Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တစ်ပတ်စာ သင်၏ကံဇာတာ

၂၀၁၀၊ ဇူလိုင်လ ၃၀ ရက်မှ ဩဂုတ် ၅ ရက်အထိ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊
သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ - အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး ကိစ္စများ ကို ၃၀ ရက် နှင့် ၃ ရက်နေ့ များတွင် ပြီးစီး အောင် ဆောင်ရွက်ပါက လိုအင်ဆန္ဒ ပြည့်ဝလိမ့်မည်။ အကျိုးအမြတ်ကောင်းစွာရမည်။ ယှဉ်ပြိုင်ဆောင်ရွက်သော သီးနှံကုန်သွယ် မှု၊ ရေလမ်းကုန်သွယ်မှုတို့၌ အောင်မြင်မှုများတိုးပွားလိမ့်မည်။ မိတ်ကောင်းဆွေကောင်း များကြောင့် စီးပွားရေးလုပ်ငန်းချဲ့ထွင်နိုင် မည်။ အမှုအခင်းများ၌ တရားမျှတစွာ အနိုင် ရရှိနိုင်သည်။ စည်းစိမ်ချမ်းသာတိုးမည်။
ယတြာ - မျက်နှာသစ်ဆပ်ပြာများ လှူဒါန်းပါ။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ - ကိုယ်စွမ်းကိုယ်စနှင့် သတ္တိ ဗျတ္တိကြောင့် လုပ်ငန်းအဆက်အသွယ်ကောင်းများ ပိုမို ရရှိလာမည်။ တာဝန်ယူဆောင်ရွက် သော လုပ်ငန်းကိစ္စများလည်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည်။ မိသားစုဘ၀ သာယာ ၍ ဥစ္စာ စီးပွားတိုးမည်။ အလုပ်နှင့်လက်မပြတ်ရအောင် လုပ်ငန်းတာဝန်များ ပိနေမည်။ နိုင်ငံရပ်ခြား ကိစ္စများ အဆင်ပြေမည်။ နိုင်ငံရပ်ခြား ပညာတော်သင်ဆုအတွက် ကြိုးစား အားထုတ်မှု အရာရောက်မည်။
ယတြာ - တနင်္လာထောင့်၌ နွားနို့ကပ်လှူပူဇော်ပါ။
မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ - ဆောက်လုပ်ရေး၊ မြေယာနှင့်စိုက်ပျိုးရေးလုပ်ငန်းတို့မှ ကောင်းကျိုးများ တိုးတက် ရရှိမည်။ အိမ်ရာဆောက်လုပ်ရာ၌ ကောင်းမွန်လျင်မြန်စွာ အကျိုးပေး လိမ့်မည်။ ရောင်းဝယ်ငှား ကိစ္စများလည်း လျင်လျင်မြန် မြန် ဆောင်ရွက်ပြီးစီးလိမ့်မည်။ တစ်ပတ်လုံးကံကောင်းနေမည်။ လုပ်ငန်းကန်ထရိုက် စာချုပ်များ အသစ်ချုပ် ဆိုရလိမ့်မည်။ မိဘဆရာ သမားတို့ကြောင့် လက်ရှိအလုပ်များ ပိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်။
ယတြာ - ရွှေသင်္ကန်းကပ်လှူပါ။
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ - စည်းစိမ်ချမ်းသာတိုးမည်။မိသားစုဘ၀ချမ်းမြေ့သာယာလိမ့်မည်။ စားသောက် ဖွယ်ရာကောင်းများနှင့် လက်ဆောင်ပစ္စည်းများရရှိနိုင်သည်။ ညီအစ်ကိုသားချင်းများထံမှ ကူညီပံ့ပိုးမှုများရမည်။လုံ့လ၀ီရိယရှိ လေ လေ လုပ်ငန်းအကျိုးအမြတ်ရလေလေရက်များဖြစ်သည်။ ယာယီပေါ်ပင်အလုပ်များ အကျိုးပေးနေမည်။ ၁ ရက်နှင့် ၃ ရက်နေ့များ တွင် လုပ်ငန်းသစ်၊ အကြံဉာာဏ်သစ်များ စတင်ဆောင်ရွက်သင့်၏။
ယတြာ - ရွှေပန်းအိုးနှင့် ပန်းကိုးမျိုးလှူပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ - ၃၀ ရက်နှင့် ၃ရက်နေ့များတွင်အိမ်ထောင်ဖက်နှင့်စိတ်သဘောကွဲလွဲတတ်သည်။ သို့သော် ပြေလည်မှုရ၍ ကြုံတွေ့ နေရသော ပူပန်သောကများ လျော့ကျ သွားမည်။ ကုသိုလ်ရေး ဦးစားပေးလုပ်ဆောင်နေရမည်။ ဂုဏ်သိက္ခာတိုးမည်။ကောင်းသတင်းဖြင့်နာမည်ပိုမိုထင်ရှားလာမည်။ကျန်းမာရေးအထူးဂရုစိုက်သင့်၏။ အမှုအခင်းများ၌ ပြေလည် အောင် ဆောင်ရွက်နိုင်မည်။ ဆရာ ကောင်းသမားကောင်းတွေ့မည်။
ယတြာ - တနင်္ဂနွေထောင့်၌ အုန်းဆွမ်းကပ်လှူပါ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ - စီမံခန့်ခွဲအုပ်ချုပ်မှု လုပ်ငန်းများ ပိုမိုအောင်မြင်မှုရနေမည်။ ပြဿနာနှင့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်မည်။ ပေါက်ဈေးထက် အမြတ်ပေး ၀ယ်ယူထားသော ကုန်ပစ္စည်းများ အကျိုးပေး တော့မည်။ လူမှုရေးအသင်းအဖွဲ့တို့၌ အရေးပါသော တာဝန်ယူမှုများ ပြုလုပ် ရတော့မည်။ အိမ်ထောင်ဖက်၏ လုပ်ငန်းများလည်း ထိရောက်အောင်မြင်နေမည်။ လက်ဝတ်ရတနာများ အကျိုးပေးလိမ့်မည်။
ယတြာ - ဖျော်ရည်ပုလင်းများ လှူဒါန်းပါ။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃ - လုပ်ငန်းကိစ္စ များ ပြီးစီးဆောင်ရွက်အောင်မြင်မည်။ အလုပ်အကိုင် ကောင်းများကမ်းလှမ်းခံရမည်။ အစုစပ်လုပ်ငန်းများလည်းအခြေအနေကောင်းလိမ့်မည်။အခက်အခဲပြဿနာများကို ဖြေရှင်းကျော် လွှားနိုင်မည်။လုပ်ငန်းခွင်၌ပိုမိုအရေးပါအရာရောက်လာမည်။ သားသမီး တို့၏ ကျန်းမာရေးဂရုစိုက်ပါ။ သူတစ်ပါးအတွက် ကြားဝင် အာမခံခြင်းမပြုသင့်၊ အိမ်ထောင်ရေး သာယာမည်။
ယတြာ - ဆန်၊ ဆီ၊ ဆေး၊ ဆား လှူဒါန်းပါ။
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ - အပြိုင်အဆိုင် ကြိုးစား အားထုတ်မှုများကြောင့် လုပ်ငန်း ၀င်ငွေ ကောင်းလိမ့်မည်။ တခြားသူတို့၏ ဈေးကွက် နှင့် ၀ယ်လက်များ မိမိထံသို့ ကူးပြောင်းလာလိမ့်မည်။ လိုအင်ဆန္ဒများလည်း ပြည့်ဝ
နေမည်။ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းနေမည်။ လုပ်ငန်းဆောင်ရွက်ရာ၌ တွန့်ဆုတ်နေမှု ကြောင့် ထိခိုက် နစ်နာမှု ကြုံရတတ်ပေ သည်။ အသိဉာာဏ်များစွာ ရှင်သန်ထက်မြက်လာ မည်။ ပညာရေးအထူးတိုးတက်မည်။
ယတြာ - ရာဟုထောင့်၌ ဖရုံယိုနှင့် ဆွမ်းကပ်လှူပါ။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂ - ဇိမ်ခံပစ္စည်းရောင်းဝယ်ဖောက်ကားမှုပိုအကျိုး ရှိလာမည်။လုပ်ငန်း အ ကြံ အစည် အောင်မြင်မည်။ ပညာရေး၌ ကျိတ်၍ ကြိုးပမ်း အားထုတ်သမျှအရာ ရောက်မည်။ နက်နဲ သော ပညာရပ်များ ပိုမိုတတ် မြောက်လာမည်။ စီးပွားရေးလုပ်ငန်း၌ ဉာဏ်လွှာသုံးနိုင်မှုကြောင့် အကျိုးဖြစ်ထွန်းလာမည်။ ရုတ်တရက်ရာထူးနှင့် လုပ်ပိုင်ခွင့် တိုး မြှင့်ခန့်ထားခံရတတ်သည်။ အိမ်ထောင်ဖက်ကြောင့် ၀မ်းမြောက်ပျော်ရွှင်ရမည်။
ယတြာ - နှင်းဆီနီများကပ်လှူပူဇော်ပါ။
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ - ငွေပေးငွေယူကိစ္စများ၌ဖြောင့်မတ်မှန်ကန်မှုကင်းမဲ့တတ်၍ ၃၀ရက် နေ့တွင် အထူးဆင်ခြင်သတိထား သင့်၏။ မိမိအားလိမ်ညာအမြတ်ထုတ်မှုခံရတတ်သည်။ လုပ်ငန်းအောင်မြင်ရန် ကူညီပံ့ပိုးမှု များ မူ ဆက်လက်ရရှိနေမည်။ အစုစပ်လုပ်ငန်းများ၌ အကျိုးအမြတ်ပေါ်ထွက်မည်။ လုပ်ငန်းဌာနအဖြစ်အသုံးပြုရန် နေရာကောင်းများ ရှာဖွေတွေ့ရှိနိုင်၏။ အများနှင့်ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့လိမ့်မည်။
ယတြာ - စာရေးကိရိယာများလှူဒါန်းပါ။
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ - ၀င်ငွေဆက်လက်တိုးပွားနေမည်။ ခြံလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ရေလမ်း ကုန်သွယ်မှုတို့မှ ကောင်းကျိုးဖြစ်ထွန်း လိမ့်မည်။ နေအိမ်မြေရာများနှင့် ပတ်သက်၍ အဆင်ပြေ အောင်ဆောင်ရွက်နိုင်မည်။ မရွှေ့ မပြောင်းနိုင်သောပစ္စည်းများဝင်မည်။ ယှဉ်ပြိုင်ဘက်များ၏ တိုက်ခိုက်မှုကို ခံရတတ် ချိန်ဖြစ်၍ ဘယ် အရာမ ဆို သတိထားဆောင် ရွက်သင့်၏။ ပျောက်ဆုံးသွားသော ပစ္စည်းများ ပြန်လည်အစားထိုးဝင်နိုင်၏။
ယတြာ - အင်္ဂါထောင့်၌ ရွှေဖယောင်းတိုင်များပူဇော်ပါ။
မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ - လုပ်ငန်းများအဆင်ပြေတိုးတက်ကြီးပွားနေမည်။ ဘဏ္ဍာရေး အခြေအနေ တိုး ပွားမည်။ အိမ်ထောင်ဖက်ကြောင့် ကံကောင်းမှုများဆက်လက်တွေ့ကြုံနေမည်။ အစုစပ်လုပ်ငန်းများ ဆက်လက်ကောင်းကျိုး ပေး နေမည်။ သံတမန်ရေးရာကိစ္စများအောင်မြင်မည်။ ဂုဏ်သရေရှိမိတ်ဆွေများတိုးပွားမည်။ခရီးယာယီများနေမည်။ အသုံးအစွဲ လျှော့ ချနိုင်ခြင်း မရှိသောကြောင့် ထွက်ငွေများနေ ရတတ်မည်။
ယတြာ - ဆေးဝါးဓာတ်စာဒါနပြုပါ။