ်ထားရှိတဲ့ခံယူချက်၊ ပန်းချီကား တစ်ချပ်ဆိုတာ လူတစ်ယောက်ရဲ့ အတွေးအခေါ်ကို ချိတ်ဆွဲထားတာပါလို့ ဆိုခဲ့တဲ့ သူရေး ဆွဲခဲ့တဲ့ ပန်းချီကားတွေကို ပရိုဂျက်တာနဲ့ ပြသခဲ့ပါတယ်။

အခမ်းအနားမှာ တဂိုးရဲ့ဂီတဉ္ဇလီ ကဗျာများကို မြန်မာ၊ အင်္ဂလိပ်၊ ဟိန္ဒီဘာသာများဖြင့် ရွတ်ဆိုခြင်း၊ ရှားမားပြဇာတ် ကောက်နုတ်ချက် နှစ်ပါးသွား အကဖြင့် ဖျော်ဖြေခြင်းများဖြင့် ဆရာ ကြီးကို ဂုဏ်ပြုပူဇော်ခဲ့ကြပါတယ်။

တဂိုးရဲ့ဘ၀နဲ့စာပေစာတမ်းကို ဆရာကြီးပါရဂူက ဖတ်ကြားရာမှာ ကဗျာဆရာကြီးတဂိုးဟာ ရန်ကုန်မြို့ကို ၁၉၁၆ ခုနှစ်၊ မေလ ၇ ရက် နေ့မှာတစ်ကြိမ်၊၁၉၄၂ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှာ တစ်ကြိမ် ရောက်ရှိခဲ့ပြီး တဂိုး၏ စာပေအနုပညာများကို မြတ်နိုး တန်ဖိုးထားသည့် မြန်မာပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဆရာကြီးပါရဂူက တဂိုးအားဂုဏ်ပြုတဲ့အနေနဲ့ ရွှေပေါက်ကံမြို့သစ်မှာ ပါရဂူရှန်တိနိကေတန်စာကြည့်တို့် ကြီးကိုထူထောင်ထားပါတယ်။

က၀ိစာဆိုကြီးရာဘင်ဒြာနတ်တဂိုးကို အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့မှာ ၁၈၆၁ ခုနှစ်၊မေလ ၇ ရက်နေ့ကမွေးဖွားခဲ့ပါတယ်။ ကဗျာ၊ ဂီတ ဘက်မှာ ထင်ရှားကျော်ကြားသူဖြစ်ရုံသာမကပန်းချီမှာဆိုလည်း ပါရမီရှိ သူဖြစ်ပါတယ်။ တဂိုးကဂီတဉ္ဇလီကဗျာနဲ့ ၁၉၁၃ခုနှစ်မှာ စာပေ ဆိုင်ရာနိုဘယ်ဆုကိုရရှိခဲ့ပါတယ်။

တဂိုးရဲ့ ရှန်တိနိကေတန် တက္ကသိုလ်ကြီးဟာလည်း အိန္ဒိယနိုင်ငံမှာ စာပေ အနုပညာ၊ ယဉ်ကျေးမှု နိုင်ငံတကာ တက္ကသိုလ်ကြီးအဖြစ် အခုချိန်ထိ တည် ရှိနေဆဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားမှာတော့ မေလ ၈ ရက်နေ့တိုင်းမှာ ဆရာကြီး၏ မွေးနေ့ကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်လေ့ရှိကြတယ် လို့ဆိုပါတယ်။ တဂိုးက မြန်မာပြည်ကို နှစ်ကြိမ်လာရောက်ခဲ့ပြီး ပထမအကြိမ်အဖြစ် ရန်ကုန်ရောက်တဲ့ နောက်တစ်ရက် မေလ ၈ ရက် နေ့ဟာဆရာကြီးမွေးနေ့နဲ့တို့ဆိုင်နေတာကြောင့် ရန်ကုန်မြို့ရှိအိန္ဒိယအမျိုးသားများက ၀မ်းမြောက်ဂုဏ်ယူခဲ့ကြသလိုဂုဏ်ပြု ပွဲအခမ်း အနားကိုလည်း ရန်ကုန်မြို့ ဂျူဗလီဟောခန်းမမှာ ကျင်းပပေးခဲ့ တယ်လို့ သိရပါတယ်။

ဆရာကြီးရန်ကုန်မြို့တွင်း လှည့် လည်ကြည့်ရှုစဉ် ဘုရားတန်ဆောင်း၊ ဂူကျောင်းပြသာဒ်များမှာ အိန္ဒိယနိုင်ငံ ကဲ့သို့ မြန်မာအမျိုးသား ရှေးဟောင်းအမွေအနှစ်များဖြစ်နေတာကို မြင်တွေ့ ပြီး မြန်မာအမျိုးသားယဉ်ကျေးမှုနှင့် ရှေးဟောင်းအစဉ်အလာများကို စိတ်ဝင်စား ခဲ့တယ်လို့ သိရပါတယ်။

ရွှေတိဂုံဘုရားကို ရောက်တဲ့ အခါမှာ လည်း "လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီ တော်မြတ်ကြီးနှင့် ချိန်ထိုးကြည့်လျှင် တစ်မြို့လုံးသည် အရောင်မတောက်တော့"လို့ သူကမှတ်ချက်ချခဲ့ပါတယ်။

မြန်မာအမျိုးသမီးများ၏ရိုးသားပြီး လွတ်လပ်သောဘ၀ကိုလည်း ဆရာကြီးက သဘောကျခဲ့တယ်လို့သိရပါတယ်။ ရန်ကုန်သို့ဒုတိယ အကြိမ်ရောက်လာချိန်မှာ ဘင်္ဂါလီစာပေညီလာခံ ကျင်းပချိန်နှင့်ကြုံကြိုက်နေရာမတ်လ၂၅ရက်နေ့တွင်ညီလာခံနှင့်ရောပြီး ဆရာကြီး အား ဧည့်ခံဂုဏ်ပြုပွဲ ကျင်းပပေးခဲ့ပြီး အစီအစဉ်တွင် မြန်မာအက ပါဝင်ရာ တဂိုးက ချီးကျူးခဲ့ပါတယ်။

ဆရာကြီး ဒုတိယ အကြိမ် တည်းခို သွားတဲ့ တို့်အိမ်အရှေ့ဘက်အတွင်း နံရံကျောက်ပြားမှာ ဆရာကြီးရောက် ရှိတဲ့ အထိမ်းအမှတ် အဖြစ် အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ရေးထိုးထားတဲ့စာတမ်းဟာ ယနေ့ထက်ထိရှိနေသေးတယ်လို့ သိရပါတယ်။ ဆရာကြီး တည်းခို ခဲ့တဲ့အိမ်ကတော့ ဗိုလ်တစ်ထောင်မြို့နယ် ကုန်သည်လမ်းက ဂါဒီယန်သတင်းစာတို့်အဆောက်အအုံနေရာဖြစ်ပါတယ်။

၁၉၅၂ ခုနှစ်မှာ တဂိုးရဲ့စာပေအနုပညာမြတ်နိုးသူများက မြန်မာပြည်တဂိုးအသင်းကို ဖွဲ့စည်းတည်ထောင်ရာ အိန္ဒိယအမျိုးသားများ
ပါဝင်ခဲ့ပြီး အသင်းဥက္ကဋ္ဌများမှာ မြန်မာအမျိုးသားများဖြစ်တယ်လို့ သိရပါတယ်။