
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
သားသမီးလေးတွေ လိမ္မာစေဖို့
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
မိဘတိုင်းက သားသမီးတွေကို လိမ္မာ ယဉ်ကျေးပြီး မိဘစကားနားထောင်တဲ့သူလေးတွေဖြစ်စေချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒပါ။ သား သမီးတွေကို ဆုံးမတဲ့အခါမှာ မိဘတွေရဲ့ ပါးပါးနပ်နပ်ကိုင် တွယ်တတ်ဖို့ကလည်း အရေးကြီးတယ်လေ။ ဒါလေးတွေ ဖတ်ကြည့်လိုက် ပါဦး။
၁။ ကလေးက ကိုယ့်ကို လိမ်ညာပြောနေတာကို မကောင်းမှန်းသိအောင် မင်းငါ့ကိုလိမ်ရင် ဘယ်လိုအပြစ်ပေး မယ်လို့ ပြောမယ့်အစား အမှန်အတိုင်း ပြောရင် ဘယ်လိုဆုချမယ်၊ ဘယ်လို ကောင်းကျိုးတွေရတယ်ဆိုတာ နားဝင်အောင်ပြောဆိုပါ။
၂။ ပေါင်းသင်းဆက်ဆံရေးမှာလည်း သားသမီးကမကောင်းတဲ့သူနဲ့ ပေါင်းမိနေတယ်ဆိုရင် မင်းသူတို့နဲ့မပေါင်းနဲ့ဆိုပြီး အတင်းအကျပ် မပြောမိပါစေနဲ့။ အပေါင်းအသင်းကြောင့် အကျင့်ဆိုးတွေကူးစက်တတ်တယ်၊ လမ်းမှားရောက်တတ်တယ်ဆိုတဲ့အကြောင်း ဥပမာလေး တွေပေးပြီး ဖျောင်းဖျပါ။
၃။ ကိုယ်ပြောတာကို နားမထောင်ဘဲ ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောတတ်လာပြီ ဆိုရင် ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ မပြောမိအောင်ထိန်း ပါ။ သားသမီး က ဘယ်လိုလူမျိုးတွေနဲ့ ပေါင်းသင်းနေလဲ ဆိုတာစုံစမ်းပါ။ အရင်ကထက်ပိုပြီး ဂရုစိုက်ပြီး ကိုယ့်စေတနာကို နားလည် အောင်လုပ်ပါ။
၎။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး စတာတွေနဲ့ လက်တည့် စမ်းနေတယ်လို့ သတင်းရရင်တော့ စိုးရိမ်ပြီးတော့ တစ်ချက်လွှတ်အမိန့် တွေထုတ်ပြီးစည်းကမ်းတွေနဲ့ မချုပ်ချယ်ပါနဲ့။