
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပြုံယန်းမှာ မြန်မာဇာတ်ကားတွေ ပါဝင်ပြသမည်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယန်းတွင် စက်တင်ဘာ ၁၇ ရက်နေ့က နေ ၂၄ရက်နေ့အထိကျင်းပမယ့် ရုပ်ရှင်ပွဲတော်တွင် မြန်မာ နိုင်ငံမှ ရုပ်ရှင်ကား နှစ်ကားနဲ့ သတင်းကားတစ်ကား ပါဝင်ပြသဖို့ရွေးချယ်ခံရတယ်လို့သိရပါတယ်။
ရုပ်ရှင်ကားနှစ်ကားမှာ ဒါရိုက်တာ ဇင်ယော်မောင်မောင် ရိုက်ကူးပြီး အကယ်ဒမီဆုခုနှစ်ဆု ရရှိခဲ့တဲ့ 'လျှို့ဝှက်သောနှင်း'နဲ့ ဆွစ်စလန် နိုင်ငံမှာသွားရောက်ရိုက်ကူးခဲ့တဲ့'အတိတ်၏အရိပ်'တို့ဖြစ်ပြီး သတင်းကားကတော့ ဒါရိုက်တာဝင့်ရည်သိန်းရိုက်ကူးတဲ့ 'ပွဲဈေးတန်းခင်း' လို့ အမည်ရပါတယ်။
"ကျွန်တော့ဇာတ်ကားနှစ်ကားလုံး ကူးတာ၊ဆေးတာ၊တည်းဖြတ်တာ၊ အသံထည့်တာအကုန်လုံးကိုအဆင့်မီလုပ်ထားတာပါ။'လျှို့ဝှက် သောနှင်း'ဆို ဘန်ကောက်မှာရှိတဲ့၊အမေရိကန် ကုမ္ပဏီမှာ post production လုပ်ပြီး 'အတိတ်၏အရိပ်' ဆိုလည်း ဥရောပ မှာ လုပ် တာပါ"လို့ မြောက်ကိုရီးယားနိုင်ငံ မှာ ပြသဖို့ရွေးချယ်ခံရတဲ့ သူ့ဇာတ်ကား တွေဖန်တီးခဲ့ပုံကို ဒါရိုက်တာ ဇင်ယော်မောင်မောင် က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ပွဲတော်မှာ တခြားနိုင်ငံမှ ရုပ်ရှင်ကားတွေလည်း ပါဝင်ပြသမယ်လို့သိရပြီး ဘယ်နိုင်ငံတွေ ပါမယ်ဆိုတာကို လောလောဆယ် မသိရှိရ သေးလို့ဆိုပြီး ရုပ်ရှင်ပွဲတော်တွေသွားရောက်ခြင်းဟာ မြန်မာ့ရုပ်ရှင်အဆင့်အတန်းအတွက် အများကြီး အထောက်အကူဖြစ်စေတယ် လို့ လည်းသူ့အမြင်ကိုဆိုပါတယ်။
"ကျွန်တော် ရုပ်ရှင်ပွဲတော်တော်တော်များများတက်ရောက်ဖူးပါတယ်။ ကမ္ဘောဒီးယားမှာကျင်းပတဲ့ အာဆီယံရုပ်ရှင်ပွဲတော်၊တရုတ်မှာ ကျင်းပတဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်၊ ရှန်ဟိုင်း ရုပ်ရှင်ပွဲတော် စသဖြင့် တက်ဖူးတော့ မြန်မာကားတွေနဲ့ တခြားကားတွေ ယှဉ်ပြတော့ သူတို့ဆီက ဒါရိုက်တာ၊ မင်းသား၊ မင်းသမီ၊ ထုတ်လုပ်သူတွေလာကြတယ်။ ကိုယ့်နိုင်ငံနဲ့ကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြ တယ်။ သူတို့နိုင်ငံက အကောင်းဆုံးဇာတ်ကားတွေ တွေ့ရတဲ့အခါမှာ ကားကူး၊ ကားဆေး၊ အသံ၊ သရုပ်ဆောင်မှု၊ ဇာတ်ညွှန်းတွေကို လေ့လာလို့ရတယ်။ သူတို့နဲ့လည်း ဆွေးနွေးလို့ ရတယ်။ ကိုယ့်ကားကို ပြတဲ့အခါမှာလည်း ကိုယ့်ဆီက အားနည်းချက်၊ အားသာချက် တွေကိုလည်း သိရတယ်။ သူတို့ဆီမှာရှိတဲ့ ဖြန့်ချိရေးတွေ၊ ထုတ်လုပ်ရေးတွေရဲ့ အဆက်အသွယ်တွေရတယ်"လို့ပြောပါတယ်။