
ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး
ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ကိုယ်နဲ့ ကိုက်မယ့်အလုပ်
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၇)
ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်မယ့်အလုပ်ကို ရွေးချယ်ရတာကဘ၀မှာအလှည့် အပြောင်းကြီးတစ်ခုကို ရင်ဆိုင်ရသလို ကြီးကျယ်လှပါတယ်။ ဆန္ဒနဲ့ ဘ၀ထပ်တူကျပြီး ပျော်ရွှင်နေသူတွေကလက်ချိုးရေလို့ရပါတယ်။ အလုပ်ရွေးတာမှားလေခြင်းလို့ နောင်တတွေရနေကြသူတွေ ကလည်း တစ်ပုံတစ်ပင်ပါ။ဒါလေးတွေ ဖတ်ကြည့်ပါဦး။
၁။ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မေးကြည့်ရမယ့် မေးခွန်းတွေက ကိုယ် ကဘယ်လိုအလုပ်မျိုး လုပ်ချင်တာလဲ။ကိုယ့်ဝါသနာနဲ့ ကိုက်ညီ ရဲ့လား။လစာ ကောင်းတဲ့အလုပ်ကို လိုချင်တာလား။ လစာကောင်းတိုင်းရော အလုပ်မှာ အဆင်ပြေမယ်လို့ထင်လား။ ဒီအလုပ် ကို ရေ ရှည်လုပ်နိုင်ပါ့မလား။
၂။ ဒုတိယအဆင့်အတွက် ကတော့ အဲဒီမေးခွန်းတွေ အတွက် မိမိကိုယ်တိုင် အဖြေရှာတာပါပဲ။ ကိုယ့်ရဲ့ မျှော်မှန်း ချက်၊ ထင်မြင်ချက် တွေနဲ့ ဒီမေးခွန်း တွေကိုဖြေကြည့်ပါ။
၃။ ကိုယ့်အတွက် သေချာပြီထင်တဲ့ ကိုယ် ဘာလုပ်ချင်တယ်ဆိုတာ သိရပြီ ဆိုရင် အဲဒီ အလုပ်မှာ လက်ရှိလုပ်ကိုင် နေကြတဲ့လူတွေနဲ့ တိုင်ပင်ပါ။ သူတို့ရဲ့ အတွေ့အကြုံတွေ၊ လက်တွေ့လုပ် ဆောင်နေရတာတွေက ကိုယ်မှန်းထား တာနဲ့ကိုက်မကိုက် ဆန်းစစ်ပါ။
၎။ နောက်ဆုံးအဆင့်မှာတော့ ကိုယ် ရှာနေတဲ့အလုပ်ကို ဘယ်မှာတွေ့နိုင် မလဲဆိုတာလေ့လာပါ။ ကြော်ငြာတွေ ထဲမှာ၊ အွန်လိုင်းပေါ် မှာရှာကြည့်ပါ။လုပ်ငန်းခွင်ဝင်နေတဲ့ သူငယ်ချင်းမိတ် ဆွေတွေကိုလည်း မေးမြန်းကြည့်လို့ရပါတယ်။