
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ထိရောက်ပါပေ့ ...
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

အဘိုးအိုတစ်ယောက်အကြားအာရုံချို့ယွင်းတာ နှစ်ပေါင်းအတော်ကြာ ပါပြီ။
တစ်နေ့တော့ သူ့အကြားအာရုံပြဿနာကို ဆရာဝန်သွားပြတော့
ဆရာဝန်က သူ့ကိုရာနှုန်းပြည့်ပြန်ကောင်းစေမယ့်ဆေးတွေ၊ နည်းလမ်း တွေပေးလိုက်ပါတယ်။
တစ်လလောက်ကြာတော့ အဘိုးကြီးက ဆရာဝန်ဆီ ထပ်လာပါတယ်။
"အဘိုးရဲ့ အကြားအာရုံကတော့ လုံးဝကိုပြန်ကောင်းသွားပါပြီ။ အဘိုး
မိသားစုကတော့ဝမ်းသာမှာပဲ"လို့ဆိုတော့ အဘိုးကြီးက"ကျုပ်သူတို့ကို
အခုထိ ကျုပ်နားပြန်ကောင်းပြီဆိုတာ မပြောရသေးဘူး။ သူတို့နားထိုင်
ပြီး သူတို့ပြောတာတွေနားထောင်ရင်းနဲ့ပဲ ခုဆိုကျုပ်သေတမ်းစာကို ပြန် ပြင်တာသုံးခါရှိသွားပြီ"တဲ့။