Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဓာတ်ပုံအသင်းရဲ့ နှစ် ၆၀ ပြည့်ဓာတ်ပုံပြပွဲ

နွမ်ဘွိုင်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

မြန်မာနိုင်ငံ ဓာတ်ပုံအသင်းရဲ့ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အမှတ်တရဓာတ်ပုံပြပွဲ ကျင်းပမယ်လို့ သိရပြီးပြပွဲမှာအသင်းသားဓာတ်ပုံဆရာတွေရဲ့အနှစ် ၆၀အထိ ရပ်တည်နိုင်ခဲ့တဲ့အသင်းကြီးကို ဖော်ညွှန်းတဲ့ဓာတ်ပုံပေါင်း ၁၀၀ကျော် ကို ဝေေ၀ဆာဆာပြသသွားမှာဖြစ်ပါတယ်။

"အခု အသင်းဝင်ဟောင်းတွေရဲ့ ဓာတ်ပုံတွေကို လိုက်စုနေတယ်။ တချို့ဓာတ်ပုံ ဆရာတွေ ဆိုရင် ဆုံးသွားတဲ့ သူတွေလည်း ရှိတယ်။ သူတို့ရဲ့လက်ရာတွေကိုလည်းပြဖို့ စီစဉ်ထားတယ်"လို့ပွဲအတွက် စီစဉ်နေမှုများနဲ့ပတ်သက်လို့ အသင်းအတွင်းရေးမှူးဖြစ်တဲ့ ဦးအောင် ထွန်းဝင်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ပြပွဲနဲ့အတူ အထူးအစီအစဉ်အဖြစ် အသင်းမဂ္ဂဇင်းကိုလည်း ပထမဆုံးအကြိမ် အဖြစ်၊ ထုတ်ဝေသွားမယ်လို့ သိရပါတယ်။

"အရင်ကလည်းမဂ္ဂဇင်းထုတ်ဖို့ကို အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်အထမမြောက်ခဲ့ဘူး။ ဒါပေမယ့်ဒီတစ်ခါအသင်းရဲ့နှစ်၆၀ပြည့်အတွက် ရည်ရွယ်ပြီး တကယ်ထုတ်ဖြစ်အောင် တော်တော်လေးကြိုးစားပြီး လုပ်ထားတယ်" လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှာ ဓာတ်ပုံပညာ စိတ်ဝင်စားသူတွေကို တစ်နှစ် တစ်ကြိမ် နှစ်စဉ်ဇွန်လတိုင်း ဖွင့်လှစ်ပေးလေ့ရှိပြီး အသင်း လှုပ်ရှားမှုအနေနဲ့အသင်းသားတွေသာ ယှဉ်ပြိုင်ခွင့်ရှိတဲ့ဓာတ်ပုံပြိုင်ပွဲကို သုံးလတစ်ကြိမ် ကျင်းပလေ့ရှိတဲ့အပြင်တစ်နိုင်ငံလုံးမှ ဓာတ်ပုံ သမားတွေအားလုံး ပါဝင်နိုင်တဲ့ပြိုင်ပွဲကိုလည်း နှစ်စဉ် ဒီဇင်ဘာလတိုင်းမှာ ပုံမှန်ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။