Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပြောင်းလဲနေတဲ့ နှလုံးသားပိုင်ရှင် ဆာရာဘရလီစ်

ရတနာထွန်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
News Pic

စန္ဒရားသံတွေနဲ့ သီချင်းတွေကို ချစ်စရာကောင်းအောင်၊ ခံစားရအောင် ရေးသားသီဆိုတတ်တဲ့ဆာရာဘရလီစ်ရဲ့ တတိယမြောက်အယ်လ်ဘမ် Kaleidoscope Heart ထဲမှာ ထုံးစံအတိုင်း သူ့ရဲ့ စန္ဒရားလက်သံဆန်း တွေနဲ့ လှပတဲ့သံစဉ်တွေကိုနားဆင်ရမှာပါ။

ကယ်လီဒိုစကုပ်လို ကြည့်လေကြည့်လေ ပြောင်းလဲလေဖြစ်နေတဲ့သူ့ရဲ့ နှလုံးသားကို ရည်ညွှန်းချင်လို့ ဒီနာမည်ကို အယ်လ်ဘမ် ရဲ့ အမည်ပေး ဖြစ်တာပါလို့ပြောတဲ့ ဆရာက ဒီအယ်လ်ဘမ်ထဲမှာ သူ့နှလုံးသားကို သူ ဘယ်လောက်ထိ ဆန်းစစ်ကြည့်ထားသလဲဆိုတာ သီချင်းတွေက တစ် ဆင့် ပရိသတ်ကို သိစေချင်ပါတယ်တဲ့။

စင်ဂယ်လ်ထွက်ထားတဲ့ King of Anything အပြင်Gonna get over you၊ Let the Rain၊ Say You're Sorry၊ Not alone၊ Hold my heart စတဲ့ သီချင်းတွေကတော့ အချစ်သီချင်းဆို ကောင်းကောင်းပိုင်နိုင်စွာ ရေးဖွဲ့နိုင်တဲ့ ဆာရာရဲ့ လှိုက်လှိုက်လှဲလှဲ ဆိုသံနဲ့တော့ အကိုက်ပါပဲ။

စက်တင်ဘာ ၇ရက်နေ့မှာစတင်ဖြန့်ချိတော့မယ့် ဆာရာရဲ့အယ်လ်ဘမ် ကို နားထောင်ကြည့်လိုက်ကြပါဦး။