
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ချိုးကြော် ရွရွလေး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

ဒေါ်တင်တင်ဝေရဲ့ ချိုးကြော်လုပ်ငန်းခွင်။ ဓာတ်ပုံ - ဇွန်ပန်းပွင့်
ကားလမ်းမနဲ့မလှမ်းမကမ်းက နေရာကွက်ကလေးမှာ အရိပ်ရရုံမိုးထား တဲ့ အမိုးအောက် အသားညိုညို၀၀ အမျိုးသမီး တစ်ယောက်ဟာ ငုတ် တိုင်မှာတွဲလောင်းချိတ်ထားတဲ့ ရေဒီယိုလေးကထွက်ပေါ်လာတဲ့ သီချင်း သံတွေကို နားထောင်ရင်းချိုးကြော်ကြော်နေပါတယ်။
ထင်းမီးကြောင့် မီးခိုးတလူလူ ထွက်နေတဲ့ ဖိုပေါ်က ဒယ်အိုးငယ်လေး ထဲကို မနေ့က အခြောက်လှန်းထားတဲ့ ရှမ်းထမင်းခြောက်ပြားကို ထည့်၊ ပွလာတာနဲ့ ချက်ချင်းဆယ်လိုက်၊နောက်တစ်ပြားထည့်လိုက် ဇယ်ဆက် သလိုကြော်နေတဲ့ အမျိုးသမီးကတော့ ဒေါ်တင်တင်ဝေ ဖြစ်ပါတယ်။
တောင်ဒဂုံ (၂၄) ရပ်ကွက်၊ ရွှေခြင်္သေ့ ကားမှတ်တိုင်အနီးမှာ ကိုယ်တိုင် ကြော်ပြီး ဖောက်သည်ပေးနေတာ အခုဆို ၁၆ နှစ် သက်တမ်း ရှိပါပြီ။
ချိုးကြော်ကို သရေစာ အဖြစ်တင် မကပါဘူး။ တချို့ ကိုယ်အလေးချိန် တက်မှာ စိုးရိမ်တဲ့ အမျိုးသမီးတွေက လည်း ထမင်းတစ်ထပ် အပြည့် မစားတော့ဘဲ ချိုးကြော်လေးစား၊ရေသောက် ထားလိုက်ကြပါတယ်။
အဆာလည်း ခံတော့ကျန်းမာရေးအတွက်အဆိုးအကောင်းမပြောတတ် ပေမယ့် ကိုယ်အလေးချိန်အတွက် အဆင်ပြေပုံ ရပါတယ်။
"ချိုးကြော်စားတဲ့ လူတွေကတော့ ကြိုက်ကြတယ် ပြောတယ်။ ဒီလုပ်ငန်း က အရမ်းအဆင်ပြေတယ်။ အရင်တုန်းက သုံးနှစ်လောက် အတွင်း သိန်း ၂၀ လောက်တောင် စုမိဖူးတယ် " လို့ ဒေါ်တင်တင်ဝေက ပြောပါတယ်။
"စားတဲ့လူတွေကလည်း ဒီမုန့် အရသာရှိမှန်း သိတော့တော်တော်များများ ၀ယ်စားလာကြတယ်။ အဆာ လည်းခံတယ်။ မရှိတဲ့လူတွေ ကျတော့ လည်း ၂၀၀ ဖိုးလောက် ၀ယ်ပြီး ဖြည့် ကြတာပေါ့။တချို့ကျတော့လည်း ထမင်းတစ်ပွဲ ၈၀၀-၉၀၀ ၀ယ်မစားနိုင် ကြဘူးလေ" လို့ ဒေါ်တင်တင်ဝေဆီကဖောက်သည်ယူပြီး တာမွေမြို့နယ် တရားရုံးအောက်မှာ ချိုးကြော်ရောင်းလာတာ ရှစ်နှစ်ကြာပြီဖြစ်တဲ့ မသန်း သန်းဌေး (၄၅ နှစ်)က ပြောပါတယ်။
ချိုးကြော်ကြော်တဲ့အခါ ရှမ်းဆန်ကို ပေါင်း၊ နေလှန်းပြီးတော့မှ ကြော်တဲ့ ချိုးကြော်က မွမွလေးနဲ့ စားရတာလည်း ဆိမ့်တယ်။ အရသာ လည်း ရှိတယ်။ ထမင်းချိုးအစစ်ကိုကြော်တဲ့ ချိုးကြော်ကတော့ မာပြီး အထားလည်း မခံဘူးလို့ ဒေါ်တင်တင်ဝေက ပြောပါတယ်။
"ညကတည်းက ရှမ်းဆန်ကို ရေစိမ်ရ တယ်။ မနက်စောစော ထပြီး ဆန်ကို ပေါင်းပါတယ်။ အငွေ့ထောင်းထောင်း ထနေတဲ့ ရှမ်းဆန် ပေါင်းပူပူလောင်လောင်ကို အေးအောင် စောင့်မနေဘဲ လက်ဖ၀ါးနှစ်ဖက်နဲ့ အပါးဝိုင်းလေးတွေ ရအောင်ဖိပြီး အ၀ိုင်းပုံရအောင်ပုံသွင်း ရတယ်။ ပြီးမှ နေပူပူမှာ နှစ်ရက်လောက် နေလှန်းပြီးမှ ကြော်ရတာ" လို့ သူက ပြောပါတယ်။
"အစက အစ်မ ဆီမှာလာဝယ်တဲ့ ဖောက်သည် ၁၀ ဦးလောက်ရှိတယ်။ နောက်တော့ အစ်မဆီမှာ သူတို့နည်းလာတောင်းတော့ အစ်မ နည်းပေးတယ်။ အခု အစ်မမှာ ဖောက်သည် လေး ငါးဦးတော့ရှိတယ်။ ဒီအလုပ်က တစ်သိန်းခွဲနှစ်သိန်းလောက် ရင်းထားရင် သူ့ဟာ သူ လည်ပတ်နေတာပဲ" လို့ သူက ဆက်ပြောပြပါတယ်။
ဒီချိုးကြော်လုပ်ငန်း မလုပ်ခင်တုန်းက အကြော်စုံကြော်ပြီးရောင်းတယ်လို့ ဒေါ်တင်တင်ဝေက ပြောပါတယ်။
"အကြော်ကြော်ရောင်းရတာ အရမ်းပင်ပန်းတယ်။ အမြတ်လည်း နည်းတယ်။ ချိုးကြော်ကျတော့ နှစ်ရက် သုံးရက် ထားလည်း ဘာမှ မဖြစ်ဘူး။ မကြော်ရသေးတဲ့ အစိမ်းတွေထားလည်း ဘာမှမဖြစ်ဘူး။ အကြာကြီး ထားထားလို့ ရတယ်။ တချို့တွေဆို စတိုးဆိုင်တွေ၊ စူပါမားကက်တွေမှာ အထုပ်တွေနဲ့ ထုပ်ပြီး လိုက်ပို့တယ်" လို့ သူက ပြောပါတယ်။
ဒေါ်တင်တင်ဝေတို့ မိသားတစ်စုလုံး အပြင် မိဘတွေရော၊ ညီအစ်ကိုမောင်နှမ တွေပါ ချိုးကြော်လုပ်ငန်းကို လုပ်ကိုင်တယ်လို့ သိရပါ တယ်။
"အစ်မတို့က တစ်အိမ်တည်းမှာပဲ မိသားစုတွေ စုလုပ်ကြတယ်။ တစ်နေ့ကို ရှမ်းဆန်ပြည် ၃၀ လောက်ကို နှစ်အိမ်ခွဲပြီးအမေတို့ ၁၅ ပြည်၊ ကျွန်မ ၁၅ ပြည် ခွဲလုပ်တယ်။ ဒီအလုပ်က သူဌေးတော့ မဖြစ်ပေမယ့် စားဝတ် နေရေးတော့ အဆင်ပြေတယ်။ မိုးတွင်းကျရင် တော့ ထိုင်နေရတယ်။ မိုးတွင်း မုန့်ကျတော့ သူတို့က မကြိုက်ဘူး။ မိုးအုံ့ရင် စားလို့ မကောင်းဘူး။ ဆောင်းတွင်းဘက် သူ့အချိန်နဲ့ သူ့အခါနဲ့ပဲ စားလို့ကောင်းတယ်" လို့ ဒေါ်တင်တင်ဝေက ပြောပါတယ်။
ချိုးကြော် လက်လီရောင်းတဲ့ မသန်းသန်းဌေးက "တစ်ထုပ်မှာ ဆန်သုံးပြည် စာလောက်ပါတဲ့ ချိုးကြော် တစ်အိတ်ကို ကျပ် ၉,၀၀၀ လောက်နဲ့ ၀ယ်ရတယ်။ လေလုံအောင် ထားရင် သုံးလေးရက်လောက်အထိ ထားရောင်းလို့ ရတယ်။ ပျော့မသွားပါဘူး။ တစ်အိတ် ဆိုတစ်နေ့တည်းနဲ့ ကုန်တယ်" လို့ သူက ပြောပြပါတယ်။
"ကျပ် ၉,၀၀၀ တန်ချိုးကြော်တစ်အိတ်ကိုရောင်းရင် အနည်းဆုံး မကျန်ဘူးဆို ၃,၀၀၀၊ ၄,၀၀၀ လောက်မြတ်တယ်။ကျွန်မအမျိုးသား က ပရိဘောဂလုပ်ငန်းလုပ်တယ်။ သူ့တစ်နေ့ ၀င်ငွေ က ၅,၀၀၀ လောက်ရတော့ မိသားစုသုံးယောက်အရမ်း အဆင်ပြေတယ်" လို့ သူက ပြောပြပါတယ်။