အတွဲ ၂၃၊ အမှတ် ၄၅၂ (၅ - ၁၁၊ ၂၊ ၂၀၁၀)

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တစ်ပတ်စာ သင်၏ကံဇာတာ
၂၀၁၀၊ ဖေဖော်ဝါရီလ ၅ ရက်မှ ၁၁ ရက်အထိ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊
သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀
မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ - ယှဉ်ပြိုင်ဆောင်ရွက်သော ရေလမ်းကုန်သွယ်မှု၊ သီးနှံတင်ပို့ရောင်းချမှုနှင့် စာနယ်ဇင်းထုတ်ဝေမှု အလုပ်ဖြစ်လိမ့်မည်။ မိမိ၏အစွမ်းအစနှင့် လုပ်ငန်းကျွမ်းကျင်မှုကြောင့် လုပ်ငန်းတိုးတက်အောင်မြင်မှုများ ရရှိ လိမ့်မည်။ အလုပ်မရှိသူ အလုပ်ရမည်။ အလုပ်ရှိသူ ရာထူးထပ်မံတိုးမြှင့်ခံရလိမ့်မည်။ လုပ်ပိုင်ခွင့်တိုးမည်။ ဈေးကွက်ချဲ့ထွင်ရလိမ့်မည်။ ငွေကြေးအကျိုးအမြတ်များလည်း တိုးပွားနေမည်။ ယတြာ - အုန်းဆွမ်း ကပ်လှူပါ။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ - လုပ်ငန်းကိုင်ငန်း အထူးတိုးတက် ကောင်းမွန်နေမည်။ အဓိကလုပ်ငန်းအပြင် ၀ါသနာပါသောအလုပ်များ၌လည်း အောင်မြင် နေလိမ့်မည်။ ထို့ကြောင့် နည်းလမ်းအသွယ်သွယ်နှင့် ၀င်ငွေတိုးတက်မှုများ စတင်လာ နိုင်ချိန်ဖြစ်သည်။ လုပ်ငန်းတိုးချဲ့ရမည်။ ၀န်ထမ်းများအဖို့ တိုးတက်မှုတစ်စုံတစ်ရာ ရရှိရန် အခွင့်ကောင်းများ ကြုံလိမ့်မည်။ ငွေကုန်သည်များ ကံကောင်းချိန်ဖြစ်နိုင်ပြီး လူတိုင်းအဖို့မူ ထီထိုးကံစမ်းရန် နေကောင်းရက်သာများ ဖြစ်သည်။ ယတြာ - ပန်းကိုးမျိုး ကပ်လှူပါ။
မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ - ကုသိုလ်ကံအကျိုးပေး ပိုမို ထက်သန်နေမည်။ လူမစွမ်း နတ်မကိန်းပင် ကြုံနိုင်သောကာလဖြစ်သည်။ မိတ်ကောင်း ဆွေကောင်းတိုးပွားမည်။ ဂုဏ်ဒြပ်ကြီးမားထည်ဝါသူတို့ထံမှ ကောင်းကျိုးများ ရရှိနိုင်သည်။ အိမ်ထောင်ဖက်ကြောင့် မိသားစုအခြေအနေ တိုးတက်ကြီးပွားလာမည်။ လုပ်ငန်းခွင်၌ အများ၏ အားထားယုံကြည်မှု ခံရမည်။ ပရဟိတလုပ်ငန်းများ ပိုမိုဆောင်ရွက်ရတတ်သည်။ နာမည်ဂုဏ်သတင်း ကျော်စောမည်။ ယတြာ - ဆွမ်းဆန်စိမ်း လောင်းလှူပေးပါ။
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ - ကုသိုလ်ရေး အဓိဋ္ဌာန်ပြု လုပ်ရန် နှောင့်နှေးမှုများကြုံလိမ့်မည်။ ငွေကြေးဆိုင်ရာကိစ္စများလည်း ယခင်ကထက် ချွေတာသုံးစွဲရလိမ့်မည်။ မိမိ၏ အားနာတတ်မှုကြောင့် အပြိုင်အဆိုင်စီးပွားရေး လုပ်ငန်း များတွင် နစ်နာမှုကြုံရတတ်သည်။ သို့ရာတွင် မိမိကျွမ်းကျင်ပိုင်နိုင်သော လုပ်ငန်းနယ်ပယ်၌ အောင်နိုင်လိုသော စိတ်ဓာတ်ကို ရှေ့တန်းတင်ပါက စီးပွားဖြစ်ထွန်းမည်။ ဉာဏ်ပညာသုံးနိုင် လေလေ အောင်မြင်လေလေဖြစ်သည်။ ယတြာ - သစ်သီးနှင့်ပန်းများ ကပ်လှူပူဇော်ပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ - ပိုမို၍ အစုစပ်လုပ်ငန်းများ အဆင်ပြေလာမည်ဖြစ်သည်။ အိမ်ထောင်ရှင်များအဖို့လည်း သာယာချမ်းမြေ့မှုရရှိလာပါမည်။ အိမ်ထောင်ဖက်၏ ကျန်းမာရေးမကောင်းမှုအန္တရာယ်မှ တစ်စထက်တစ်စ သက်သာရာ ရလာတော့မည်။ မိမိ၏ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုများ ပပျောက် သွားမည်။ မိမိကိုယ်၌လည်း ကျန်းမာရေး တိုးတက်ကောင်းမွန်လာမည်။ ဇိမ်ခံပစ္စည်းနှင့် လက်ဝတ်ရတနာများ ၀င်မည်။ ယတြာ - နှင်းဆီနီ ကပ်လှူပေးပါ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ - အကြံအစည်များ အောင်မြင်မှုရရှိလိမ့်မည်။ ငွေကြေးတိုးပွားရန် ကြိုးပမ်းလုပ်ဆောင်မှုများ အရာရောက် လိမ့်မည်။ ရပ်ရေးရွာရေးဆောင်ရွက်ရာ၌ အများ၏ အားထားယုံကြည်မှုခံရမည်။ ကုသိုလ် ရေးဆောင်ရွက်မှုများ ထိရောက်နေမည်။ မိသားစုဝင်ငွေတိုးပွားချိန်ဖြစ်သည်။ ရင်ဆိုင်နေ ရသော အမှုအခင်းများ ပြေလည်အောင် ဆောင်ရွက်နိုင်မည်။ လူကြီးမိဘတို့၏သဘောကို လွန်ဆန်၍ ခရီးထွက်ခြင်းများမပြုလုပ်သင့်။ ယတြာ - လျှပ်စစ်ပစ္စည်း လှူဒါန်းပါ။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃ - ယေဘုယျ ကံကောင်းသောနေ့ရက်များဖြစ်သည်။ အထူးသဖြင့် ၆ ရက်နှင့် ၁၁ ရက်နေ့တို့သည် လုပ်ငန်းဆောင်ရွက်အောင်မြင်နိုင်သောရက်များဖြစ်သည်။ လေလံတင်ဒါနှင့် လုပ်ပိုင်ခွင့်များ အကျိုးပေးမည့် အချိန်ကာလဖြစ်သည်။ ဂုဏ်သိက္ခာတိုးမည်။ ဥစ္စာဓနတိုးပွားမည်။ လုပ်ငန်းများပြားကာ ပြီးပြတ်အောင် ဆောင်ရွက် နိုင်ဖို့ ခဲယဉ်းနေမည်။ ရပ်ဝေးမှ သတင်း ကောင်း ကြားရမည်။ ယတြာ - ရှင်ဥပဂုတ္တရဟန္တာရှင်သူမြတ်အား ဆွမ်းကပ်လှူပါ။
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ - ပညာရေးခရီး၊ ပညာရေးလုပ်ငန်း တိုးတက်အောင်မြင် အဆင်ပြေမည်။ အိမ်ခြံမြေလုပ်ငန်းများ၌ အကျိုး ရှိမည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရမည်။ အိမ်သုံးဇိမ်ခံပစ္စည်းရောင်းဝယ် ဖောက်ကားမှုအကျိုး ရှိမည်။ ရွှေတူးဖော်သောလုပ်ငန်းများ အကျိုးပေးမည်။ မိခင်၏ကျန်းမာရေး တိုးတက် ကောင်းမွန်မည်။ အမှုကိစ္စများ ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည်။ မိမိကိုယ်ကို ယုံကြည် အားကိုးသူများ စီးပွားရေးအောင်မြင်မည်။ ယတြာ - ရွှေကြည်ဆနွင်းမကင်း ကပ်လှူပါ။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂ -
၆ ရက်နှင့် ၁၁ ရက်တို့တွင် တိကျသေချာစွာ လုပ်ဆောင်တတ်မှု ကြောင့် အကျိုးစီးပွားဖြစ်ထွန်းနိုင်သည်။ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် လက်လွန်ငွေများ ပြန်လည်တောင်းခံရရှိတတ်၏။ ၀င်ငွေ ကောင်းသလို ထွက်ငွေလည်း များမည်။ မလိုအပ်သောပစ္စည်းများ ၀ယ်ယူခြင်းဖြင့် ငွေကုန် ကြေးကျများမည်။ ဆရာကောင်း သမားကောင်း တွေ့မည်။ ခံစားနေရသောဝေဒနာများ သက်သာပျောက်ကင်းလိမ့်မည်။ ယတြာ - မွေးနံထောင့်၌ ရွှေဖယောင်းတိုင် ပူဇော်ပါ။
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ - နှောင့်နှေးနေ သောလုပ်ငန်းကိစ္စများ သွက်လက်လာမည်ဖြစ်သည်။ အခက်အခဲများကိုလည်း ဖြေရှင်းနိုင် လိမ့်မည်။ အရေးကြီးသောစာချုပ်စာတမ်းကိစ္စများကို ၆ ရက်၊ ၈ ရက်၊ ၉ ရက်တို့၌ ဆောင်ရွက်သင့်၏။ မျှော်လင့်မထားသော ၀င်ငွေအကျိုးအမြတ် ရရှိနိုင်သောရက်များ ဖြစ်သည်။ ပြီးပြတ်ပြီဟုထင်သော လက်လျှော့ထားသည့်လုပ်ငန်းများ ပြန်လည်စတင်ရလိမ့် မည်။ ပညာရေးကောင်းမည်။ ယတြာ - ဗလာစာအုပ်များ လှူဒါန်းပေးပါ။
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ - ကံကောင်းသော နေ့ရက်များဖြစ်လိမ့်မည်။ စေ့စပ်တိကျသေချာ၍ မိမိနှင့်သက်ဆိုင်သောအလုပ်ကိုသာ ဆောင်ရွက်တတ်သူများအဖို့ လုပ်ငန်းအောင်မြင်မှု များစွာရမည်။ ကိုယ်ကျင့်တရား ပိုမို ကောင်းမွန်လာမည်။ အများ၏ချစ်ခင်လေးစားမှု ရရှိနိုင်ချိန်ဖြစ်သည်။ ဓနဥစ္စာတိုးပွားမည်။ မိသားစု သာယာချမ်းမြေ့မည်။ ရည်ရွယ်ထားသော အိမ်သုံးဇိမ်ခံပစ္စည်းများ ၀င်မည်။ လုပ်ငန်းတိုးချဲ့သော် အောင်မြင်မှုရမည်။ ယတြာ - တနင်္ဂနွေထောင့်၌ ရွှေလှူပါ။
မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ - စိတ်ကူး အကြံဉာဏ်များ အကောင်အထည်ဖော်ရန် အချိန်ကောင်းစောင့်ဆိုင်း နေရဦးမည်။ ဆန္ဒစော၍ ဆောင်ရွက် ခြင်းသည် အကျိုးရှိလိမ့်မည်မဟုတ်။ ကျန်းမာရေးညံ့ဖျင်းတတ်သည်။ မိမိ၏ ဇာတိရပ်ရွာမှ ထွက်ခွာပြောင်းရွှေ့ရတတ်သည်။ မိမိ၏ သတိထားဆောင်ရွက်သော လုပ်ငန်းကိစ္စများမူ အရှုံးမပေါ်နိုင်ပါ။ မကြာခဏ လုပ်ငန်း အဆင်မပြေမှုများ စတင်လွန်မြောက်သွားတော့ မည်ဖြစ်သည်။ ယတြာ - ပျားရည်နှင့်လုပ်သော မုန့်များ ကပ်လှူပါ။