Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ခရီးသွားလုပ်ငန်းများအတွက် အင်တာနက် အရေးကြီး

စတား
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
News Pic
ရန်ကုန်မြို့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီတစ်ခုတွင် အွန်လိုင်းအသုံးပြု၍ လေယာဉ်လက်မှတ် ရောင်းချနေစဉ်။
ဓာတ်ပုံ-ဟိန်းလတ်အောင်

မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အင်တာနက် ဆက်သွယ်ရေးလိုင်းများ နှေးကွေးမှုကြောင့် အွန်လိုင်းမှတစ်ဆင့်လုပ်ငန်း ၀န်ဆောင်မှုများပြုလုပ် နေရသော ခရီးသွားလုပ်ငန်းတွင် အလုပ်နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ပြီး အခက်အခဲတွေ့ခဲ့ရကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က ပြောသည်။

"ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုမှာ ဆက်သွယ်ရေးက အရေးကြီးတဲ့ ကဏ္ဍဖြစ် တယ်။ အင်တာနက်ဟာခရီးသွား လုပ်ငန်းအတွက် အသက်သွေးကြော ဖြစ်နေတော့ အင်တာနက်လိုင်းတွေကျရင် လုပ်ငန်းပိုင်းမှာ နှောင့်နှေးမှု ဖြစ်စေတယ်။

ခရီးသွားလုပ်ငန်းမှာ သတင်းအချက်အလက်ပေးနိုင်မှုက မြန်နိုင်ရင် ပိုကောင်းလေပဲ။

ဥပမာဥရောပနဲ့ အနောက်နိုင်ငံတွေကအချိန် နဲ့ ကိုယ့်နိုင်ငံရဲ့ အချိန်က အရမ်းကွာဟမှုရှိတယ်။ အဲဒီလိုနိုင်ငံတွေက ခရီးသည် တွေရဲ့ဆက်သွယ်မှုကို ကိုယ့်ဘက်က ၂၄ နာရီအတွင်းမှာ အကြောင်းပြန်ပေးနိုင်မှ ၀န်ဆောင်မှုက ကောင်းမှာလေ" ဟု မြန်မာ့ ဈေးကွက် မြှင့်တင်ရေး ကော်မတီ (အမ်အမ်စီ) ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောသည်။

"ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ အရမ်းကျပြီးနှေးလွန်းလို့ ခရီးသည် ဘက်က ဘွတ်ကင် အ၀င်ရှိမရှိကို ကြည့်ဖို့ အီးမေးလ်တွေစစ်လို့မရဘူး။ ဂျီမေးလ်ဆိုရင် ဖွင့်လို့တောင်မရဘူးဖြစ်နေတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ ကတည်းက ခရီးသွားကုမ္ပဏီတစ်ခုက ခရီးစဉ်အတွက် ဘွတ်ကင်လုပ်ဖို့ အီးမေးလ် ပို့ထားတယ်ဆိုပြီး ၁၀ ရက် နေ့မှာ ကျွန်တော့ ဆီဖုန်းလှမ်းဆက်မှ သိရတယ်။ ဘာကြောင့်သူတို့ကို အီးမေးလ်မပြန်တာလည်းလို့မေးတယ်။ ဒီဘက်မှာက အင်တာနက်လိုင်းတွေ ကျနေလို့ အီးမေးလ်စစ်လို့မရဖြစ်နေတယ်။ အင်တာနက် ဆက်သွယ်ရေးလိုင်းနှေးကွေးမှုဟာ ရေရှည်ဖြစ်နေရင်တော့ လုပ်ငန်းမှာ ဖက်စ်တွေနဲ့ အလုပ်လုပ်ရမယ်။ အဲဒါဆို ကုန်ကျ စရိတ်တွေ ပိုများလာမယ်။ ဖက်စ် ပို့မယ်ဆိုရင် ကိုယ်ပို့မယ့် နိုင်ငံပေါ်မူ တည်ပြီး တစ်မိနစ်ကို သုံးဒေါ်လာ ကနေ ခြောက်ဒေါ်လာအထိရှိတယ်" ဟု ၎င်းက ပြောသည်။

အမ်အမ်စီမှပြုလုပ်ပေးခဲ့သည့် FAM trip များဖြင့် မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ခဲ့သော နိုင်ငံခြားသားခရီးသည်များ၏တုံ့ပြန် မှုတွင် အင်တာနက် ဆက်သွယ်ရေးလိုင်း လွန်စွာ နှေးကွေးမှုကြောင့် အခက်အခဲ တွေ့ရကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆက်သွယ် ရေးပိုင်း ပိုမိုကောင်းမွန် တိုးတက်ရန် ပြုလုပ်သင့်ကြောင်း အကြုံပြုချက် အမြဲပါဝင်ခဲ့သည်။

အင်တာနက်ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုကြောင့် ဘန်ကောက်အဲဝေးလေကြောင်းလိုင်းနှင့်ထိုင်းအဲအေးရှလေကြောင်းလိုင်း တို့တွင် လည်း အွန်လိုင်းမှတစ်ဆင့် လေယာဉ်လက်မှတ်ထုတ်ပေးရန် အခက်အခဲဖြစ်ခဲ့သလို အွန်လိုင်းဘွတ်ကင်များနှင့် အီးမေးလ် များ စစ်မရဖြစ်ခဲ့ကြောင်း ၎င်းလေကြောင်းလိုင်းများမှ တာဝန်ရှိသူများကပြောသည်။

အင်တာနက် တက်လိုက်ကျလိုက် ဖြစ်ခြင်းကြောင့် ဟိုတယ်ဝက်ဘ် ဆိုက်မှတစ်ဆင့် အွန်လိုင်း reservation လုပ်ထားမှုများ ကြည့်ရန်နှင့် အီးမေးလ်ဖြင့် ပို့ထားသော ဘွတ်ကင် အ၀င်များစစ်ရန် အခက်အခဲဖြစ်ရကြောင်း ကုန်သည်ကြီးများဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။