Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ငါးထောပတ် သံပရာ

ငြိမ်းအိအိထွေး
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၇)
News Pic

ဒီတစ်ပတ်ကိုတော့ လူကြိုက်များတဲ့ ဥရောပ အစားအစာတစ်မျိုးဖြစ်တဲ့ ငါးထောပတ်သံပရာ စားကြရအောင်။

ပါဝင်ပစ္စည်းများ
ငါးမြင်းသား၊ ထောပတ်၊ ဆား၊ ငရုတ်နှစ်၊ သံပရာ၊ ပြောင်းဖူး၊ သခွားသီး
ခရမ်းချဉ်သီး ၊ ဆလတ်ရွက်၊အာလူးအနည်းငယ်။

သန့်စင် ထားတဲ့ ငါးမြင်းသားလွှာကို ထောပတ်နဲ့ အသားကျက်တဲ့ အထိ အပူ ပေးပါ။
ချက်ထားတဲ့ငရုတ်နှစ်ကို ကျက်နေပြီ ဖြစ်တဲ့ အသားလွှာပေါ်ကို လောင်း ပါ။
ပြီးရင်တော့ ထောပတ်နဲ့ သံပရာ ရည်ရွှဲရွှဲလေးကိုလည်း အပေါ်က ထပ် လောင်းလိုက်ပါ။

သူနဲ့တွဲစားဖို့ ပြောင်းဖူးနဲ့အာလူးကို နူးနေအောင်ပြုတ်ထားပြီး သခွားသီး၊ ခရမ်းချဉ်သီးနဲ့ ဆလတ်ရွက်တွေကို တော့ အနေတော်လှီး ထားပါ။

နူးနေတဲ့ ပြောင်းဖူးနဲ့ အာလူးကို တော့ စိတ်ကြိုက်ချွေ၊လှီးပြီး ထောပတ် နည်းနည်းနဲ့ ကြော်ပါ။

သူတို့အားလုံးကိုတွဲဖက်စားကြည့်မယ်ဆိုရင်တော့ ဥရောပသားတွေဘာကြောင့်ဒီဟင်းကိုအသည်းစွဲနှစ်သက်ကြသလဲဆိုတာသိရပါ လိမ့်မယ်။

ဒီဟင်းလျာအတွက် ကမ္ဘာအေး ဘုရားလမ်းနဲ့ သစ္စာလမ်းထောင့်မှာ ရှိတဲ့ 1two4 စားသောက်ဆိုင်က ပံ့ပိုး ပေးထားပါတယ်။