
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
သင်္ကြန်မှာ ဘာလီကျွန်းသွားမယ့် ရွှေစင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

မော်ဒယ်ရွှေစင်နဲ့ တွေ့တုန်းဆုံတုန်း ပြောဖြစ်တာလေးတွေက . . .
* လတ်တလောအနုပညာ လှုပ်ရှားမှု။
အခုလောလောဆယ်က ငျြ ကြော်ငြာကို ကိုပြေတီဦးနဲ့ ရိုက်ထား တယ်။ ဃောနူူေ ကြော်ငြာ ကိုလည်း မနေ့က ရိုက်ထား တယ်။အဲဒါကတော့ မင်းသား မပါဘူး။ဒီနေ့တော့ရွှေမင်းသား ပုဆိုးကို ကိုပြေတီဦးနဲ့ပဲ ထပ်ရိုက်ရမယ်။
* နိုင်ငံခြားသားတွေ နဲ့ ရိုက်ထားတဲ့
ကြော်ငြာတွေ
ဘယ်တော့လောက် လွှင့်မှာလဲ။
အဲဒါတွေကိုတော့ ဒီလ ပိုင်း အတွင်းလောက်လွှင့်ဖြစ် လိမ့်မယ်လို့တော့ ထင်တယ်။
* သူတို့နဲ့ရော ဘယ်လိုလုပ်ဖြစ် သွားတာလဲ။
အဲဒီကြော်ငြာတွေလည်း ခါတိုင်း ကြော်ငြာတွေလိုပါပဲ။ တချို့ကြော်ငြာ တွေကျတော့ ဗိလနမအငျငညါ ကလာတာ တွေရှိတယ်။ တချို့က ခသာစညေပ က လာတာတွေရှိတယ်။ နိုင်ငံခြားသား တွေနဲ့ ရိုက်ထားတဲ့ လေးခုစလုံးက တော့ ခသာစညေပ ကနေပဲ လာတာပါ။
* ဗီစီဒီတွေ၊ ဗီဒီယိုတွေ ကမ်းလှမ်း ပေမယ့် ငြင်းခဲ့တယ်လို့ကြားတယ်။
ဖေဖေနဲ့မေမေကလည်း ခွင့်မပြုဘူး။ အရမ်းစိတ်ဝင်စားတော့ လုပ်တော့လုပ် ချင်တယ်။ တကယ်တမ်းတော့ မငြင်း ချင်ဘူး။ အရမ်းလည်း ၀ါသနာပါတယ်။ အကုန်လုံးနဲ့လည်း အတိုက်အခံလုပ်ရဲ တယ်။ ဒါပေမယ့် မိဘစိတ်မချမ်းသာ တာတော့ မလုပ်ချင်ဘူး။
* အနာဂတ်မှာရော ဘယ်လိုရပ်တည် သွားဖို့ စိတ်ကူးထားလဲ။
အိမ်ကခွင့်ပြုရင်တော့ သရုပ်ဆောင် အလုပ်ကို လုပ်ချင်တာပေါ့။ မိဘကလည်း တစ်ဦးတည်း သော သမီးဆိုတော့ စိတ်ပူ တာကြောင့် ခွင့်မပြုသေး တာနေမှာပါ။ ဒါပေမယ့် ရွှေစင်လည်း အရမ်း လုပ်ချင်စိတ် ပြင်းပြ နေတော့ ခွင့်ပြုမယ်လို့ တော့ထင်ပါတယ်။
* ဒီလိုအချိန်တိုအတွင်း မှာ အနုပညာ အလုပ်ကို အများကြီး လုပ်ဖြစ်တာ ဘာကြောင့်လို့ ထင်လဲ။
အကျိုးအကြောင်း အားလုံး တိုက် ဆိုင်သွားလို့ပါ။ လိုအပ်တဲ့ လုပ်ငန်း ရှင်တွေကလည်း ယုံကြည်မှု တစ်ခုပေး တယ်။ ရွှေစင်ကိုရိုက်ပေးတဲ့ ဒါရိုက်တာ ကြီးတွေ၊ ဓာတ်ပုံဆရာကြီးတွေက လည်း အရမ်းတော်ကြတယ်။ ပြီးတော့ ပရိသတ်ကြီးက ချစ်တာရယ်၊ သူတို့ မျက်လုံးထဲမှာလည်း အဆင်ပြေပြေလေး ဖြစ်သွားတာတွေရယ်၊ ပြီးတော့ ရွှေစင် ကလည်း အရမ်းစိတ်ဝင်စားတော့ ကိုယ့်ဘက်ကလည်း အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့တယ်လေ။
* ဒီနှစ်သင်္ကြန်ကို ဘာလီကျွန်းမှာ ရှိ မယ်လို့သိရတယ်။ ဘာလို့အဲဒီနေရာ ကိုမှ ရွေးဖြစ်သွားတာလဲ။
သင်္ကြန်အကြိုနေ့မတိုင်ခင် တစ်ရက် မှာထွက်မယ်။ ငယ်ငယ်တုန်းကတော့ သင်္ကြန်နေ့တွေဆိုရင် အိမ်က အပြင် ပေးမထွက်တော့ သင်္ကြန်ရောက်မှာ ကိုတောင် အရမ်းကြောက်နေခဲ့တယ်။ အရမ်းအထီးကျန်လို့။ ဘာလီကျွန်းကို မရောက်ဖူးလို့လည်းပါတယ်။သင်္ကြန် ခံစားမှုကိုလည်း အနီးစပ်ဆုံးနဲ့ အပျော် ရွှင်ဆုံးပေးနိုင်မယ်လည်းထင်တယ်။
* ကိုယ့်ကိုရှေ့ထားပြီး ကိုယ့်အကြောင်း ပြောနေတဲ့အခါဘယ်လိုတုံ့ပြန်တတ်လဲ။
ကိုယ့်ကိုမပြောသလိုဘဲ ခံယူလိုက် တယ်။ ကိုယ်အဲဒီအချိန်မှာ လုပ်နေတဲ့ အရာတစ်ခုခုကို မျက်နှာမပျက်ဆက် လုပ်နေလိုက်တယ်။ တကယ်လို့ ပြော တဲ့သူနဲ့ မျက်လုံးချင်းဆုံမိရင်လည်း ပြုံးပြလိုက်မှာပါ။