Now! Fashion Forward

မလိခအိမ်ရာဝင်းထဲက ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ လေးထောင့်ဆန်ဆန် လုံးချင်းအိမ်သစ်

အကျယ် စတုရန်းပေ ၃,၁၅၀ (ပေ ၉၀x၃၅ ပေ)ရှိတဲ့ ခြံ မျက် နှာစာကို ကျောက်ပြားခင်းပြီး အပင်ငယ်လေးတွေနဲ့ ဂရုတ စိုက်အလှဆင် ပြုပြင်ထားပါ တယ်။ ကားဂိုဒေါင်က အိမ်နဲ့ တွဲလျက်ရှိတဲ့အပြင် ခြံ ထဲမှာလည်း ကားတစ်စီးရပ်စရာ နေရာရှိပါတယ်။ မြေ၀ါနုရောင်သုတ်ထားတဲ့ အိမ်ရဲ့ အပြင်ဘက်ဒီဇိုင်းက ရိုးရှင်းပြီး အနည်းငယ် လေးထောင့်ဆန်သလိုလိုပါ။ အပေါ်ထပ်မှာ ၀ရန်တာငယ်နှစ်ခုနဲ့ ကျွန်းဘောင်ကွပ် ထားတဲ့ ပြတင်းပေါက်တွေ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တစ်ပတ်စာ သင်၏ကံဇာတာ

၂၀၁၀၊ ဩဂုတ်လ ၁၃ ရက်မှ ၁၉ ရက်အထိ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊
သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ - ၁၄ ရက်၊ ၁၆ ရက်တို့ သည် ကံပွင့်လန်းနေပြီး ရောင်းရေးဝယ်တာကိစ္စများ၌ အထူး အောင်မြင်မှုရရှိစေနိုင်သည်။အိမ်ခြံမြေကိစ္စများ အဆင်ပြေနေမည်။ လုပ်ငန်းတို့၌အများတကာထက်ပို၍ဉာဏ်သုံးနိုင်သောကြောင့် ယာယီအသာစီးရ အောင်မြင်မှုများ ရှိနေမည်။ လေလံ၊ တင်ဒါ၊ လိုင်စင်၊ ထီလုပ်ငန်း စသည်နှင့် ပတ်သက်၍ အကျိုးပေး လိမ့်မည်။ မြင့်မားသော ရာထူးများ၌ အစမ်းခန့်အပ်ခြင်း ခံရလိမ့်မည်။
ယတြာ - ဆွမ်းနှင့် ဟင်းကပ်လှူပါ။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ - သူတစ်ပါး အကျိုးဆောင်၍ ကိုယ့် အကျိုးအောင် လိမ့်မည်။ ဂုဏ်ဒြပ်မြင့်မားသော မိတ်ဆွေကောင်းများ တိုးပွားမည်။ မိမိ၏ ရိုးသားမှုကြောင့် နိုင်ငံရေးဂုဏ်သိက္ခာတက်မည်။ သတ္တိဗျတ္တိကြောင့် လုပ်ငန်းအောင်မြင် မည်။လုပ်ငန်းကျွမ်းကျင်မှုကြောင့် ပိုမိုကောင်းမွန်သောအလုပ်များ ကမ်းလှမ်း ခံရမည်။ အိမ်ခြံမြေကိစ္စများနှင့် ပတ်သက်၍ လိုအင် ဆန္ဒပြည့်ဝလိမ့်မည်။ အသိဉာာဏ်အထူး ရှင်သန်ထက်မြက်မည်။
ယတြာ - တနင်္လာထောင့်၌ ရောင်စုံပန်းများ ကပ်လှူပါ။
မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ - မိမိ၏ လုပ်ရည်ကိုင်ရည်အစွမ်း အစကြောင့် လုပ်ငန်းတိုးတက်အောင်မြင်မှု ပိုမိုရ ရှိလာမည်။ လုပ်ငန်းဆိုင်ရာ ရပ်ဝေး အဆက်အသွယ်ကောင်းများ ရရှိမည်။ ညီအစ်ကိုသားချင်းများထံမှ ကောင်းကျိုးများ ရရှိ လိမ့် မည်။ မိဘ၏ ပံ့ပိုး ကူညီမှုများ၊ အမွေအနှစ်များ ရရှိတတ် ချိန်ဖြစ်သည်။ ဝေးကွာနေသော စီးပွားဖက်များနှင့် ပြန်လည် ပေါင်းစည်း လုပ်ငန်းဆောင်ရွက်ရတတ်သည်။
ယတြာ - ရွှေထမင်းကို အုန်းဆီချက်ဆမ်း၍ ကပ်လှူပါ။
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ - ဆောင်ရွက်ဆဲလုပ်ငန်းများ မှ အကျိုးအမြတ်များ ထိုက်တန်စွာရရှိလိမ့်မည်။ လုပ်ပိုင်ခွင့်တိုးမည်။ လုပ်ငန်းခွင်၌ ပြောရေးဆိုခွင့်ပိုမိုရရှိလာမည်။ အရောင်းအ၀ယ်ကိစ္စများ မိမိကြောင့် အဆင်ပြေအလုပ် ဖြစ်နိုင် ၏။ နည်းလမ်း အသွယ်သွယ်နှင့် ၀င်ငွေတိုးနိုင်သလို ထွက်ငွေလည်း များ နေလိမ့် မည်။ ၁၄ ရက်နေ့တွင် ငွေစာရင်းကိစ္စများ၊ ရေ လမ်းကုန်သွယ်မှု၊ သီးနှံအရောင်းအ၀ယ် စာချုပ်ပြုလုပ်ဆောင်ရွက်သင့်၏။
ယတြာ - သစ်သီးခြောက်မျိုး လောင်းလှူပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ - ဂုဏ် သိက္ခာ တိုးမည်။ အကြံ ဉာဏ် ကောင်းများ အကောင်အထည်ပေါ်အောင် ဆောင်ရွက်နိုင်တော့မည်။ ကြိုးပမ်း လုပ်ဆောင်သမျှ အရာရောက်အကျိုးပေးလိမ့်မည်။ ကျန်းမာရေးပိုမိုတိုးတက်ကောင်းမွန်လာ မည်။ အမှုအခင်းဖြစ်ပွားနေသူများ ဥပဒေနှင့်အညီအနိုင်ဒီကရီရမည်။ ဖမ်းဆီးချုပ် နှောင်ခံနေရသူများ အပြစ်ဒဏ်မှလွတ်မြောက် ၍ ဘ၀သစ်ကို စတင်နိုင်တော့မည်။ မိသားစုဘ၀ပိုမိုသာယာချမ်းမြေ့လာမည်။
ယတြာ - ပရိက္ခရာရှစ်ပါး လှူပါ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ - နစ်နာဆုံးရှုံးခဲ့သမျှ ပြန်လည်အဖတ်ဆယ်နိုင်တော့မည်။ စွပ်စွဲပြောဆိုခံရ မှုများကို အောင်မြင်စွာ ချေဖျက် နိုင် လိမ့်မည်။ အကြံဉာာဏ်သစ်များမူ အကောင် အထည် မဖော်နိုင်သေး။ စားသောက်ကုန်၊ ဇိမ်ခံ ပစ္စည်းနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်မှု တို့၌ အကောင်းအဆိုး အရှုံးအမြတ် ရောထွေးအကျိုးပေးနေချိန်ဖြစ်သည်။ ပင်လယ် ရေကြောင်း၊ ပုံနှိပ်လုပ်ငန်း၊ အစုစပ် လုပ်ငန်းများ အကျိုးပေးနေမည်။
ယတြာ - ရောင်စုံလျှပ်စစ်မီးသီးတွဲများ လှူဒါန်းပါ။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃ - ၁၆ ရက်နေ့တွင် ကံအပွင့်လန်း ဆုံးဖြစ်လိမ့်မည်။ လုပ်ငန်းများ တိုး တက်အောင်မြင်အောင် ဆောင်ရွက် နိုင် လိမ့်မည်။ လုပ်ငန်းသစ် တိုးချဲ့သင့်၏။ မိမိ၏ နယ်ပယ်၌ ပိုမိုထင်ရှားကျော်ကြား လာမည်။ ထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်းများပေါ်မှ မျှော်လင့်သလို အမြတ်အစွန်းရရှိလိမ့်မည်။ စီးပွားလာဘ်လာဘ တိုးတက်နိုင်သလို အထက်အရာရှိ အကြီးအကဲများ၏ ဖေးမကူညီ မှုများလည်း ရရှိလိမ့်မည်။
ယတြာ - ဆန်၊ ဆီ၊ ဆေး၊ ဆား ဒါနပြုပါ။
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ - ကံကောင်း သော ရက်များ ဖြစ်သည်။ စန်းပွင့် လာဘ်ပွင့်နေမည့် ကာလဖြစ်သည်။ လုပ်ငန်းကောင်း၍ ၀င်ငွေ လည်း ကောင်းလိမ့်မည်။ အလုပ်မရှိသူ အလုပ်အကိုင် ကောင်းရ လိမ့်မည်။ ၀န်ထမ်း များ အဖို့ ရာထူးလစာ လုပ်ပိုင်ခွင့်တိုးနိုင်သည့် ရက်များဖြစ်သည်။ ကြိုးစားခဲ့သမျှ အရာရောက် လိမ့်မည်။ အများ၏ ဦးစားပေးမှုခံ ရမည်။ ဩဇာတိက္ကမကြီးမားလာမည်။ ကုသိုလ်ရေး အဓိဋ္ဌာန်အောင်မြင်မည်။
ယတြာ - သစ်သီးယိုမျိုးစုံ ကပ်လှူပေးပါ။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂ - တစ်ပတ်လုံး ကံကောင်းနေမည်ဖြစ်သည်။ ရွှေထည်ပစ္စည်းများ၊ သစ် တောထွက်ပစ္စည်းများ၊ ပရဆေး များ အကျိုးပေးနေလိမ့်မည်။ ဖခင်ဖြစ်သူကြောင့် မိသားစုကောင်းကျိုး များ ရရှိခံစားရ မည်။ သူ တော်ကောင်းသူတော်စင်များ နတ်ကောင်းနတ်မြတ်များ၏ ကူညီမစမှုခံရလိမ့် မည်။ အိမ်ခြံမြေကားကိစ္စများ အဆင်ပြေ၍ အကျိုး ဖြစ်ထွန်းနေမည်။
ယတြာ - ထီးလှူပါ။
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ - တစ်ပတ်လုံးကံကောင်းနေမည်ဖြစ်သည်။ဆုံးရှုံးထားသောလုပ်ငန်း များ၊ ရပ်ဆိုင်းထားသော အလုပ် များ ပြန်လည်ဆောင်ရွက်အောင်မြင်နိုင်ချိန်ဖြစ်သည်။ ရပ်ဝေးနေအိမ်ထောင်ဖက်ထံမှအားတက် စရာသတင်းကောင်းများ ကြားသိရလိမ့်မည်။ အစုစပ်လုပ်ငန်းများ အောင်မြင်၍အကျိုးအမြတ်သိသာစွာ ပေါ်ထွက်လာမည်။ နိုင်ငံ ရပ်ခြားခရီး၊ နိုင်ငံခြားကုန်သွယ်မှု အကျိုးပေးမည်။
ယတြာ - မွေးနံထောင့်၌ ကြေးခေါင်းလောင်းတစ်လုံးလှူဒါန်းပါ။
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ - အစုစပ်လုပ်ငန်း များ စတင်ရန် အခြေအနေကောင်းများ ပေးလာလိမ့် မည်။ အိမ်ထောင်ဖက်ကြောင့် လုပ်ငန်း တိုးတက်အောင်မြင်မှုများစွာရရှိလိမ့်မည်။ ၀င်ငွေဆက်လက်တိုးတက်ကောင်းမွန်လိမ့်မည် ဖြစ်သည်။ ငွေကြေးအခက်အခဲများ ရှိပါကလည်း အောင်မြင်စွာ ဖြေရှင်းနိုင်မည်။ တစ်ပတ်လုံး ကံကောင်း နေမည်ဖြစ်သည်။ ပြော သမျှဆိုသမျှ အောင်မြင်မှုရရှိနေမည်။ အများ၏ ယုံကြည် အားထားမှုခံရမည်။
ယတြာ - ဗုဒ္ဓဟူးထောင့်၌ သစ်သီးဖျော်ရည်များ ကပ်လှူပါ။
မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ - ရန်အပေါင်းကို အနိုင်ရအောင် မြင်နိုင်ချိန်ဖြစ်သည်။ အမှုအခင်းကိစ္စများလည်း အဆင်ပြေပြီးစီးသွားမည်။ ယှဉ်ပြိုင်ဆောင် ရွက်သော လုပ်ငန်းကိစ္စ အသီးသီး ၌ အသာစီးရလိမ့်မည်။ သို့ရာတွင် အပေါင်းအသင်း မှားတတ်၍ သတိထားပါ။ မိမိ၏ မထားသင့်သော မာန်မာနများလည်း ဖယ်ရှားပစ်သင့်၏။ မမျှော်လင့်ဘဲ ရာထူးတိုးတက်ရန် အခွင့် ကောင်းများ ပေါ်ပေါက်မည်။ျ နာမည်ဂုဏ်သတင်း ထင်ရှားကျော်ကြားလာမည်။
ယတြာ - မွေးနံထောင့်၌ ရွှေဖယောင်းတိုင်များ ပူဇော်ပါ။