
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တစ်ပတ်စာ သင်၏ကံဇာတာ
၂၀၁၀ စက်တင်ဘာလ ၃ ရက်မှ ၉ ရက်အထိ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊
သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ - ယာယီလုပ်ငန်းများ အထူးအကျိုး ပေးနေမည်။ လေလံ၊ တင်ဒါ၊ ပါမစ်စသည်တို့နှင့် ပတ်သက်၍ ကံကောင်း လိမ့်မည်။ သစ်တောထွက် ပစ္စည်းများ၊ ရွှေနှင့် ကြေးနီတို့မှ အကျိုးအမြတ် ရရှိလိမ့်မည်။ အစုစပ် လုပ်ငန်း ကောင်းများစတင်ရန်အခြေအနေပေးလိမ့်မည်။ အိမ်ထောင်ဖက်ကြောင့် မိသားစုဘ၀ပိုမို တိုးတက်အဆင်ပြေလာမည်။ ၄ ရက်နေ့ သည် ဆောက်လုပ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ကံပွင့်လန်းနေမည်ဖြစ်သည်။
ယတြာ - စနေထောင့်တွင် နှင်းဆီနီများ ကပ်လှူပါ။
ယတြာ - စနေထောင့်တွင် နှင်းဆီနီများ ကပ်လှူပါ။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ - ၆ ရက်နေ့တွင် မိမိ၏ ဉာာဏ်လွှာ သုံးနိုင်မှုကြောင့် လုပ်ငန်းအကျိုးအမြတ်များ ဖြစ် စေနိုင်သည်။ ရပ်ဝေးလုပ်ငန်း အဆက် အသွယ်ကောင်းများလည်း ရရှိနိုင်သည်။ ယှဉ်ပြိုင်လုပ်ဆောင်သော အရောင်းအ၀ယ်ကိစ္စ များ၌အထူးအောင်မြင်မှုရလိမ့်မည်။ လုပ်ငန်းအသီးသီး၌ နစ်နာဆုံးရှုံးမှုများ လျော့ကျသွားမည်။ အိုးအိမ်ခြံမြေကားစသည်နှင့် ပတ် သက်၍ အကျိုးပေးမည်။ ထီထိုးကံစမ်းမှုကို ပြုလုပ်သင့်သည်။
ယတြာ - မွေးနံထောင့်၌ ရောင်စုံပန်းများ ကပ်လှူပါ။
ယတြာ - မွေးနံထောင့်၌ ရောင်စုံပန်းများ ကပ်လှူပါ။
မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ - ကံကောင်းနေသောနေ့ရက်များ ဖြစ်သည်။ အဓိကအားဖြင့် ဆွေးနွေးညှိနှိုင်း တိုင် ပင်မှုများ မိမိလိုလားသည့်အတိုင်း ဖြစ်လာ မည်။ ငွေပေးငွေယူစာချုပ်စာတမ်းကိစ္စများ အောင်မြင်မှုရမည်။ မိသားစုဝင်ငွေ တိုးပွား မည်။ ကောင်းမွန်သော လက်ဆောင်ပစ္စည်းများ ၀င်မည်။ မိမိ၏ တာဝန်ယူဆောင်ရွက်သော လုပ်ငန်းကိစ္စအ၀၀ ပြီးမြောက်အောင် မြင်လိမ့်မည်။ အသိဉာာဏ် ပိုမိုထက်မြက်စူးရုလာမည်။
ယတြာ - မွေးနံထောင့်၌ ကြေးဆည်းလည်း လှူဒါန်းပါ။
ယတြာ - မွေးနံထောင့်၌ ကြေးဆည်းလည်း လှူဒါန်းပါ။
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ - ၆ ရက်နေ့သည် လိုအင်ဆန္ဒပြည့်ဝနိုင်သည်။အကြံအစည်များ အောင်မြင်လိမ့် မည်။ လစာငွေ၊လုပ်ပိုင်ခွင့်ရာထူး စသည် တစ်ခုခုတိုးတက်ရရှိမည်။ လုပ်ငန်းခွင်၌ မိမိပြောဆိုသမျှ အောင်မြင်ပြီးမြောက်လိမ့်မည်။ အိမ်တွင်း အလှဆင်လုပ်ငန်းများ ပိုအကျိုးရှိလာမည်။ မိခင်၊ နတ်ဒေ၀ီများ၊ အမျိုးသမီးလုပ်ငန်းရှင် အထက်အရာရှိ စသည်တို့ထံမှ ကူညီဖေးမမှုများစွာရရှိနိုင်သည်။ အတိတ်ကံ ပိုမိုအကျိုးပေးလာမည်။
ယတြာ - မွေးနံထောင့်၌ ဆွမ်းနှင့် ဟင်းကပ်လှူပါ။
ယတြာ - မွေးနံထောင့်၌ ဆွမ်းနှင့် ဟင်းကပ်လှူပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ - ရည်မှန်းချက် ရည်ရွယ်ချက်များပြည့်ဝအောင်မြင်မည်။ တက်ရောက်ဆဲသင်တန်း များ၌အထူးချွန်ဆုံးဖြစ်နေမည်။ ဖခင်ထံမှ ပံ့ပိုးကူညီမှု ရရှိလိမ့်မည်။ ရွှေ၊ ငွေ၊ ပရဆေး၊ ကြေးနီ၊ သစ်တောထွက်ပစ္စည်းများအကျိုး
ကျေးဇူးများနေမည်။ ၄ ရက်၊ ၈ ရက်၊ ၉ ရက်တို့သည် ကံပွင့်လန်းနေမည် ဖြစ်သည်။ လုပ်ငန်းအောင်မြင်မှုရလိမ့်မည်။ ရုတ်တရက် အပြင်းဖျားတတ်သော်လည်း စိုးရိမ်ဖွယ်ရာ မရှိပေ။
ယတြာ - တနင်္လာထောင့်၌ သစ္စာပန်းများ ပူဇော်ပါ။
ကျေးဇူးများနေမည်။ ၄ ရက်၊ ၈ ရက်၊ ၉ ရက်တို့သည် ကံပွင့်လန်းနေမည် ဖြစ်သည်။ လုပ်ငန်းအောင်မြင်မှုရလိမ့်မည်။ ရုတ်တရက် အပြင်းဖျားတတ်သော်လည်း စိုးရိမ်ဖွယ်ရာ မရှိပေ။
ယတြာ - တနင်္လာထောင့်၌ သစ္စာပန်းများ ပူဇော်ပါ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ - ၄ ရက်နှင့် ၆ ရက်တို့ လုပ်ငန်းအကျိုးအမြတ်ရရှိရန် ကြိုးပမ်းဆောင်ရွက် မှု အောင်မြင်လိမ့်မည်။ ရပ်ဆိုင်းထားခဲ့သောအလုပ်များ ပြန်လည်စတင်လုပ်ဆောင်ရတတ်သည်။ ကြန့်ကြာနေသော လုပ်ငန်းကိစ္စ နှင့်ရစရာရှိသည့်ငွေများရရှိလာမည်။ ခက်ခဲသောအရောင်းအ၀ယ်ကိစ္စများ၌ မိမိ၏ ဆောင်ရွက်မှုကြောင့်လျင်မြန်စွာ အဆင်ပြေနိုင် သည်။ ၀င်ငွေတိုးနိုင်သော ရက်များဖြစ်သည်။ ကျန်းမာရေးဂရုစိုက်ပါ။
ယတြာ - မွေးနံထောင့်၌ အုန်းဆွမ်းကပ်လှူပါ။
ယတြာ - မွေးနံထောင့်၌ အုန်းဆွမ်းကပ်လှူပါ။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ - ကံကောင်းသောနေ့ရက်များဖြစ်သည်။ လိုအင်ဆန္ဒများ ပြည့်ဝသော ကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်ရတတ်သည်။ လုပ်ဖော်ကိုင်ဖက်များ၏အရေးထားဦးစားပေးမှုခံရမည်။ပြောဆိုထားသော ငွေကြေး၊
လုပ်ငန်း၊ စက်ပစ္စည်း ကိစ္စများ အစစအရာရာ အဆင်ပြေလာမည်။ မြေယာ ကိစ္စတို့၌ ယှဉ်ပြိုင်ဘက်များကို ကျော်လွန်ကာ အခွင့် ကောင်းများ ရရှိတော့မည်။ ဥစ္စာဓနတိုးပွားမည်။
ယတြာ - စနေထောင့်၌ မေမြို့ပန်းများ ကပ်လှူပါ။
လုပ်ငန်း၊ စက်ပစ္စည်း ကိစ္စများ အစစအရာရာ အဆင်ပြေလာမည်။ မြေယာ ကိစ္စတို့၌ ယှဉ်ပြိုင်ဘက်များကို ကျော်လွန်ကာ အခွင့် ကောင်းများ ရရှိတော့မည်။ ဥစ္စာဓနတိုးပွားမည်။
ယတြာ - စနေထောင့်၌ မေမြို့ပန်းများ ကပ်လှူပါ။
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ - ၆ ရက်၊ ၈ ရက်၊ ၉ ရက်တို့ကုသိုလ်ကံအကျိုးပေးပွင့်လန်းနေမည်။ အထူးသဖြင့်ရည်ရွယ်ထားသော ကုသိုလ်ရေးကိစ္စများ လက်တွေ့ပြုလုပ်နိုင်လိမ့်မည်။ နိုင်ငံရပ်ခြားခရီး၊ ရပ်ဝေးခရီးစသည်တို့သွား ရောက်ရန်အကြောင်းကိစ္စပေါ်ပေါက်နိုင်၏။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများပိုအကျိုးပေးလာမည်။ နတ်ဒေ၀တာတို့၏ ပြောကြား သော အိပ်မက်နိမိတ်ကောင်းများ တွေ့မြင်နိုင်သည်။
ယတြာ - သောကြာထောင့်၌ ရေမွှေးနှင်းဆီများ ကပ်လှူပါ။
ယတြာ - သောကြာထောင့်၌ ရေမွှေးနှင်းဆီများ ကပ်လှူပါ။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂ -
တစ်ပတ်လုံး ကံကောင်းနေမည်။ လုပ်တတ်ကိုင်တတ်မှုကြောင့် နစ်နာ ဆုံးရှုံးမှုဘေးကင်းဝေးမည်။အရှုံးထဲမှအမြတ်ရအောင်ဆောင်ရွက်နိုင်မည်။ ကျွမ်းကျင်သောလုပ်ငန်းနယ်ပယ်၌တိကျစွာဆောင်ရွက် တတ်မှုကြောင့်လုပ်ပိုင်ခွင်နှင့်အဆင့်အတန်းတိုးမြှင့်ခံရမည်။ လက်လွန်ငွေများ ပြန်လည်ရရှိနိုင်ချိန်ဖြစ်သည်။ ကုန်သွယ်မှုနယ်ပယ် ၌ လုပ်ငန်းချဲ့ထွင်နိုင်မည်။
ယတြာ - တနင်္ဂနွေထောင့်၌ ရွှေဖယောင်းတိုင်များ ပူဇော်ပါ။
ယတြာ - တနင်္ဂနွေထောင့်၌ ရွှေဖယောင်းတိုင်များ ပူဇော်ပါ။
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ - ၄ ရက်နှင့် ၆ ရက်နေ့တို့တွင် စပ်တူလုပ်ငန်းကိစ္စများ ဦးစားပေး ဆောင်ရွက်သင့်၏။လေလံတင်ဒါကိစ္စရပ် များ မမျှော်လင့်ဘဲအကျိုးကျေးဇူးရှိနိုင်၏။ ကြီးလေးသော တာဝန်များ အပ်နှင်းခံရတတ် ၏။ အဓိက လုပ်ငန်းများ၌ အထူးအောင်မြင်မှု ရရှိတော့မည်။ လုပ်ငန်းအခက်အခဲများ တစ်စထက်တစ်စ ပပျောက်သွားတော့မည်။ နိုင်ငံရပ်ခြားခရီး အကျိုးပေးဆဲ ဖြစ်သည်။
ယတြာ - တနင်္ဂနွေထောင့်၌ ရွှေသင်္ကန်းကပ်လှူပါ။
ယတြာ - တနင်္ဂနွေထောင့်၌ ရွှေသင်္ကန်းကပ်လှူပါ။
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ - ၆ ရက်၊ ၈ ရက်၊ ၉ ရက်တို့ အပြိုင်အဆိုင်များသည့် စီးပွားရေးလုပ်ငန်း များ ကံအကျိုးပေးကောင်းနေမည်။ ၀င်ငွေ တစ်စထက်တစ်စ တိုးတက် နေမည်ဖြစ်သည်။ ခါတိုင်းထက် ပို၍ ကံကုသိုလ် ပွင့်လန်း လာ ပြီဖြစ်သည်။ ထို့ကြောင့် အရောင်းအ၀ယ်ကိစ္စများ အဆင်ပြေမည်။ လူကြီးသူမ တို့၏ မျက်နှာသာပေးခြင်းခံရမည်။ သားသမီး ၀တ္တရားပြည့်ဝအောင် ဆောင်ရွက်နိုင်မည်။
ယတြာ - မွေးနံထောင့်၌ အုန်းယိုပါသော မုန့်များ ကပ်လှူပါ။
ယတြာ - မွေးနံထောင့်၌ အုန်းယိုပါသော မုန့်များ ကပ်လှူပါ။
မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ - ကိုယ်ရေးကိုယ်တာကိစ္စများပိုအဆင်ပြေလာမည်။ ထို့အတူ ကျန်းမာရေးလည်း ပိုကောင်းလာမည်။ နှောင့်နှေးနေသောအလုပ်များ မြန်ဆန်သွက်လက်လာတော့မည်။ လေလံတင်ဒါအပြိုင် တင်သွင်းရာ၌ အနိုင်ရ မည်။ ချင့်ချိန်စဉ်းစားတတ်မှုက အခက်အခဲများကို ဖြေရှင်းရန် အဓိက ကျနေချိန်ဖြစ်သည်။ လိုအပ်သော အကူအညီနှင့် ထောက်ပံ့ ကြေးငွေများ ရရှိနိုင်သည်။ အမွေကိစ္စများ၌ အဆင်ပြေလိမ့်မည်။
ယတြာ - အင်္ဂါထောင့်၌ ရောင်စုံနှင်းဆီများ ကပ်လှူပါ။
ယတြာ - အင်္ဂါထောင့်၌ ရောင်စုံနှင်းဆီများ ကပ်လှူပါ။