
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
စာမေးပွဲတွေ နီးလာတဲ့အခါ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

သင့်ကလေးတွေရဲ့ စာမေးပွဲတွေ နီးလာပြီဆိုရင် မိဘတွေအတွက် ခေါင်းခဲရပါပြီ။
ခုတောင် စာမေးပွဲကြီး နီးလာပြီဆိုတော့ ကလေးတွေအစား ရင်တွေစတုန်ရပြီပေါ့။
ကဲ .. စာမေးပွဲ မတိုင်ခင်မှာ မိဘတွေ ဘာတွေလုပ်ပေး နိုင်မလဲဆိုတာ ဒါတွေဖတ်ကြည့်ပါဦး။
၁။ နွေးထွေးမှုပေးပါ။
စာမေးပွဲနီးတာနဲ့အမျှ သင့်ကလေးတွေ ကို အရင်ကထက်ပိုပြီး နွေးနွေးထွေးထွေး ဆက်ဆံဖို့ လိုပါတယ်။ ဒီအချိန်ဟာ သူတို့အတွက် စိတ်ပူပန်ရတဲ့အချိန်မို့ တတ်နိုင်သမျှဆူတာတွေလျှော့ပါ။
၂။ သင်ခန်းစာတွေ လေ့ကျင့်ဖို့ကူပါ။
သူတို့ရဲ့ သင်ခန်းစာတွေကို စနစ် တကျ ပြန်လည်လေ့ကျင့်နိုင်ဖို့ သင့် အကူအညီ လိုပါတယ်။ တစ်ခုပြီးတစ်ခု တည်တည်ငြိမ်ငြိမ်နဲ့ ကျက်မှတ်နိုင်အောင် ၀ိုင်းကူပေးပါ။
၃။ အစားအသောက် ဂရုစိုက်ပါ။
ဒီအချိန်က သင့်ကလေးငယ်ကို အလျှော့ပေးရမယ့်အချိန်ဆိုပေမယ့် အစားအသောက်စားတဲ့နေရာမှာတော့ အလို မလိုက်ပါနဲ့။ အချဉ်တွေ၊ လမ်းဘေးစာတွေ လုံးဝရှောင်ခိုင်းပါ။အခန့်မသင့်ရင် ၀မ်းလျှောဝမ်းပျက်ဖြစ်စေနိုင်တယ်လေ။
၎။ အိပ်ချိန်မှန်ပါစေ။
စာမေးပွဲနီးလို့ စာကျက်ချိန်ပိုထားရတာမှန်ပေမယ့် အိပ်ရေးပျက်ခံပြီး ကျက်တာမျိုးကို တတ်နိုင်သမျှ ခွင့်မပြု ပါနဲ့၊၊စားချိန်၊ ရေချိုးချိန် တွေထဲက အချိန်ကိုချွေတာပြီး စာကြည့်ချိန်တိုးပေါ့။