Decolgen Medicine Advertisement at Myanmar Times

ဝရန်တာအများကြီးပါတဲ့ လုံးချင်းအိမ်

House Of The Week - Mandalayဒီတစ်ပတ်ရွေးချယ်ထားတဲ့ အိမ်လေးက မြို့ထဲနဲ့အလှမ်း မဝေးလှတဲ့တာမွေမြို့နယ် မှာပါ။ တာမွေနဲ့ သင်္ဃန်းကျွန်း မြို့နယ်အစပ်မှာရှိပြီး တာမွေလေးလို့ လည်းလူ သိများပါတယ်။ လေးထောင့် ကန်လမ်းမကြီးကနေ ချိုးကွေ့ဝင်သွားရတဲ့ ပင်ရွှေညောင်လမ်းထဲမှာရှိပါတယ်။.......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ငွေဆောင်ဇုန် ဒုတိယအကြိမ်မြောက် ကရင်ဒုံးယိမ်းပွဲကျင်းပ

စတား
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)

ငွေဆောင်ဇုန် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းက ကြီးမှူးပြီး ဒုတိယ အကြိမ်မြောက် ကရင်ဒုံးယိမ်းပြိုင်ပွဲကို ဇန်န၀ါရီလ ၃ ရက်နေ့က ငွေဆောင် ကမ်းခြေတွင် ကျင်းပခဲ့သည်။

ငွေဆောင်ကမ်းခြေ ဖွံ့ဖြိုးစည်ပင် စေရန်၊ ပြည်တွင်းပြည်ပဧည့်သည်များ အပန်းဖြေ ကြည့်ရှုနိုင်ရန်၊ ကရင် တိုင်းရင်းသားများ၏ ဒုံးယိမ်းပြိုင်ပွဲများ ကို ရိုးရာအစဉ်အလာမပျက် ထိန်းသိမ်း နိုင်ရန်၊ ဟိုတယ်လုပ်ငန်း တာဝန်ထမ်း ဆောင်နေသူများ၊ ခရီးသွား ဧည့်သည် များနှင့် ဒေသခံတိုင်းရင်းသားလူမျိုး များ ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ မြန်မာ တိုင်းရင်းသားရိုးရာများကို သိရှိ နားလည်တန်ဖိုးထားတတ်စေရန် ကျင်းပခြင်းဖြစ်ကြောင်း အသင်းဧ။် တွဲဖက် အတွင်းရေးမှူး(၂) ဒေါ်နွေအေး အေးဝေက ပြောသည်။

ဒုံးယိမ်းပြိုင်ပွဲတွင် အဖွဲ့ ခြောက်ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆုကိုဆပ်ကွင်း ကျေးရွာဒုံးအဖွဲ့၊ ဒုတိယဆုကို စိန်တပင်ကျေးရွာ ဒုံးအဖွဲ့နှင့် တတိယ ဆုကို တမန်ချောင်း(၂)ဒုံးအဖွဲ့တို့က ဆွတ်ခူးခဲ့သည်။ နှစ်သိမ့်ဆုများကို လည်း တမန်ချောင်း (၁) ကျေးရွာဒုံး အဖွဲ့နှင့် သရက်ချောင်း ကျေးရွာဒုံး အဖွဲ့တို့က ရရှိခဲ့သည်။

ပြိုင်ပွဲတွင် စက်ကွင်းကျေးရွာမှ ၁၈ ဦး ပါဝင်သော ဒုံးသေးအဖွဲ့နှင့် ဆင်မ ကျေးရွာမှ ၃၀ ပါဝင်သော ဒုံးလတ် အဖွဲ့များ၏ ကပြ ဖျော်ဖြေမှုများနှင့် ရခိုင်ရိုးရာ ယိမ်းအကများလည်း ပါဝင် ခဲ့ပြီး ဒေသခံများ၊ နိုင်ငံခြားသားနှင့် ပြည်တွင်း ခရီးသည်များ လာရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုနေ့တွင်လည်း ဒုတိယ အကြိမ်မြောက် ထမနဲ ပြိုင်ပွဲနှင့် မတ်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကမ်းခြေ ၁၀ နှစ်ပြည့် ပွဲတော်ကို ကျင်းပရန် စီစဉ်နေသည်။