Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပျိုမေတို့အတွက် ဆံပင်စတိုင်

သဲသဲထွေး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

အိုင်တီခေတ်ကြီးမှာ အရာရာတိုင်း အသစ်အဆန်းတွေ ဖြစ်ပေါ်နေသလို မိန်းကလေးတွေအတွက် ဆံပင်ပုံစံ တွေကလည်း အမျိုးမျိုး ပေါ်နေပါတယ်။ဖက်ရှင်တွေ အပြိုင်အဆိုင်ဖြစ်နေတဲ့ အချိန်မှာထူးခြားတဲ့ စတိုင်လ်နဲ့လူအများစိတ်ဝင်စားအောင် ကိုယ့်ရဲ့ပုံစံ၊အ၀တ် အစားနဲ့ အသက်အရွယ်နဲ့လိုက်ဖက်မယ့် ဆံပင်ပုံစံကို ဘယ်လိုရွေးမလဲ။ ဒါတွေဖတ်ကြည့်ပါဦး။

၁။ သိပ်ခေတ်နောက်မကျတဲ့ ဆံပင် အတို ပုံဆန်းဆန်းတွေက ဆယ်ကျော် သက်လေးတွေနဲ့ဆို အိုကေပါပဲ။ ဆံပင် အရှည်ထားတဲ့ သူများတော့ သူငယ်ချင်းတွေ ကြားထဲမှာ ထူးခြားပြီး လန်းနေမှာပါ။ စိုးမြတ်နန္ဒာပေါ်ခါစက ဆံပင်အတိုပုံစံက အရမ်းခေတ်စားခဲ့တယ်
လေ။ ဆံပင်အတိုက သန့်ရှင်းသပ်ရပ်ပြီး ကိုယ့်ရဲ့ သွက်လက်ထက်မြက်မှုကိုလည်း ပေါ်လွင်စေပါတယ်။

၂။ ကျောလယ်လောက်ဆံပင်ကိုဖြန့်ချထားတဲ့ဆံပင်ပုံစံကတော့အသက်နှစ်ဆယ်ကျော်နဲ့သုံးဆယ်အရွယ်တွေအတွက် သင့်တော်တယ် လို့ပြောရမှာပါ။ ရုံးတက်နေရတဲ့ သူတွေအတွက် ယူနီဖောင်းလေးနဲ့ဆိုရင် စမတ်ကျပြီး အရမ်းကလေး မဆန်တော့ဘူးပေါ့။

၃။ ခါးလောက်ထိ ရှည်တဲ့ ဆံပင် အရှည်ကြီးပဲ ကြိုက်ပါတယ် ဆိုရင်တော့ ကိုယ့်မျက်နှာပုံစံ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်မလိုက်ကြည့်ပြီးမှ ထားပါ။လူက အရမ်းညှက်နေရင်တော့ ကိုယ့်မျက်နှာ အလှလေးမပေါ်ပဲ ဖြစ်နေလိမ့်မယ်။ အရပ်ရှည်တဲ့သူနဲ့ မပုမရှည်သူတွေ အတွက် ကတော့ ဆံပင်အရှည်ကြီးက တော်တော်ကြည့်လို့လှတယ်နော်။