
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပရိသတ်တွေကြား တစ်ဖန်ပြန်ရောက်လာတဲ့ လက်တင်စုံတွဲအက
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ကျန်းမာရေးနဲ့ညီညွတ်ပြီး အသက်အရွယ်မရွေးကနိုင်တဲ့ လက်တင် အကကို Space Dancing Studioတွင် စုံတွဲတစ်တွဲ လေ့ကျင့် သရုပ် ဖော်နေစဉ်။ ဓာတ်ပုံ - ကောင်းထက်
ပေါ့ပါးသွက်လက်တဲ့ ကကွက်တွေအတိုင်း စည်းချက်ကျကျရွေ့လျားနေ တဲ့ ခြေချောင်းလှလှလေးတွေကို ဟိုး အရင်တုန်းက သက်ကြီးပိုင်း၊ နောက် တဖြည်းဖြည်းနဲ့ သက်လတ်ပိုင်း၊ အခုတော့ သက်ငယ်ပိုင်းတွေ အထိ ရင်ခုန် ခံစားလာကြပြီ။
ချာချာ၊ရွန်းဘား၊ဆန်ဘား၊ဂျိုက် စတဲ့ လက်တင်အမေရိက အကတွေနဲ့၊
အဆင့်မြင့် စုံတွဲအကတွေဖြစ်တဲ့ တန်ဂိုး၊ ဝေါ့ဇ်လို အကတွေက မှေးမှိန် ပျောက်ကွယ်တာမျိုး မဟုတ်ဘဲ သီးသန့်ရှိခဲ့ရာက အခု အချိန်မှာတော့ ပရိသတ်ကြားမှာ တစ်ဖန်ရေပန်းစားလာပြန်ပါတယ်။
"ရွန်းဘားသင်နေတဲ့အချိန်မှာ ရွန်းဘားကို အရမ်းကြို့်ပြီး၊ချာချာသင်တဲ့ အချိန်တွေမှာတော့ ချာချာက ဆွဲဆောင်မှု အရှိဆုံးပဲ။ ဒါကြောင့် ဘယ် အမျိုးအစားကိုအကြိုက်ဆုံးလဲဆိုတာစဉ်းစားရခက်တယ်"လို့ မကရတဲ့ အချိန်မှာ ဘ၀က အဓိပ္ပာယ်တောင်မရှိတော့ ဘူးလို့ သတ်မှတ်ထားတဲ့ မစိုးသူဇာကဆိုလေရဲ့။ သူ့ရဲ့အကသက်တမ်းက လည်း ခုဆို ဆယ်နှစ် ကျော်ပြီဆိုပဲ။
"အရင်တုန်းက လူကြီးပိုင်း လောက်ပဲ ကျန်းမာရေး အတွက် ကခဲ့ကြ တယ်။ ခုတော့ ပါတီပွဲတွေ၊ ဟိုတယ်တွေမှာထက် အပြင်စင်မြင့်ပွဲတွေ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲအခမ်းအနားတွေမှာပါ ဒီလို အကတွေ ကို တွေ့လာရတယ်။
"နောက် လူငယ်တွေ ကလာတယ်။
စသင်တုန်းက လူငယ်တွေကို၊ ဆွဲမခေါ် ခဲ့မိဘူး။ ကိုယ်ကတာကို သမီးက တွေ့တော့ သူကချင်လာသလို၊ ကိုယ်က လည်း ကစေချင် လာတယ်။သူတို့လိုသွက်လက်လှပတဲ့အရွယ် လူငယ်လေးတွေကမှ ဒီအကကို လူပိုစိတ်ဝင်စား၊ အကြိုက်များလာတယ်ဆိုတာသိလာ တယ်"လို့ ၁၆ နှစ်အရွယ်သမီးရဲ့မိခင် ဖြစ်သူ မစိုးသူဇာက ပြောပါတယ်။
အိမ်ထောင်သည်တွေအတွက်က တော့ ချစ်ခြင်းမေတ္တာကို အဓိကထားပုံဖော်ပြီး ကကွက်ဖော်ကြတဲ့ ဒီလိုအက တွေက ကိုယ့်ရဲ့ အိမ် ထောင်ဖက်၊ လက်တွဲဖော်နဲ့သာ အတူတူကမယ်ဆိုရင် အချစ်တွေ ပိုမြဲမြံစေသတဲ့။
"အစ်မယောက်ျားနဲ့ အစ်မက အတူတူကတာလေ။ ကတော့မယ်ဆိုတာနဲ့ အ၀တ်အစား၊ ဖိနပ်၊ အလှအပပြင်ဆင်ရတာဆိုတော့ ရင်ခုန် စရာပေါ့။
အခု အိမ်ထောင်သက် အနှစ်နှစ်ဆယ် ရှိပေမယ့် သမီးရည်းစားလိုပဲ ချစ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ် ယောက်အတူ ကနေတဲ့ အချိန်က အရမ်းပျော်ဖို့ ကောင်းလို့ပါ"တဲ့။
အကနည်း မျိုးစုံထဲမှာ စွမ်း (မြူးကြွတဲ့ စုံတွဲအက)၊ရပ်ဂေး၊ ဆာဆာ၊ မမ်ဘိုစတဲ့ အကတွေက လှပချစ်စရာကောင်းပြီး အဲဒီအကတွေ တက်ထားတယ်ဆိုရင် နောက်ပိုင်းအကအသစ်တွေ သင်ယူဖို့အတွက် မခက်ခဲတော့ဘူးလို့ သိရတယ်။
"အရင်ကထက် သိသိသာသာ ၀ိတ်ကျ သွားတယ်။ မှန်ရှေ့မှာ အမြဲကနေရတော့ ကိုယ့်ကိုယ်ကိုယ်သတိထားလာတယ်။ ပိုလှချင်လာ တယ်ပေါ့။ နောက်ပြီး ဟစ်ပ်ဟော့လို ခေတ်ပေါ်အကတွေကဖို့ ပိုလွယ်သွားတယ်"လို့ ပုလဲကွန်ဒိုမှာ ဖွင့်လှစ်ထားတှဲ့Space Dancing
Studio ပိုင်ရှင် မဆုက ကခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတချို့ကို ပြောပြပါတယ်။
"လူကြီးပိုင်း တွေရော လူငယ်လေး တွေပါ သင်တန်း လာတက်ကြတယ်။ သီချင်း အေးအေးနဲ့ စုံတွဲအကဖြစ်ပေမယ့် ကိုယ်အပါအ၀င် လူငယ်တွေ၊ကြိုက်လာကြတယ်။ ဒီစုံတွဲအကတွေကို မကခင်တုန်းက လုံးဝမက ကြပေမယ့် သင်တန်း စတက်လိုက်တာနဲ့ တစ်ရက်မှ အပျက် မခံကြတော့ဘူး"လို့ မဆုက ခေတ်လူငယ်တွေပါ ရှေးအနောက် တိုင်းစုံတွဲအကအပေါ် စိတ်ဝင်စားလာမှုကို ပြောပြပါတယ်။
Space မှာ အမြဲလာရောက်ကလေ့ ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ် တဲ့ ဒေါ်ဝင်းဝင်းမင်းကလည်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေအတွက် ကချင်တယ်ဆိုရင် လက်တင်စုံတွဲအကတွေဟာ အသင့်လျော်ဆုံးပဲ လို့ ဆိုပါတယ်။
"ကွန်ပျူတာရှေ့မှာ တစ်နေ့လုံးထိုင်ခဲ့တော့၊ အကြောတက်ပြီး အနှိပ်ခံခဲ့ရပေမယ့်အကသင်ပြီးတဲ့နောက်ပိုင်း အကြောတက်တာ လုံးဝ
မရှိတော့ဘူး။အသက်၅၀ကျော်မှ ဒီအကကို စသင်ခဲ့ပေမယ့် ကျန်းမာရေးအရပိုကောင်းလာပြီး အရင်ကထက် ပိုသွက်လက်လာတယ်" လို့ ဆိုပါတယ်။
ဒေါ်ဝင်းဝင်းမင်းဟာ အကသင်တန်း တက်ခဲ့တာ နှစ်နှစ်ရှိပါပြီ။ အက အများစုက ခြေထောက်ပိုင်းကို ဦးစားပေးလှုပ်ရှားကြရတဲ့ အတွက် သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ ဒူးနာဝေဒနာကို လုံးဝနီးပါး ပျောက်ကင်းစေတာမို့ ကခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ် စေတယ်လို့လည်း သူက ဆိုပါတယ်။
"မိန်းကလေးအများစုက ငြိမ်ငြိမ် လေးထိုင်ပြီးတော့ အလုပ်လုပ်ကြတာ ဆိုတော့ ကသင့်တယ်လို့ထင်တယ်။ ပြီးတော့ ကမယ်ဆိုရင် ခန္ဓာကိုယ်အပြင် ခြေလက်တွေကအစ အချိုးကျအောင် နေရတယ်ဆိုတော့ ပိုပြီးလှချင်လာတယ်။ ကျန်းမာအောင် ဂရုစိုက်လာ ကြ တယ်" လို့ ဒေါ်ဝင်းဝင်းမင်းက ပြောပါတယ်။
ကတဲ့ သူတစ်ဦးဟာ ကကွက်တွေ တစ်ကွက်ချင်းစီကို စနစ်တကျ မှတ်မိဖို့ အာရုံစိုက်ရတာမို့ ကနေချိန်မှာ တခြား ကိစ္စတွေ တွေးချိန် မရှိတာမို့ စိတ်တည်ငြိမ်မှု ရရှိစေပြီး မှတ်ဉာဏ်အားပို ကောင်းလာစေပါတယ်တဲ့။
ဒီလိုဟောင်းပေမယ့် ကောင်းဆဲဖြစ် တဲ့ လက်တင်စုံတွဲအကတွေရဲ့ ထူးခြား ချက်က အသုံးပြုတဲ့မြူးဇစ်မှာ ဘိထ်သံ (စည်းချက်ချသံ) မပါသလို ကကွက်ကလည်း တခြားအကတွေနဲ့မတူဘဲ ထူး ခြားတာမို့ ဟစ်ပ်ဟော့အကတွေ ကြီးစိုးတဲ့အခုခေတ်မှာ တစ်ဖန်ပြန်လည် လူကြိုက်များလာတယ်"လို့ အကဆရာသက်တမ်း အနှစ်နှစ်ဆယ် ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်လူမျိုး မစ္စတာအာနိုးဖယ်လ် ကိုနီက ပြောပါ တယ်။
"ဘိထ်သံတွေပါတဲ့ အကတွေက လူကြိုက်များကြတော့ ဒီစုံတွဲအကတွေထဲက ကကွက်တချို့ကို ဘိထ်သံနဲ့တွဲဖက်ပြီး ခေတ်ပေါ်အက တွေ ဖန်တီးလာကြတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့လက် တင်စုံတွဲအကတွေက လူသိပိုများလာ တယ်။ ဟိုတုန်းက ထက် ရှုပ်ထွေး တဲ့ က ကွက်တွေပိုများလာပေမယ့် သင်တဲ့လူ တွေလည်း ပိုများလာတယ်။ ချွေးအရမ်း ထွက်တော့ ကျန်းမာရေးအတွက်လာသင်တာ ရှိသလို လူငယ်တွေလည်း စိတ်ဝင်စားလာကြတယ်"လို့ သူက ဆိုတယ်။
နာမည်ကြီးအကပညာရှင်တစ်ဦး ဖြစ်တဲ့ kမီကိုကလည်း ငယ်ရွယ်စဉ်ကနေ အသက်ကြီးတဲ့အထိ ကလို့ရတာမို့ လက်တင်ရှေးဟောင်း စုံတွဲအကတွေဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ဘူးလို့ဆိုသလို လူငယ်တွေ ခေတ်ပေါ်အကအဖြစ် တီထွင်ဖန်တီးတာကို လည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။
"လက်တင်ကကွက်တချို့ကို အက ပညာရှင်တွေက ခေတ်ပေါ်တီးလုံးတွေ နဲ့ ပေါင်းစပ်လာကြတယ်ဆိုတာ တီထွင်ချင်တဲ့စိတ်လေး တစ်ခုတည်းနဲ့ပါ။ အဲဒီလို လိုက်ပေါင်းစပ်လို့လည် ဒီရှေးဆန်တဲ့ ကကွက်တွေက ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး"
ဒါပေမယ့်လိုက်ဖက်တဲ့သီချင်းအမျိုးအစားရွေးရတာခက်ခဲတာကြောင့် လက်တင်အကတွေကို အာအမ်ဘီ၊ရော့ခ်၊စတန့်စတဲ့တေးဂီတ တွေနဲ့သာ ပေါင်း စပ်တာများတယ်လို့ သိရပါတယ်။
"မြန်မာအက ထဲက ကကွက်တချို့ လည်း Kမီကိုတို့ ယူသုံးရတာပဲလေ။ တီထွင်တယ်ဆိုတာကောင်းပါတယ်။ သူများထွင်ပြီးမှ ကိုယ် လိုက်ကရင် ကိုယ်ကနောက်လိုက်ဖြစ်သွားပြီလေ။ အဲဒီတော့ လူငယ်တွေက ကိုယ်ဒီအကကို တီထွင်လိုက်တယ်။ ကိုယ်ထွင်လိုက်တဲ့ အကအပေါ် အမြဲပထမပဲ"လို့ Kမီကို က ပြောပါတယ်။
ဒါပေမယ့် ကကွက်တွေ ပေါင်းစပ်တဲ့ နေရာမှာ ပရိသတ်တွေ နှစ်သက်တဲ့ လိုက်ဖက်တဲ့တွဲစပ်မှုဖြစ်ဖို့တော့ လိုအပ်ပါတယ်တဲ့။
"လုံးဝမလိုက်ဖက်တဲ့အရသာနှစ်ခုကို ပူးပြီးချပြလိုက်ရင် ပရိသတ်က ကြိုက်ချင်လည်းကြိုက်မယ်။ အရောင် ပြင်းပြင်းတွေ ခေတ်စား လာသလိုပေါ့။ ဒါပေမယ့် မျက်လုံးယဉ်ဖို့ လိုတယ်။ခေတ်လွန်နေစရာမလိုပါဘူး"