Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

Bow Wow ရဲ့ ထီလက်မှတ်

ရတနာထွန်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
News Pic

ကယ်ဗင်ကာဆန်တစ်ယောက် ကံအကောင်းကြီး ကောင်းပုံများတော့ ဒေါ်လာသန်း ၃၇၀ ထီပေါက်ပါတယ်။ ဒါပေမယ့် သတင်းဆိုးကတော့ ထီလက်မှတ်ရုံးက အားလပ်ရက်ရှည်ပိတ်တာနဲ့ တိုက်ဆိုင်နေတဲ့
အတွက် ကယ်ဗင်မှာ ထီပေါက်ထားတဲ့ ပိုက်ဆံကို ချက်ချင်း ထုတ်လို့ မရသေးပါဘူး။ ထီလက်မှတ်ကြီး လက်ဝယ်ပိုက်ထားရတဲ့ ကယ်ဗင်ရဲ့ အဖြစ်ကိုအိမ်နီးနားချင်းတွေသိသွားချိန်မှာ ကယ်ဗင့်ရဲ့ထီ လက်မှတ် ကိုလုယုဖို့ အမျိုးမျိုးကြိုးစားလာကြပါတယ်။

ကယ်ဗင်တစ်ယောက် ထီလက်မှတ်သွားမထုတ်နိုင်ခင်မှာအရင်းနှီးဆုံး သူတွေရဲ့ စိတ်ပျက်စရာကောင်းတဲ့ လုပ်ရပ်တွေ၊ အထင်နဲ့အမြင်လွဲခဲ့ ရတာတွေ၊ ဘယ်သူတွေသူ့အပေါ်တကယ်ကောင်းပြီး ဘယ်သူတွေက နောက်ကျောက ဓားနဲ့ထိုးသူတွေဆိုတာ ထီလက်မှတ်လေးတစ်စောင် ကြောင့် သိခွင့်ရလိုက်ပါတယ်။

ကယ်ဗင်အဖြစ် ရက်ပါ ဘောင်းဝေါင်း သရုပ်ဆောင်ထားတဲ့ “Lottery Ticket” ဇာတ်ကားထဲမှာသူနဲ့အတူ အိုင်းစ်ကျု၊ ဘရန်ဒန်တီ ဂျက်ဆန်၊
နာကျူရီနော်တန်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ အဲရစ်ဝှိုက် က ရိုက်ကူးထားတာပါ။

ဟာသဇာတ်မြူးနဲ့ စိတ်အပန်းပြေချင်ရင်တော့ ထီလက်မှတ်တစ်စောင် ကိုဘယ်လိုဇာတ်တည်ထားသလဲဆိုတာ ကြည့်ကြည့်လိုက်ပေါ့။