
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
သတ္တိကြောင့် အောင်မြင်မှုပိုရတဲ့ မကြီးစန်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

နာမည်ကြီးတွေအတွက် မိတ်ကပ်အလှဖန်တီးရှင် ခင်စန်းဝင်းကို မေးခဲ့တာတွေက . . .
» ၂၀၀၉ ထဲမှာ မိန်းကလေးတွေရဲ့ မိတ်ကပ်အပြင်အဆင် ပြောင်းလဲ လာတယ်နော်။
အခုခေတ်မှာတော့ မိန်းကလေး တော်တော်များများက ကိုယ့်ဘာသာ ကိုယ် လိမ်းခြယ်တာလည်း အဆင်ပြေလာပါပြီ။ အရင်တုန်းကလို မိတ်ကပ်ဆရာတစ်ယောက်ရှိမှ အဆင်ပြေတာရယ်လို့ မဟုတ်တော့ဘဲနဲ့ နိုင်ငံတကာ နဲ့ ယှဉ်ပြီးတော့လည်း ကြည့်နိုင်တယ်ဆိုတော့ လိမ်းပုံခြယ်ပုံ တွေကလည်း ကမ္ဘာမှာခေတ်စားနေတဲ့ စတိုင်တွေကိုလည်း သိလာကြ တယ်။ ပြီးတော့ မိန်းကလေးတွေဆိုတာကလည်း ပညာတတ်တာ၊ မတတ်တာနဲ့ မဆိုင်ဘူး၊ ကိုယ့်ဘာသာကိုယ်လှအောင်တော့ လိမ်းခြယ် တတ်ကြပြီးသားပါပဲ၊၊သဘာဝက သင်ပေးထားတာပေါ့။
» ၂၀၁၀ မှာ ဘယ်လို အပြင်အဆင်မျိုးက ရေပန်းစားမယ်လို့ မကြီးစန်း ထင်လဲ။
အခုကတော့ အိုင်းရှဲဒိုးများများထည့် တဲ့ခေတ်ပေါ့။ ပြီးတော့ Lip Gloss ကို ပါရုံလောက်ပဲထည့်တယ်။ နိုင်ငံခြားမှာဆိုရင်တော့ မသိမသာ အခု ပြောင်းလဲ လာတာက နှုတ်ခမ်းကို အရင့်တွေ ပြန်ဆိုးလာကြပြီ။ အနီရဲရဲ တွေပေါ့။
» အလှအပ နယ်ပယ်မှာ မိန်းမ မိတ်ကပ်ပညာရှင်တွေ အောင်မြင်မှု သိပ်မရတာက ဘာကြောင့်လို့ ထင်လဲ။
မကြီးစန်းတို့လို လူမျိုးတွေ ကျတော့ လူလွတ်ဖြစ်တော့ ကိုယ့်ရဲ့ လုပ်ငန်း ကို စိတ် ရော ကိုယ်ပါနှစ်ပြီး လုပ်နိုင် တယ်။ မိန်းကလေးတွေကျတော့ အိမ်ထောင်ပြုတာ တို့ သားမွေးတာတို့ ရှိတဲ့ အခါကျတော့ ဒီ အလုပ်ကို သိပ် အာရုံမစိုက် နိုင်ကြဘူး။ မကြီးစန်းတို့ ကျတော့ မိသားစု အတွက် အချိန် ပေးစရာ မလိုတော့ အဲလိုအချိန်တွေမှာ ကိုယ့်ရဲ့ အတတ်ပညာနဲ့ ပတ်သက်တာ၊ လုပ်ငန်း နဲ့ ပတ်သက်တာ၊ အတွေ့အကြုံ ဗဟုသုတ တွေကို ရှာဖွေနိုင်တယ်။ အဲဒါကြောင့် လေ့လာမှု စွမ်းအားက မကြီးစန်း တို့လို လူမျိုးတွေက ပိုများတယ်။
» အမျိုးသမီး မိတ်ကပ်ဆရာ အမြင်နဲ့တော့ ဘယ်တူပါ့ မလဲနော်။
နောက်တစ်ခုကတော့ လုပ်ရဲတဲ့ သတ္တိပိုရှိတယ်။ မှားသည်ဖြစ်စေ၊ မှန် သည်ဖြစ်စေ လုပ်မယ်ဆိုတဲ့ သတ္တိရှိတဲ့အခါကျတော့ ကိုယ့်ရဲ့ အိုင်ဒီယာ ကို ချပြ ရဲတော့ အောင်မြင်မှုကိုလည်း ပိုရတယ်လို့ မြင်တယ်။
» မိတ်ကပ်ဆရာ တစ်ယောက်အတွက် ဘယ်လို အရာတွေကို အခက်အခဲတွေ လို့ယူဆလဲ။
နာမည်မကြီးခင် အတိုင်းအတာမှာ ကိုယ် လိမ်းခြယ် တတ်တယ်ဆိုတာကို လူတွေသိဖို့က တွေ့ကြုံရတဲ့ ပထမဆုံး အခက် အခဲပဲ။ ပြီးတော့ တက်သစ်စ လူငယ်တစ်ယောက် ဖြစ်တဲ့အတွက် လူတွေရဲ့ ယုံကြည်မှု အတိုင်းအတာက နည်းတယ်။ ယုံကြည်တဲ့ အတိုင်းအတာ က ၃၀ ရာခိုင်နှုန်းဆိုရင် မယုံကြည် တာက ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲဒီထဲမှာမှ ကိုယ့်ရဲ့ အတတ်ပညာနဲ့ ကိုယ့်ရဲ့ ကြိုးစားမှု၊ စိတ်ရှည်မှု၊ သည်းခံ မှုတွေကြောင့် သူတို့ လက်ခံလာတဲ့ အတိုင်းအတာက ပိုလာတယ်။ အဲလို တိုးလာပေမယ့် လည်း ကိုယ့်ရဲ့ ကြိုးစားမှုကို မရပ်မနား ကြိုးစားပြနေရမယ်။
» ကိုယ်လိမ်းပေးနေကျ ပုံစံမဟုတ်ဘဲ လိမ်းချင်တဲ့ ပုံစံ။
ကိုယ်တကယ်ဖီလင်လာတဲ့ဟာကတော့ လိုင်နာကိုဘယ်လိုထည့်မလဲ၊ အိုင်းရှဲဒိုးကို ဘယ်နှမျိုး စပ်ထည့်မလဲဆို တာတွေကို စိတ်ဝင် စားတယ်။ ဒါတွေကလည်း နိုင်ငံခြားကထွက်တဲ့ မဂ္ဂဇင်းတွေကိုကြည့်ပြီးတော့အတုယူရတာပေါ့။ အဲဒါမျိုးက ဘယ်အခါတွေမှာ အသုံးပြုလို့ရလဲဆိုတော့ မဂ္ဂဇင်းတွေက မြန်မာ မော်ဒယ်တွေကိုရိုက်တဲ့အလှစာမျက်နှာတွေ လိမ်းခြယ်တဲ့အခါမျိုး၊ ဖက်ရှင်ရှိုးလို ဟာမျိုးတွေမှာ သူတို့ ၀တ်ဆင်ထား တာတွေနဲ့ ကိုယ်လေ့လာထားတာတွေ နဲ့ လိုက်ဖက်အောင် စဉ်းစားပြီး ကိုယ် လေ့လာထား တာတွေကို အသုံးချလို့ ရတာပေါ့။ အဲဒါမျိုးကျတော့ စည်းတွေ ဘောင်တွေထက် ကျော်ပြီးတော့ စိတ်ကြိုက်လုပ်ခွင့်ရှိတယ်။ အဲလိုလွတ် လွတ်လပ်လပ် လုပ်ခွင့်ရှိတာတွေကိုတော့ မကြီးစန်း ပိုဖီလင်လာတယ်။