Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

နောနော်ရဲ့ ပထမအကြိမ် တစ်ကိုယ်တော်ရှိုးပွဲ

နွမ်ဘွိုင်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ပြီးခဲ့တဲ့ ဇူလိုင်လမှာ တတိယမြောက် တစ်ကိုယ်တော်အခွေ 'အိပ်မက်ထဲက လူ'ကို ဖြန့်ချိခဲ့တဲ့ အဆိုတော် နောနော်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေမှုကို ဩဂုတ်လ ၂၈ ရက်နေ့ မျှော်စင်ကျွန်းမှာ ရှုစားရတော့မှာပါ။

နောနော်ဟာ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော် ခွေဖြစ်တဲ့ 'အတိုင်းထက်အလွန်' နဲ့ လူငယ်ပရိသတ်တွေရဲ့ အားပေးစိတ်ဝင်စားမှုကို စတင်ရရှိခဲ့တဲ့လူငယ်ရော့ခ် အဆိုသမားတစ်ယောက် ဖြစ်ခဲ့ပြီး ဒုတိယတစ်ကိုယ်တော်အခွေ' အကန့်အသတ် မရှိ'ကို ၂၀၀၉ ခုနှစ်မှာ ပရိသတ်လက်ထဲကို ထည့်ပေးနိုင်ခဲ့ပါတယ်။

လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အ၀ ရခဲ့တဲ့ အဆိုရှင်တစ်ယောက် ဖြစ်တဲ့အလျောက် သူ့ရဲ့တစ်ကိုယ်တော်ရှိုးပွဲကတော့ ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့ ပွဲလေးတစ်ပွဲဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

ဒီပွဲကိုစိတ်ဝင်စားပြီး သွားကြည့်ချင် တယ်ဆိုရင်တော့ နောနော်ရဲ့ မူရင်းအခွေတစ်ခွေ ၀ယ်လိုက်ရုံနဲ့ ရှိုးပွဲလက်မှတ်တစ်စောင်ရနိုင်မှာ ဖြစ်တယ်ဆိုတာကို သတင်းကောင်းပါးလိုက်ပါတယ်နော်။ ပွဲစချိန်ကတော့ ညနေ ၆ နာရီခွဲပါ။