Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဟောင်းပေမယ့် ကောင်းနေဆဲ.. ပရိသတ်တွေ နှစ်သက်နေဆဲ .. အင်္ဂလိပ်ခေတ်ဟောင်း သီချင်းတွေ ...

"အဲဒီအချိန်တုန်းက ငယ်လည်းငယ်၊ ရင်ကလည်းရှင်းခေါင်းကလည်းရှင်းဆိုတော့ အဲဒီလိုသွက်လက်မြူးကြွတဲ့ သီချင်းတွေကို စွဲလမ်းသွားတာ အခုထိ မမေ့နိုင်ဘူး။ နားထောင်လို့လည်း မရိုးနိုင်သေးဘူး။ သူတို့ရဲ့သံစဉ် လေးတွေက နားစွဲလွယ်တယ်။ စာသား အရမ်း အားကောင်းတော့မှတ်မိလွယ်တယ်"

News 

ကမ္ဘာ့ဖလား လှိုင်းအလျားများ

ဘောပွဲတိုက်ရိုက်မလွှင့်ခင် ရတဲ့အချိန် လေးမှာ Dream Boat က လူလေးယောက်ဝင်ထားတဲ့ ရေဘ၀ဲ တစ်ကောင် (ဟဲဗီးကြီး) စင် ပေါ်ခေါ်တင်ပြီး စပိန် နဲ့ နယ်သာလန် လွန်ဆွဲခိုင်းပြန်တယ်။ ဗဟုသုတအိုး ကျွန်တော် လည်း ရေဘ၀ဲ လေး ပေါလ်အကြောင်း အဲဒီ တော့မှ ကြားဖူးပါတော့တယ်။ World Cup က ကျွန်တော့ကို ပထမဆုံးဝင်ဆောင့်လိုက်တဲ့ လှိုင်း ဟာ ဒီရေဘ၀ဲပါပဲ။

News 

နာမည်ကြီးတွေ ပို့ချမယ့် ရုပ်ရှင်အစည်းအရုံးရဲ့ ၁/၂၀၁၀ သရုပ်ဆောင်သင်တန်း

ဒီသင်တန်းမှာ သင်ကြားပို့ချမယ့်သူတွေက နေအောင်၊ ဇော်ဦး၊ ဇင်ဝိုင်း၊ ရန်အောင်၊ ရဲအောင်၊ လွင်မိုး၊ လူမင်း၊ မင်းမော်ကွန်းနဲ့ တခြား ၀ါရင့်အမျိုးသားသရုပ်ဆောင်တွေ၊ ခင်သန်းနု၊ ၀ါဝါ၀င်းရွှေ၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ ထွန်းအိန္ဒြာဗိုလ်၊ နန္ဒာလှိုင်၊ အိန္ဒြာကျော်ဇင်၊ခိုင် သင်းကြည်နဲ့ တခြားဝါရင့်အမျိုး သမီးသရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးဆရာများ၊ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးမှ ၂၀ ဦးအပါ အ၀င် ရုပ်ရှင်နယ်ပယ်မှ အတွေ့အကြုံ ရှိသူ ၄၀ က သင်ကြားပို့ချသွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

News 

တယောမတီးနိုင်လို့ စိတ်ဓာတ်ကျခဲ့ဖူးတဲ့ ချမ်းဟိန်းကြွယ်

ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တာကတော့ မြန်မာသံစဉ်ပဲပေါ့။ ဆို၊က၊ရေး၊ တီးမှာလည်း တယောနဲ့ပတ်သက်ပြီး ဆုတွေရနေတော့ ကျွန်တော် အထက် တန်းအရွယ်လောက်မှာ စားသောက်ဆိုင်တစ်ခုကနေ သူတို့ရဲ့မြန်မာပိုင်း ဖျော်ဖြေမှု အစီအစဉ်မှာ ၀င်တီးပေးဖို့ ခေါ်တယ်။ အဲဒီမှာ လေးဇီးကလပ်ကကိုနိုင်ဇော်ကလည်း ကျောင်းတက် ရင်းနဲ့ ကီးဘုတ်ဝင်တီးတယ်။အဲဒီကနေသူတို့တီးတာတွေကို တွေ့ပြီး ကျွန်တော်လည်း ခေတ်ပေါ်သီချင်းတွေကို တီးဖို့ စစဉ်းစားဖြစ်ခဲ့တာပါ။

News 

'ဒီဇိုင်နာရဲ့ဒီဇိုင်း' ပရိုဂရမ်သစ် လာပြီ

"အခု တီဗီပရိုဂရမ်တွေမှာ သီချင်းတွေကလည်း တအားများတယ်။ဟာသဆိုရင်လည်း လူရွှင်တော်ရွှေဖလားလုပ်တုန်းက ဟာသ အစီအစဉ်တွေ သိပ်မရှိပေမယ့်နောက်ပိုင်းများလာတယ်။ ပရိသတ်အတွက် အပြောင်းအလဲလေးဖြစ်ပြီးတော့ ကြည့်ချင်စရာ ဖြစ်မယ့်၊ ကြည့်တဲ့သူတွေအတွက်လည်း ဒီဇိုင်းပုံစံတွေကိုအတုယူလို့ရမယ့်၊ အသုံးဝင်မယ့်ဟာမျိုးကို လုပ်ချင်တာနဲ့ ဒီပရိုဂရမ်ကို စဉ်းစားဖြစ် သွားတာပါ"

News 

ဂီတာကိုဖွဲ့ဆိုထားတဲ့ သီချင်းတွေနဲ့ ရှစ်နှစ်ပြည့် စီးတီးအက်ဖ်အမ်ခွေ

"ကျွန်တော့ရဲ့ ဒီနှစ်အတွက် ပထမ ဆုံးစိတ်ကူးကတော့ ဒီပွဲကို မြန်မာပြည်က ဂီတာသမားတွေ (နိုင်ငံခြားရောက် မြန်မာဂီတာသမား တွေအပါအ၀င်) ဖိတ်ခေါ်ပြီး ဂီတာ ဦးစားပေးသီချင်းတွေ ချည်းပဲ လုပ်မယ်လို့ စဉ်းစားထားတာ။ ဒါပေမယ့် ပွဲနီးတဲ့ အခါ အများစုက အကြောင်းကြောင်းကြောင့် မပါဝင်ဖြစ် တဲ့အခါကျတော့ သူတို့နဲ့ တည်ထားတဲ့ တချို့သီချင်းတွေကို ပြောင်းပြီး ဂီတာကို ဖွဲ့ဆိုထားတဲ့ သီချင်းတွေကို ဦးစားပေး လုပ်ဖြစ်သွားတာပါ"

News 

အစ္စရေးလူငယ်ရဲ့ တစ်ကိုယ်တော် စန္ဒရားလက်စွမ်းပြပွဲ

ရုရှားနိုင်ငံဖွား ဖြစ်တဲ့ အစ္စရေးလူငယ် စန္ဒရားဆရာ ဗစ်တာဂိုးဘာ့ဂ်ရဲ့ တစ် ကိုယ်တော် စန္ဒရားလက်စွမ်းပြဖျော်ဖြေ ပွဲကို ရန်ကုန်အင်း လျားလိတ်ဟိုတယ်နဲ့ မန္တလေးက မန္တလေးဟေးလ်ရီ ဆော့တ် ဟိုတယ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဂိုးဘာ့ဂ်ဟာ မက်ဆာ ချုးဆက်ပြည်နယ်မှာရှိတဲ့ Longy မြူးဇစ်ကျောင်းကနေချီးမြှင့်တဲ့နိုင်ငံတကာအဆင့်မီဆုတွေအပြင် နိုင်ငံတကာ ကချီးမြှင့်တဲ့ဆုတော် တော် များများရရှိထားသူဖြစ်ပြီး ဂန္ထ၀င်ဂီတကို သူ့ရဲ့အပြောင်မြောက်ဆုံးလက်သံနဲ့ အစ္စရေး၊ဥရောပနဲ့အမေရိက တစ်ဝန်းမှာ ဖျော်ဖြေ ခဲ့ပါတယ်။

News 

ထွန်းစန်းရဲ့ 'မပံရင် ခါး'

စာအုပ်ခေါင်းစဉ် ပေးထားတဲ့ 'မပံရင် ခါး' အကြောင်းကိုတော့ အခန်း(၂)မှာ ဖတ်ရှုရမှာ ဖြစ်ပြီး စာအုပ်ထဲက တချို့ အကြောင်း အရာ တွေဟာ လွန်ခဲ့တဲ့ ငါး နှစ်တာကာလက ရေးသားခဲ့တာဖြစ်တဲ့ အတွက် အချိန်ကာလလွဲချော်မှု၊ ပါဝင် တဲ့ သီချင်းစာသားတွေမှာလည်း အဲဒီ ခေတ်အခါက ထင်ရှားတဲ့သီချင်းတွေ ဖြစ်တယ်လို့ စာရေးသူဖြစ်တဲ့ ထွန်းစန်း က ဆိုပါတယ်။

News 

ဒရမ်မာ ဖိုးသက်ရဲ့ ဒရမ်ချစ်သူတွေ အတွက် လက်ဆောင်

ဒရမ်တီးခတ်နည်းကို စိတ်ဝင်စားတဲ့ လူငယ်တွေ လေ့လာနိုင်ဖို့အခွင့်အရေး ကို ဒရမ်မာဖိုးသက်က ယူဆောင်လာပါပြီ။ မြေပဲယို၊ ရုံးပတီသီးလေးများ၊ လေး ဇီးကလပ်စတဲ့ တေးဂီတအဖွဲ့စုံမှာ ဒရမ်မာအဖြစ် တီးခတ်ခဲ့တဲ့ ဖိုးသက်က သူ့ရဲ့ ၁၈ နှစ်နီးပါး ဒရမ်တီး ခတ်ခဲ့တဲ့ ဒရမ်အတွေ့အကြုံတွေကိုစာအုပ်အဖြစ်ရေးသားပြီး စာပေလောကစာအုပ်တိုက်ကနေဇူလိုင်လ ၂၉ ရက်မှာစတင် ဖြန့်ချိ လိုက်ပါတယ်။

News 

ကလေးငယ်တွေကိုခေါ်ဆောင်လာရင်စာအုပ်အခမဲ့ရမယ့် စာအုပ်ပွဲတော်

စိတ်ကူးချိုချိုစာအုပ်တိုက်က ကျင်းပမယ့် စာအုပ်တိုက် ၁၁ နှစ်ပြည့်အထိမ်းအမှတ် စာအုပ်ဈေးလျှော့ရောင်းပွဲမှာ ကလေးငယ်တွေကို ခေါ်ဆောင်လာရင် စာအုပ် ၀ယ်ဝယ် မ၀ယ်ဝယ် စာအုပ်အခမဲ့လက်ဆောင် ပေးမယ်လို့ကြေညာထားတဲ့အတွက် ကလေးငယ်တွေကို လက်ဆွဲလို့ စာအုပ်ပွဲတော်ဆီအရောက်သွားလိုက်ကြပါဦးလို့။

News 

ဟောလိဝုဒ်စတား အက်ရှင်မမတွေ

မကြာခင် ရုံတင်တော့မယ့် Salt ဆိုတဲ့ အက်ရှင်ဇာတ်ကြမ်း ကားမှာ ဂျိုလီဟာရုရှားသူလျှိုအဖြစ် အစွပ်စွဲခံရတဲ့ စီအိုင်အေကအရာရှိ တစ်ဦး အဖြစ် အကြမ်းစား သရုပ်ဆောင် ထား လေရဲ့။ တကယ်တော့ ဒီဇာတ်လမ်းကို တွမ်ခရုစ် အတွက် ရည်ရွယ်ပြီး ရေးခဲ့တာဖြစ်ပေမယ့် ဂျိုလီက ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့ တယ်။

News 

အဲအေးရှား ရန်ကုန် နှင့် ကွာလာလမ်ပူ ခရီးစဉ်စတင်ပြေးဆွဲ

ယခင်က ရန်ကုန် - ကွာလာလမ်ပူ လေကြောင်းခရီးစဉ်ကို မလေးရှား လေကြောင်းလိုင်း နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အမ်အေအိုင်)နှစ်ခုတို့မှ အပတ်စဉ်ခရီးစဉ်များဖြင့် ပြေးဆွဲနေရာမှ ယခုအခါ စုစုပေါင်းလေကြောင်းလိုင်း သုံးလိုင်းရှိလာပြီ ဖြစ်သည်။
ထို့ပြင် ထိုင်းနိုင်ငံအခြေစိုက် အဲအေး ရှားလေကြောင်းလိုင်းမှလည်း ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို နေ့စဉ် ပျံသန်း ပြေးဆွဲနေသည်။

News 

အမ်အေအိုင်က ရန်ကုန်နှင့် ကွမ်ကျိုး တိုက်ရိုက်ခရီးစဉ်ကို စတင်ပြေးဆွဲမည်

"အောက်တိုဘာလမှာ စတင်ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုထိ တစ်ပတ်ဘယ်နှရက် ပြေးဆွဲမလဲဆို တာကိုတော့ အတိအကျပြောလို့မရသေးပါဘူး"ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။ အမ်အေအိုင်၏ အဆိုပါ ရန်ကုန်-ကွမ်ကျိုးတိုက်ရိုက်ခရီးစဉ်ကို အဲဘတ်စ် အေ-၃၂၀ လေယာဉ်အသစ်တစ်စင်းဖြင့် တိုးချဲ့ပြေးဆွဲ မည်ဖြစ်သည်။

News 

သဲသောင်ပြင်တွင် ဆိုင်ကယ် မောင်းက ဒဏ်ကြေးကောက်မည်

"ဒီဆိုင်ကယ်သံတွေကြောင့် အပန်းဖြေလာတဲ့ ဧည့်သည်တွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။အထူးသဖြင့်နိုင်ငံခြားသားဧည့် သည်တွေက ခဏခဏတိုင်ကြပါတယ်။ ဆိုင်ကယ် နှောင့်ယှက်မှုကြောင့် တချို့ဧည့်သည်တွေဆို ငွေဆောင်ကိုလာလည်ဖို့ အတော် စဉ်းစားရမယ်လို့ ပြောကြပါတယ်။ ဒါ့ကြောင့် လာမယ့် ဩဂုတ်လကစပြီး ကျွန်တော်တို့ အတိအလင်း ကြေညာသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သုံးလလောက်စောင့်ကြည့်ဦးမှာပါ။ သုံးလကျော်ပြီး နိုဝင်ဘာလကစပြီး ကမ်းခြေသဲသောင်ပြင်မှာ ဆိုင်ကယ်မောင်းနှင် တာ တွေ့တာနဲ့ ဒဏ်ကြေး စတင်ကောက်ခံမှာဖြစ်ပါတယ်"

News 

ကိုယ်နဲ့ ကိုက်မယ့်အလုပ်

ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်မယ့်အလုပ်ကို ရွေးချယ်ရတာကဘ၀မှာအလှည့် အပြောင်းကြီးတစ်ခုကို ရင်ဆိုင်ရသလို ကြီးကျယ်လှပါတယ်။ ဆန္ဒနဲ့ ဘ၀ထပ်တူကျပြီး ပျော်ရွှင်နေသူတွေကလက်ချိုးရေလို့ရပါတယ်။ အလုပ်ရွေးတာမှားလေခြင်းလို့ နောင်တတွေရနေကြသူတွေ ကလည်း တစ်ပုံတစ်ပင်ပါ။ဒါလေးတွေ ဖတ်ကြည့်ပါဦး။News

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယသို့သွားရောက်

အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးအလည်အပတ် ရောက်ရှိနေသည့် ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ဇူလိုင်လ ၂၇ ရက်နေ့က နယူးဒေလီမြို့ရှိ ကွယ်လွန်သူ အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ၏ ဂူဗိမာန်၌ လွမ်းသူ့ ပန်းခွေချ ဂါရ၀ပြုနေစဉ်။

News

Local News

ဧရာဝတီဒေသအတွက် ရေပေါ်ဆေးခန်းဝန်ဆောင်မှု စတင်

"ဒီလိုလုပ်ဖို့ နာဂစ်ဖြစ်ပြီးကတည်းက စိတ်ထဲမှာ နှစ်ထားခဲ့တာ။ ပိုက်ဆံ မရှိလို့ မသေသင့်ဘဲ သေသွားတဲ့လူနာတွေ၊ တကယ်ဒုက္ခ ရောက်နေ သူတွေကို အိမ်တိုင်ရာရောက် ကုသပေးချင်လို့ ဒီအဖွဲ့အစည်းထဲမှာ ပါဝင်ဖြစ်ခဲ့တာပါ" ဟု ဒေါက်တာပီကျော်လှ က ပြောသည်။ "ကုန်းလမ်းမပေါက်တဲ့ ဒေသတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ၊ အချိန်မီခွဲစိတ်မှုမလုပ်ခဲ့ရလို့ ခြေ၊လက် ဖြတ်ခဲ့ရသူ တွေနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေကို အဓိကကုသမယ်"

News

» သတင်းအပြည့်အစုံသို့..

ပြည်တွင်းပုံနှိပ်လုပ်ငန်း ၇၅ ရာခိုင်နှုန်းကျော် ပြည်ပမှ တင်သွင်းသည့်စက္ကူများအပေါ် မှီခိုနေရ

"ပြည်တွင်းမှာ စက္ကူထုတ်လုပ်တဲ့ စက်ရုံက ခြောက်ရုံ လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီပုဂ္ဂလိကစက်ရုံ တွေက သုံးပြီးသားစက္ကူတွေကို ပြန်လည်ကြိတ်ခွဲ သန့်စင်ပြီး ပြုလုပ်တဲ့စက္ကူမျိုးတွေပဲ ဖြစ်တဲ့အတွက် ဈေးကွက်လိုအပ်ချက်အတွက် လိုအပ်တဲ့စက္ကူအများဆုံး ကို ပြည်ပကနေ နှစ်စဉ်တင်သွင်းနေရပါတယ်"

News

Local News

ဇုန်ထုတ်ကားများ အရောင်းအ၀ယ်အေး

လိုက်ထရပ် (တောင်းအေ့စ်ပစ်ကပ်) တစ်စီး၏ တန်ဖိုးမှာ ယခုနှစ်အတွင်း မော်ဒယ်လ်အလိုက် ကျပ်သိန်း ၁၂၀ မှ ၂၀၀ ကြားတွင်ရှိကြောင်း၊ ကျပ်သိန်း ၁၄၀ မှ ၁၇၀ အတွင်းရှိ ကားများမှာ အများဆုံး အရောင်း အ၀ယ်ဖြစ်နေကြောင်း၊ ပြည်ပမှ တင်သွင်းလာသော ပစ်ကပ်ကားများမှာမူ ကျပ်သိန်း ၂၀၀ မှ ၄၀၀ ခန့်အတွင်း ရှိကြောင်း ၎င်းက ပြောသည်။

News

» သတင်းအပြည့်အစုံသို့..

၁၃၇၂ ခုနှစ် ဒုတိယ၀ါဆိုလပြည့်၊ ဇူလိုင်လ ၂၆ ရက်နေ့ က တောင်သမန်အင်းရှိ တောင်မင်းကြီးမြတ်စွာဘုရားသို့ လာရောက်ဖူးမျှော်ကြသူများနှင့် ဦးပိန် တံတားသို့ လာ ရောက်လည်ပတ်ကြသူများကို တွေ့ရစဉ်။ မြန်မာလူမျိုး တို့၏ ဗုဒ္ဓဘာသာဓလေ့အတိုင်း ၀ါဆိုသင်္ကန်းကပ်လှူ ခြင်းနှင့်အတူ မန္တလေးတောင်၊ ကျောက်တော်ကြီးဘုရား၊ မဟာမုနိရုပ်ရှင်တော်သို့ ဘုရားဖူးလာရောက်သူများဖြင့် ထိုနေ့ကစည်ကားခဲ့ပြီး ကန်ရေအပြည့်ဖြင့် လှပနေသည့် ကမ္ဘာကျော်ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူ များနှင့် များပြားစည်ကားခဲ့သည်ကိုတွေ့ရသည်။ သတင်းနှင့်ဓာတ်ပုံ - စည်သူနိုင်

Local News

မန္တလေးစက်မှုဇုန်တွင် ဘက်စုံသုံးယာဉ်၊ ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်ကြီးများ တပ်ဆင် ထုတ်လုပ် ခွင့်ရရှိပြီဖြစ်

မန္တလေးစက်မှုဇုန်သည် ၂၀၀၃ ခုနှစ် Light Truck ကား၊ ဂျစ်ကားနှင့်ဘတ်စ်ကားသုံးမျိုး ထုတ်လုပ် ခွင့်ရခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်မှစပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနက မော်တော်ယာဉ်များ ထုတ်လုပ်ရန် လိုအပ်သည့် အင်ဂျင်နှင့် ပစ္စည်းများ တင်သွင်းခွင့်နှင့် တပ်ဆင်ထုတ်လုပ်ရောင်းချခွင့် ပြုထားပြီ ဖြစ်ကြောင်း သိရသည်။

News

» သတင်းအပြည့်အစုံသို့..

တိုးဒီဖရန့်ချန်ပီယံ ကွန်တာဒါကို စပိန်ဝန်ကြီးချုပ် ချီးကျူး

"ကျွန်တော်တို့ရဲ့ အလံအရောင်ကို ဂုဏ်အသရေတင့် နေအောင် အမြဲ ကာကွယ်ထိန်းသိမ်းပေးတဲ့ အတွက် လည်း ကျေးဇူးတင်ပါတယ်၊ အား ကစားမှာဘယ်လို ပြုမှုနေထိုင်ရတယ်။ဘယ်လို ယှဉ်ပြိုင်ရတယ်ဆိုတာ ကိုခင်ဗျားက စံနမူနာ ပြလိုက်တာပါပဲ" ဟုလည်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ ကွန်တာဒါသည် တိုးဒီဖရန့်ပြိုင်ပွဲတွင် ၂၀၀၇ နှင့် ၂၀၀၉ ခုနှစ်တို့ကလည်း ဗိုလ်စွဲခဲ့ရာယခုတတိယအကြိမ်မြောက် ချန်ပီယံဆုရ ခြင်းဖြစ်သည်။

News

Local News

နိုင်ငံပြောင်းကစားရန် ဂျီယောင် စိတ်ကူး

"ကျွန်တော်က သွေးသွတ်ဝက်အူချောင်းကို စားကြည့်ပါတယ်။ ပျဉ်းတွဲတွဲနဲ့။ ကျွန်တော်က ငါးတို့၊ အာလူးချောင်းကြော်တို့သာကြိုက်တာ။ တစ်မြန်နေ့က မနက်စောစာမှာ ဟက်ဂစ်ဆိုတဲ့ သိုးကလီစာဟင်းပါတယ်။ ကျွန်တော့ နည်းပြက သွားမစားနဲ့လို့ ပြောတာနဲ့ စားမကြည့်တော့ပါဘူး"

News

» သတင်းအပြည့်အစုံသို့..

'ကန်' ထောက်လှမ်းရေးအဖွဲ့များကို ၀ါရှင်တန်ပို့စ် ဝေဖန်

"အလွန်ကိုးရိုးကားရားနိုင်သော၊အလွန်သိုဝှက်သော၊ ငွေကြေးမည်မျှ ကုန်ကျနေပြီကိုမသိရသော၊ ၀န်ထမ်း မည်မျှခန့် ထားသည်ကိုမသိရသော၊ အစီအစဉ် မည်မျှ များများ ရှိသည်ကိုမသိရသောအလုပ်တစ်ခုတည်းကို အဖွဲ့အစည်းဘယ်လောက် များများလုပ်ဆောင်နေ သည်ကို မသိရ"News


ဇူလိုင်လ ၂၀ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တွင် ပြုလုပ်သွားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ (၄၃) ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးပွဲ၌ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်(လယ်)က သတင်း စာဆရာများနှင့်တွေ့ဆုံဖြေကြားနေစဉ်။အာရှ-ပစိဖိတ် နိုင်ငံခြားရေးဝန်ကြီးများက ၎င်းအစည်းအဝေးတွင် ကိုရီးယားကျွန်းဆွယ်၌ မြင့်တက်နေသည့်တင်းမာမှုများ ကိုဖြေရှင်းရန် နည်းလမ်းများ ဆွေးနွေးခဲ့ကြသည်။