
ဝရန်တာအများကြီးပါတဲ့ လုံးချင်းအိမ်
ဒီတစ်ပတ်ရွေးချယ်ထားတဲ့ အိမ်လေးက မြို့ထဲနဲ့အလှမ်း မဝေးလှတဲ့တာမွေမြို့နယ် မှာပါ။ တာမွေနဲ့ သင်္ဃန်းကျွန်း မြို့နယ်အစပ်မှာရှိပြီး တာမွေလေးလို့ လည်းလူ သိများပါတယ်။ လေးထောင့် ကန်လမ်းမကြီးကနေ ချိုးကွေ့ဝင်သွားရတဲ့ ပင်ရွှေညောင်လမ်းထဲမှာရှိပါတယ်။.......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
နှစ်ကူးမှာ ဒါတွေပြောင်းလဲပါ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)

၁။ အရင်ဆုံး သင့်ရဲ့စတိုင်ပါ။ အ၀တ်အစားစတိုင်၊ ဆံပင်စတိုင်ကို အမြဲပြောင်းနေသူတွေအတွက်ကတော့ အထူးပြောစရာမဟုတ်ပေမယ့် ၂၀၁၀ ပြည့်နှစ်မှာ သင့်ရဲ့ ခေါက်ရိုးကျိုး နေတဲ့ အပြင်အဆင်တွေကို ပြောင်းသင့်တယ် လို့မထင်ဘူးလား။ လုပ်စမ်းပါ။ အပြောင်း အလဲ လေးပေါ့။
၂။ သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲရအောင်။ အလုပ်၊ နေအိမ်မှာ ပစ္စည်း တွေကို နေရာပြောင်းထားတာပဲဖြစ်ဖြစ်၊ ပစ္စည်းသစ်တွေဝယ်ပြီးပဲဖြစ်ဖြစ် အမြင် မတူတဲ့ ရသလေးဖြစ်အောင် လုပ်ကြည့်ပါလား။ နေ့တိုင်း မြင်နေ ကျပုံစံကြီးပဲ မြင်နေရတာ ပျင်းဖို့ကောင်းလိုက်တာ။
၃။ နေ့တစ်နေ့ကို စတင်တိုင်း အကောင်းဖက်ကတွေးရင်း စလိုက်ကြရအောင်။ ဒီလိုပြောလိုက်လို့ သင်ကအဆိုး မြင်နေတယ်လို့ ဆိုလို တာမဟုတ်ဘူးနော်။ ဒါပေမယ့် အရာရာကို သူ့ဘက်ကိုယ့် ဘက်တွေးကြည့်ပေးပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ကိုင် ကြည့်ဖို့ ကြိုးစားဖို့ မသင့်ဘူးလား။
၎။ နေထိုင်စားသောက်မှု ပုံစံကိုလည်း ကျန်းမာရေးကို အသားပေးတဲ့ အလေ့အထဖြစ်အောင် ပြုပြင်ပြောင်းလဲသင့်ပါပြီ၊၊ သင့် စိတ်ကြိုက် အစားအစာတွေကရော ကျန်းမာရေးနဲ့ ညီညွတ်မှုရှိမရှိဆိုတာနဲ့ အသက်အရွယ်နဲ့လိုက်ဖက်မယ့် အစား အစာတွေ စားပေးဖို့ လိုလာပြီနော်။