
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဝက်သားကြက်သွန်ဖြူ နှစ်ပြန်ကြော်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ဒီတစ်ပတ်တော့ ၀က်သားကို ကြွပ် ကြွပ်ရွရွလေးဖြစ်အောင် ကြော်ထား တဲ့ အရသာကို မြည်းကြည့်ကြမယ်နော်။
ပါဝင်ပစ္စည်းများ
ဝက်သား၊ ကြက်သွန်ဖြူ၊ ငရုတ်ပွ၊ ငရုတ်စိမ်းမှုန့်၊ ကြက်သွန်မြိတ်။
ဝက်သားကို သန့်စင်ပြီး အလွှာလေး တွေဖြစ်အောင် ပါးပါးလှီးထားမယ်။
ပြီးရင်ကြက်သားမှုန့်၊ ငံပြာရည်၊ကော်မှုန့်တွေနဲ့ နှံ့စပ်အောင်နယ်ပြီး
ခဏ နှပ်ထားမယ်။
ပြီးတော့ ဆီပူပူမှာ ကြွပ်အောင် ကြော်ပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက် ပြီး ကြက်သွန်မြိတ်တွေကိုလည်း လက်နှစ်ဆစ်လောက် အနေ တော် လှီးဖြတ် ထားလိုက်။
ငရုတ်ပွကို မထူမပါးစိတ်ကြိုက်လှီးထားမယ်။ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကို ငရုတ်စိမ်းမှုန့်နဲ့ ဆီသတ်မယ်။ ပြီးရင်ကြော်ထားတဲ့ ၀က်သားကိုထည့်ပြီး အရန်သင့်လှီးထားတဲ့ကြက်သွန်မြိတ်တို့၊ ငရုတ်ပွတို့ကိုထည့်လိုက်ရုံနဲ့ ၀က်သားကြက်သွန်ဖြူ နှစ်ပြန်ကြော်ဆိုတဲ့ ဟင်းကောင်းတစ်ပွဲရပြီပေါ့။