
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ငါးစဉ်းကောချက်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ဒီတစ်ပတ်တော့ မြန်မာဟင်းလျာ တစ်မျိုးဖြစ်တဲ့ ငါးစဉ်းကောချက်ကိုပဲ ခံတွင်းမြိန်အောင် ချက်စားကြည့်ကြ တာပေါ့။
ပါဝင်ပစ္စည်းများ
ငါးတန်၊ စပါးလင်၊ ချင်း၊ကြက်သွန်ဖြူ၊နီ၊ ရှမ်းနံနံ ငရုတ်စိမ်းမှုန့်၊ ငရုတ် ခွဲခြမ်း။
သန့်စင်ပြီးသား ငါးကို အရိုးမပါ အောင် ဂရုစိုက်ပြီး နုပ်နုပ်စဉ်းထားပါ။ စပါးလင်၊ ချင်းနဲ့ ကြက်သွန်ဖြူ၊နီတို့ကို ညက်အောင်ထောင်းပါ။ရှမ်းနံနံ ကိုလည်းပါးပါးလေးဖြစ် အောင်လှီးပါ။ အိုးထဲဆီထည့်အပူပေးပြီး ဆီပူ လာ ပြီဆိုရင် ငရုတ်ခွဲခြမ်း၊ ငရုတ်သီး မှုန့်နဲ့ ထောင်းထားတဲ့ စပါးလင်၊ ချင်းစတဲ့ အဆာတွေကို ထည့်ပြီး ဆီသတ်ပါ။
မွှေးနံ့လေးရလာပြီဆိုရင်တော့ စဉ်းထားတဲ့ငါးတွေကို ထည့်မွှေပြီး ရေနည်းနည်းလောင်းထည့်။ ပါးပါးလှီးထားတဲ့ ရှမ်းနံနံလေးပါ ထပ် ထည့်ပြီး ရေခန်းတဲ့အထိ ချက်ပါ။
ဆီပြန်လာပြီဆိုရင်တော့ စပ်မွှေးမွှေး အရသာလေးနဲ့ ငါးစဉ်းကောဟင်းတစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။
ဒီဟင်းလျာအတွက် ဦးဝိစာရလမ်းပေါ်မှာ ဖွင့်ထားတဲံ့House of Memories bar & Restaurant က ပံ့ပိုးပေးထားပါတယ်။