Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ကြိုးဝိုင်းဝတ်စုံ

ကလဲရာ ရိုဆန်းဘာ့ဂ်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic
ကြိုးဝိုင်းအတွင်းက လက်ဝှေ့သမားတွေရဲ့ ကိုယ်ရုံတွေကိုကြည့်ပြီး ဖန်တီးထား တာလို့ ဒီဇိုင်နာ ယွန်ပေါလ်ဂေါ်လ်တီယာက ဆိုပါတယ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ပြင်သစ်ဖက်ရှင်လောကက "လူဆိုးလေး" တစ်ယောက်ဖြစ်တဲ့ ယွန်ပေါလ် ဂေါ်လ်တီယာကတော့ ကျော်သထက်ကျော်အောင် ဇန်န၀ါရီ ၂၀ ရက်နေ့က ကြံ့ကြံ့ခိုင်ခိုင်မော်ဒယ်တွေကို လက်ဝှေ့ကြိုးဝိုင်းထဲ သွင်း လိုက်ပြန်ပါပြီ။

လေးရက်ကြာကျင်းပတဲ့ ပါရီ အမျိုးသားဝတ်ဖက်ရှင်ပြပွဲမှာ ဖက်ရှင်သရဲ ရက်ပါ ကင်ယေးဝက်စ်နဲ့ သူ့ရည်းစား မော်ဒယ်အမ်ဘာရို့စ်တို့ဟာ မဟား ဒရားကြီးတဲ့ သားမွေးကုတ်အင်္ကျီကြီးတွေနဲ့ ပေါက်ချလာပါ တယ်။ သတင်းသမားတွေကိုတော့ စကားမပြောချင်ဘူးလို့ငြင်းပါတယ်။

ကိုယ်ပိုင်ဒီဇိုင်းလိုင်းတစ်လိုင်း ဖန်တီးနေသူလည်းဖြစ်တဲ့ ၀က်စ်က ပွဲစဉ်ပေါင်း ၄၂ ပွဲထဲက တစ် ၀က်လောက်တက်ဖို့ စိတ်ကူးထားတယ်။

သူ့ဘော်ဒါတွေဖြစ်တဲ့ စူပါခရစ်ဘရောင်းကလည်း မီလန်ကို လိုက်လာ ပြီး လက်ဝှေ့သမားတွေကနေ စိတ်ကူးရလာတဲ့ ဂေါ်လ်တီယာရဲ့ ဒီနှစ် ဆောင်းဦး၊ ဆောင်းရာသီဖက်ရှင်တွေကို လာကြည့်ပါတယ်။ သူက အေအက်ဖ်ပီကို "ဒီပွဲတွေကို ကျွန်တော် တကယ်ကြည့်ချင်တာပါ" လို့ ဆိုပါတယ်။

ဖက်ရှင်လျှောက်လမ်းတွေပေါ်မှာ နာမည်ကြီးတဲ့ ဖက်ရှင်အမြင် တစ်ဖက် စွန်း နည်းနည်းရောက်တဲ့ ဂေါ်လ်တီယာက ဆွယ်တာကအစ၊ ညနေခင်း ၀တ်စုံတွေအဆုံး ဟုဒ်ဒီရဲ့ ရှပ်အင်္ကျီတွေ၊ ဂျက်ကက်တွေ၊ ကုတ်တွေကို အဝေးကို လွှင့်ပစ်ပြီး လက်ဝှေ့သမားရဲ့ အပေါ်ရုံကို စံနမူနာတည်ပြီး ဖန်တီးထားတာပါ။

မော်ဒယ်တွေရဲ့ မျက်နှာမှာ ဒဏ်ရာအသွင်တွေကို မိတ်ကပ်နဲ့ ဖန်တီးထားပြီး တင်ဆက်ထားပါတယ်။ မော်ဒယ်တွေရဲ့အလှမျက်နှာတွေအစား ဒဏ်ရာမျက်နှာတွေနဲ့ ထူထူထဲထဲဝတ်စုံတွေက တစ်မျိုးဆန်းသစ်ပါတယ်။

(အေအက်ဖ်ပီ) ခင်သန်း ဘာသာပြန်သည်။