
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
နာမည်ကျော်များ ဟေတီငလျင်အတွက် လှူဒါန်း
(အေအက်ဖ်ပီ)
သောင်းညွန့်ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
လော့ဆန်းဂျလိစ် - ဟေတီငလျင်ဒဏ်ခံရသူများအတွက် ရုပ်ရှင်သရုပ်ဆောင်တွေထဲမှ လီယိုနာဒို ဒီကာပရီယိုဟာ နောက်အကျဆုံး အလှူရှင်ဖြစ်လာတယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်ချက် တစ်ခုအရ သိရတယ်။ သူဟာ ဟေတီ ငလျင်ဒဏ်ခံရသူများ ကယ်ဆယ်ရေးအတွက် ဒေါ်လာတစ်သန်း လှူဒါန်းခဲ့ပါတယ်။
ဒီကာပရီယိုဟာ ကလင်တန်- ဘွတ်ရှ် ဟေတီရန်ပုံငွေသို့ လှူဒါန်းတာဖြစ်တယ်။
ဒီကာပရီယိုရဲ့ စူပါမော်ဒယ်ချစ်သူဟောင်း ဂီဆယ်လ်ဘန်ချမ်၊ ဘရက်ပစ်နဲ့ အန်ဂျလီနာတို့အတွဲ၊ ရုပ်ရှင်သရုပ်ဆောင် ဆန်ဒရာဘူ လော့ခ်ကလည်း ဟေတီငလျင်ဒဏ်ခံရသူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။