
မလိခအိမ်ရာဝင်းထဲက ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ လေးထောင့်ဆန်ဆန် လုံးချင်းအိမ်သစ်
အကျယ် စတုရန်းပေ ၃,၁၅၀ (ပေ ၉၀x၃၅ ပေ)ရှိတဲ့ ခြံ မျက် နှာစာကို ကျောက်ပြားခင်းပြီး အပင်ငယ်လေးတွေနဲ့ ဂရုတ စိုက်အလှဆင် ပြုပြင်ထားပါ တယ်။ ကားဂိုဒေါင်က အိမ်နဲ့ တွဲလျက်ရှိတဲ့အပြင် ခြံ ထဲမှာလည်း ကားတစ်စီးရပ်စရာ နေရာရှိပါတယ်။
မြေ၀ါနုရောင်သုတ်ထားတဲ့ အိမ်ရဲ့ အပြင်ဘက်ဒီဇိုင်းက ရိုးရှင်းပြီး အနည်းငယ် လေးထောင့်ဆန်သလိုလိုပါ။ အပေါ်ထပ်မှာ ၀ရန်တာငယ်နှစ်ခုနဲ့ ကျွန်းဘောင်ကွပ် ထားတဲ့ ပြတင်းပေါက်တွေ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အာလူးမျှင် ချဉ်စပ်ကြော်
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၉)

အသားဟင်းတွေချည်း ချက်စားရတာ ငြီးငွေ့နေပြီဆိုရင် သက်သတ် လွတ် ဟင်းလေးတစ်ခွက်လောက် ချက်စား ကြတာပေါ့။
ပါဝင်ပစ္စည်းများ
အာလူးမျှင်၊ ငရုပ်ပွ၊ မုန်လာဥနီ၊ဆား၊သကြား၊ ရှောက်ရည်၊ကော်ရည်။
အာလူး၊ ငရုပ်ပွနဲ့ မုန်လာဥနီကို ပါးပါးလှီးပြီး ဆီပူထိုးပါ။ အကြော်တွေ နီလာပြီ ဆိုမှ ဆား၊ ဟင်းခတ် မှုန့်၊ ကော်ရည် နဲ့ ပြန်ကြော်ပါ။ ဒါဆိုရင် ချဉ်စပ်အရသာနဲ့ သက်သတ်လွတ် ဟင်းလျာတစ်ပွဲရပြီပေါ့။
ဒီဟင်းလျာအတွက် ကန်တော်ကြီးအတွင်းမှာဖွင့်ထားတဲ့ White Rice Resturant ကပံ့ပိုးပေးထားပါတယ်။