Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

နိုင်ငံခြားသူ ရုပ်ရှင်သရုပ်ဆောင်တွေ ဘောလိဝုဒ်ကို ရောက်လာကြပြီ

(အေအက်ဖ်ပီ)
သောင်းညွန့် ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic
ဂျာမန်-ပိုလန်ကပြား ဘောလီးဝုဒ်မင်းသမီး ကလောဒီရာ စီရက်ခလာ

မွမ်ဘိုင်း - နိုင်ငံခြားသရုပ်ဆောင်တွေဟာ အရင်ကဆိုရင် ဇာတ်စင် နောက်က ကချေသည်တွေ၊ ဒါမှမဟုတ် သေးငယ်တဲ့ အခန်းတွေက ပါဝင်ခဲ့ကြ တယ်။ အခုဆိုရင် အိန္ဒိယနိုင်ငံနဲ့ ဟိန္ဒူ ဘာသာစကားပြော ရုပ်ရှင်လုပ်ငန်းမှာ ဇာတ်စင်ရဲ့အလယ်ဗဟိုကို ရောက်လာနေပြီး သူတို့ရဲ့ပင်ကိုအရည်အချင်းနဲ့ နာမည်ကျော် လူသိများလာတဲ့ အနေ အထားကို ရောက်လာနေပါပြီ။

နောက်အကျဆုံးနာမည်ကျော်ကြားလာပြီး အဓိကအခန်းမှ ပါဝင်သရုပ် ဆောင်လာသူကတော့ ဘာဘရာမိုရီပါ။ သူက ဟစ်သရစ်ရော့ရှမ်းနဲ့ အတူ မကြာမီပြသတော့မယ့် "Kites" ဘောလိဝုဒ်ရုပ်ရှင်မှာ ပွဲထုတ်ခံရ တော့မှာဖြစ်တယ်။ သူဟာ မက္ကဆီကိုနိုင်ငံမှ မော်ဒယ်လည်းဖြစ်၊ ရုပ်မြင် သံကြားရဲ့ လူမှုဘ၀သရုပ်ဆောင်ဇာတ်လမ်းတွဲက သရုပ်ဆောင် ဟောင်းလည်း ဖြစ်တယ်။

ဒီရုပ်ရှင်မြှင့်တင်ရေးပွဲတွေမှာ တွေ့ရ တဲ့ မိုရီဟာ အသက် ၃၁ နှစ် ရှိပါပြီ။
ရုပ်ရှင်ဇာတ်လမ်းက လက်တီနို လူမျိုးကချေသည်တစ်ဦးဟာ အယုံသွင်း ချိုင်တတ်တဲ့ပန်းချီဆရာနဲ့ ချစ်ကျွမ်း ၀င်တာဖြစ်တယ်။ တစ်ကမ္ဘာလုံးနဲ့ ပတ်သက်နေတဲ့ အာဘော်ဖော်ပြတဲ့ ပထမဆုံး ဘောလိဝုဒ်ရုပ်ရှင်ကား တစ်ကားဖြစ်တာကြောင့်လည်း မိုရီလို မင်းသမီး မပါရင်မဖြစ်ပါဘူး။

အရင်နှစ်မတိုင်မီကဆိုရင် ဘရာဇီးလ်နိုင်ငံသူ ဂစ်ဆယ်လီမွန်တဲရိုးကို အိန္ဒိယမှာ ဘယ်သူမှ ကြားဖူးမှာမဟုတ်ပေမယ့် ၂၀၀၉ ခုနှစ်က နာမည်ကြီးခဲ့တဲ့ "Love Aaj Kal" ရုပ်ရှင်ကို ဆာအစ် အလီခန်နဲ့ ရိုက်ခဲ့အပြီးမှာတော့ မသိသူ မရှိသလောက် ဖြစ်သွားတယ်။ မွန်တဲရိုး ရဲ့အသက်ဟာ ၂၁ နှစ်ပဲ ရှိသေးတယ်။

"ကျွန်မ မော်ဒယ်လုပ်ရင်းနဲ့ အိန္ဒိယကို ရောက်လာခဲ့တယ်။ "Love Aaj Kal" ရုပ်ရှင်ကားမှာ နိုင်ငံခြားဖွား မိန်းကလေးတစ်ယောက် အလိုရှိတယ် ဆိုတာနဲ့ ၀င်လျှောက်လိုက်တာ"တဲ့။

"ပန်ချာပီမိန်းကလေးကို ရှာနေတာ။ ဂစ်ဆယ်လီနဲ့ အံကိုက်ပဲ" လို့ ဒါရိုက်တာ အင်မ်တီရာဇ်အလီက ပြောတယ်။
"သူက ဘရာဇီးလ်သူဆိုတာ ရုပ်ရှင်မပြမချင်း ဘယ်သူ့ကိုမှ အသိမပေးခဲ့ဘူး။ ပရိသတ်တွေကို အံ့ဩစေချင်တာပါ"လို့ အလီက ဆက် ဆိုပါတယ်။

အဓိကကျတဲ့ ဘောလိဝုဒ်ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံခြားသူတွေထဲမှာ ဟောင်ကောင်ရဲ့ နောက်ဆုံးဗြိတိသျှ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့သူ ခရစ္စပက်တန်ရဲ့သမီး အဲလစ်ပက်တန်လည်း တစ်ယောက်ပါဝင်ခဲ့တယ်။ ၂၀၀၆ ခုနှစ်က နာမည်ကြီးခဲ့တဲ့ "Rang De Basanti" ရုပ်ရှင်ကားမှာ ပါဝင်ခဲ့တယ်။

ဗြိတိသျှရုပ်ရှင်သရုပ်ဆောင် ရေချယ်လ်ရှယ်လီကလည်း ၂၀၀၁ ခုနှစ်က ဒါရိုက်တာ အေမာခန် ရိုက်ခဲ့တဲ့ "Laagan" ၊ ဩစတြေးလျ မင်းသမီး တာနီယာဇက်တာက ၂၀၀၅ ခုနှစ်က ရိုက်ကူးခဲ့တဲ့ "Salaam Namaste" စတဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ် ဆောင်ခဲ့တာ တွေကို တွေ့ရတယ်။