
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မြန်မာခရီးသွားများ ထိုင်းနိုင်ငံသို့ သွားရောက် လည်ပတ်မှု ၃၃ ရာခိုင်နှုန်း မြင့်တက်လာ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြဘုရားအား တွေ့ရစဉ်။ဓာတ်ပုံ - ဇော်ဝင်းသန်း
ရန်ကုန်ရှိ ထိုင်းသံရုံးမှ ထိုင်းဗီဇာကြေး ကင်းလွတ်ခွင့် အစီအစဉ် ပြုလုပ်နေ သည့်ကာလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ် သည့် မြန်မာနိုင်ငံ သားခရီးသည် အရေအတွက်မှာ ၃၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ထိုင်း သံရုံးရှိ ထိုင်းသံအမတ်ကြီး မစ္စတာ ဘန်ဆန်းဘူနာ့ဂ်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ထိုင်းဗီဇာကြေးကင်းလွတ်ခွင့်ကာလ အတွင်း ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်ဖို့ မြန်မာခရီးသည်ပေါင်း ၅၂,၁၀၂ ဦးကို ထိုင်းဗီဇာပေးခဲ့ပါ တယ်။ ဒီအရေအတွက်ထဲမှာ နယ်စပ် ကနေတစ်ဆင့် သွားရောက်တဲ့ခရီး သည်မပါဝင်ဘူး"ဟု ၎င်းကပြောသည်။
"ကမ္ဘာ့စီးပွားရေးအကျပ်အတည်း၊ ၂၀၀၈ ခုနှစ်မှာ ဘန်ကောက်လေဆိပ် ပိတ်ထားမှုနဲ့ ၂၀၀၉ ခုနှစ်၊ ဧပြီလမှာ ထိုင်း နိုင်ငံရေးမတည်ငြိမ်မှု စတဲ့ အကျိုးဆက်တွေကြောင့် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ထိခိုက်မှုတွေရှိ ခဲ့ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ ခရီး သွားလုပ်ငန်း ပြန်လည်မြင့်တက်လာဖို့ အတွက် တော်ဝင်ထိုင်းအစိုးရရဲ့ စီမံကိန်းအရ ထိုင်းနိုင်ငံကို လည်ပတ်ဖို့ တိုးရစ် ဗီဇာလျှောက်လွှာ တွေအတွက် ဗီဇာကြေး ကင်းလွတ်ခွင့် စီစဉ်ပေးတာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသည် ခရီးသည်များအတွက် ထိုင်းဗီဇာကြေး ကင်းလွတ်ခွင့် အစီအစဉ်ကို ၂၀၀၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှ စတင်ပြီး ဇွန်လ ၄ ရက်နေ့အထိ ပထမဦးဆုံးပြု လုပ်ပေးခဲ့ပြီး ဆက်လက်၍ဒုတိယအကြိမ် ထိုင်းဗီဇာကြေး ကင်းလွတ်ခွင့် အစီ အစဉ်ကို ယမန်နှစ် ဇွန်လ ၂၅ ရက်နေ့မှ ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၄ ရက်နေ့ထိ သတ်မှတ်ပေးထားပြီး မတ်လ ၄ ရက်နေ့ နောက်ပိုင်းတွင် ၎င်းအစီအစဉ်ကို ထမ်မံတိုးပေးရန် လက်ရှိတွင် ညွှန်ကြား ချက်မရှိသေးဟု ၎င်းကပြောသည်။
၂၀၀၈ ခုနှစ်အတွင်း ထိုင်းဗီဇာ လျှောက်သော မြန်မာခရီးသည် ၄၉,၁၆၁ ဦးရှိပြီး ၂၀၀၉ ခုနှစ်တွင် ၆၁,၅၆၂ ဦးရှိကာ ၂၅ ရာခိုင် နှုန်းကျော် မြင့်တက်လာသည်။
"ထိုင်းနိုင်ငံကို လာလည်တဲ့ မြန်မာ ခရီးသည်အများစုက ဗုဒ္ဓအမွေအနှစ်တွေ၊ ဘုရားစေတီပုထိုးတွေကို သွား လည်ရတာ၊ တချို့ ကတော့ ဈေးဝယ် ထွက်တာတို့၊ ကမ်းခြေတွေမှာ အပန်း ဖြေကြတာတို့ကို နှစ်သက်ကြတယ်။ ဒါပေမယ့် ထိုင်းကိုလာကြတဲ့ မြန်မာ ခရီးသည်တွေ တော်တော်များများက ဆေးလာကုကြ တာများတယ်"ဟု သံ အမတ်ကြီးက ပြောသည်။
ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာ ဗျူဟာနှင့် Bay of Bengal Initiative for Multi-Sectoral Technical and Economic ပူးပေါင်း ဆောင်ရွက်မှု စသည့် နှစ်နိုင်ငံဆိုင်ရာ လုပ်ငန်းစဉ် များမှ တစ်ဆင့် နှစ်နိုင်ငံကြားခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်အတွက် ထိုင်းနှင့် မြန်မာနိုင်ငံသည် ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေကြောင်း၊ မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှတွင် အောင်မြင်သော ခရီးသွားဒေသတစ်ခု ဖြစ်လာရန် အလားအလာရှိသည်ကို ယုံကြည်ကြောင်း ၎င်းက ပြောသည်။