Decolgen Medicine Advertisement at Myanmar Times

ဝရန်တာအများကြီးပါတဲ့ လုံးချင်းအိမ်

House Of The Week - Mandalayဒီတစ်ပတ်ရွေးချယ်ထားတဲ့ အိမ်လေးက မြို့ထဲနဲ့အလှမ်း မဝေးလှတဲ့တာမွေမြို့နယ် မှာပါ။ တာမွေနဲ့ သင်္ဃန်းကျွန်း မြို့နယ်အစပ်မှာရှိပြီး တာမွေလေးလို့ လည်းလူ သိများပါတယ်။ လေးထောင့် ကန်လမ်းမကြီးကနေ ချိုးကွေ့ဝင်သွားရတဲ့ ပင်ရွှေညောင်လမ်းထဲမှာရှိပါတယ်။.......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တစ်ပတ်စာ သင်၏ကံဇာတာ

၂၀၁၀၊ ဇန်န၀ါရီလ ၁၅ ရက်မှ ၂၁ ရက်အထိ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊
သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀
မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ - အလုပ်ကိစ္စ၌ စိတ်ပင်ပန်းနွမ်းနယ် သော ဖိစီးမှုဒဏ်ကို ခံစားနေရတတ်သည်။ ထို့ပြင် ယခင်ဖြစ်ခဲ့ဖူးသော အဖျားရောဂါမျိုး ပြန်လည်ခံစားရတတ်၍ ဆင်ခြင်သတိထားပါ။ ၀င်ငွေကောင်းမည့်လုပ်ငန်းများ စတင် အကျိုးပေးလာနိုင်သည်။ ရင်းနှီးမြှုပ်နှံမှုလည်း အနာဂတ်အတွက် အကျိုးရှိလိမ့်မည်။ မိမိ၏ အသိဉာဏ်ပညာနှင့် ကိုယ်ရည် ကိုယ် သွေး တိုးတက်နေမည်။ ရပ်ဝေးအဆက်အသွယ်ကောင်းများ ရရှိလိမ့်မည်။ ယတြာ - ကြွေထည်ပစ္စည်း လှူဒါန်းပါ။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ - ကံကောင်းသောနေ့ရက်များ ဖြစ်သည်။ လူကြီးသူမတို့ကြောင့် မိမိ၏လိုအင် ဆန္ဒများ ပြည့်ဝနိုင်သည်။ ကုသိုလ်ရေး အဓိဋ္ဌာန်အောင်မြင်။ လုပ်ငန်းအခြေအနေ ကောင်းစွာတိုးတက်မည်။ ထို့ကြောင့် ပုံမှန် ၀င်ငွေ ထက် ပိုမိုတိုးတက်ရရှိမည်။ ကြိုးပမ်းလုပ်ဆောင်မှုများ အရာရောက်လိမ့်မည်။ ၀ါသနာ အရင်းခံသော လုပ်ငန်းများ၌ ဇာတာစန်းလဂ် စတင်တိုးတက်လာပြီဖြစ်သည်။ နေရေး ထိုင်ရေးအခြေအနေ တိုးတက်ကောင်းမွန်လာမည်။ ယတြာ - နှမ်းဆီ လှူပါ။
မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ - ယေဘုယျ ဆက်လက်ကံကောင်း နေပါသည်။ သယံဇာတရှာဖွေတူးဖော်မှု အကျိုးပေးလိမ့်မည်။ လူကြီးသူကောင်းများနှင့် မိတ်ဆွေဖြစ်ရလိမ့်မည်။ မိဘဆရာသမားတို့၏ အောင်မြင်မှုများကြောင့် ဂုဏ်ယူဝမ်းမြောက် ရလိမ့်မည်။ ရပ်ဆိုင်းထားသော ဇိမ်ခံပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေး၊ အလှကုန်လုပ်ငန်း၊ ကွန်ပျူတာ သင်တန်းများ ပြန်လည်ဖွင့်လှစ်အောင်မြင်မှု ရနိုင်၏။ ကိုယ်ရည်ကိုယ်သွေး အထူးမြင့်မားတိုးတက်မည်။ ယတြာ - ဆေးဝါး ဓာတ်စာ ဒါနပြုပါ။
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ - ၁၅ ရက်၊ ၁၇ ရက်တို့ ကံပွင့်လန်းနေမည်။ ထိုရက်များ၌ ကြိုးပမ်းဆောင် ရွက်မှု အရာရောက်လိမ့်မည်။ လိုအင်ဆန္ဒ ပြည့်ဝနိုင်ချိန်ဖြစ်သည်။ ဦးခေါင်းပိုင်းဝေဒနာများလည်း သက်သာပျောက်ကင်း နိုင်သည်။ ကိုယ်ခံပညာရပ်များ၊ တိုက်ခိုက်ရေးပညာရပ်များ၌ ထူးချွန်ထက်မြက်နေမည်။ နိုင်ငံရပ်ခြား ပညာတော်သင်ကိစ္စများ ကံဇာတာတက်နေချိန် ဖြစ်သည်။ သို့သော် ကျန်းမာရေး ဆက်လက်ဂရုစိုက်နေသင့်၏။ ယတြာ - ရွှေဆိုင်း လှူဒါန်းပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ - ၁၇ ရက်၊ ၂၀ ရက်တို့တွင် ကံတရားပိုမိုပွင့်လန်းနေလိမ့်မည်။ ထိုရက်များ၌ ရစရာငွေကြေးကိစ္စများ ကြိုးစားဆောင်ရွက် အောင်မြင်နိုင်၏။ အိမ်ထောင်ဖက်ကြောင့် ကြီးပွားတိုးတက်ရန် လမ်းစများ ပေါ် ပေါက်လိမ့် မည်။ ယာယီလုပ်ငန်းများ အကျိုးအမြတ် မျှော်လင့်သည်ထက် ပိုဖြစ်နိုင်၏။ဖျော်ဖြေရေး လုပ်ငန်းများ အတန်အသင့် အောင်မြင်မည်။ ငွေကံစမ်းသင့်သောရက်များဖြစ်၍ ထီထိုးပါ။ ချစ်သူနှင့် စေ့စပ်ကြောင်းလမ်းပြုရတတ်သည်။ ယတြာ -ထီးတော် အတွက် ငွေလှူပါ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ - သွားရေးလာရေး မိမိစိတ်တိုင်းကျဖြစ်လာမည်။ နေရေးထိုင်ရေးလည်း အဆင်ပြေနိုင်သည်။ ကြွေးမြီများရှိပါက အတန်အသင့်ပြေလည်အောင် ပေးဆပ်နိုင်လိမ့်မည်။ အခက်အခဲပြဿနာများကို အောင်မြင် စွာ ကျော်လွှားနိုင်မည်။ အမှုကိစ္စတို့၌ ဥပဒေနှင့်အညီ အနိုင်ရရှိလိမ့်မည်။ ယာယီပေါ်ပင် အလုပ်များ အရှုံးအမြတ် ရောထွေးကြုံတွေ့နိုင်၏။ ရပ်ဝေးခရီး ယာယီပေါ်ပေါက်နိုင်သည်။ နစ်နာဆုံးရှုံးမှုများကို ဟန့်တားနိုင်မည်။ ယတြာ - တရားစာအုပ် များဓမ္မဒါနပြုပါ။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃ - အလုပ်အကိုင်နှင့် ပတ်သက်သောကိစ္စများ အဆင်ပြေလာနိုင် ပါသည်။ ၁၅ ရက်နေ့တွင် လုပ်ငန်းကိစ္စ အဆက် အသွယ်ကောင်း ရတတ်သလို အလုပ်ကိစ္စအတွက်လည်း ခရီးသွားစရာကြုံ တွေ့လာနိုင်၏။ အိမ်တွင်းမှုလုပ်ငန်းများ၊ လက်မှုပညာလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရတတ်သည်။ ၀င်ငွေ ကောင်းသလို ထွက်ငွေများမည်။ အကြံအစည်များ အကောင်အထည်ဖော်နိုင်မည်။ ရပ်ဝေးနေဆွေမျိုးသားချင်းထံမှ သတင်းကောင်းကြားရမည်။ ယတြာ - ဖိနပ်လှူပါ။
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ - နိုင်ငံခြားလုပ်ပစ္စည်းများလက်ဆောင်ရလိမ့်မည်။ မိမိ၏ စီးပွားရေး လုပ်ငန်း မျှော်လင့်သည်ထက် ၀င်ငွေ တိုးနိုင်၏။ လုပ်ငန်းကျွမ်းကျင်မှု ပိုမိုတိုးတက်လာမည်။ ခြံမြေ၊ အိမ်၊ သယံဇာတအမွေအနှစ် တို့မှ အကျိုးကျေးဇူးဖြစ်ထွန်းမည်။ ပိုမို၍ကောင်းမွန်သော နေအိမ်၊ ယာဉ်စသည်တို့ အကျိုးပေးလာမည်။ ပညာရေးကြိုးပမ်းအား ထုတ်မှု အောင်မြင်မှုရာခိုင်နှုန်း များစွာဖြစ်ပေါ် လာမည်။ ကျက်မှတ်သမျှ အကျိုးရှိလိမ့်မည်။ ယတြာ - သွားတိုက်ဆေးများ လှူဒါန်းပါ။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂ - တစ်ပတ်လုံး ကံကောင်းနေမည်ဖြစ်သည်။ ကျွမ်းကျင်ပိုင်နိုင်သော အလုပ်တို့၌ ပိုမိုစီးပွားရေးဖြစ်ထွန်းလိမ့်မည်။ အိမ်ထောင်ဖက်ထံမှ အကြံဉာဏ်ကောင်း ရရှိလိမ့်မည်။ အစုစပ်လုပ်ငန်းများ၊ အသင်း အဖွဲ့များ စသည်တို့တွင် တာဝန်ယူရခြင်း၊ ဦးဆောင်လုပ်ကိုင်ရခြင်းများ အဆင်ပြေချောမွေ့ လိမ့်မည်။ နိုင်ငံရပ်ခြားမှ သတင်း ကောင်းကြားမည်။ ကိုယ်ရည်ကိုယ်သွေးတိုးတက်မည်။ အစားအသောက်ဆင်ခြင်ပါ။ လက်လွန်ငွေ ပြန်ရတတ်၏။ ယတြာ -သီးစုံ ထိုးမုန့်လှူပါ။
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ - ကျန်းမာရေး ကောင်းမွန်နေမည်။ ငွေစုဆောင်းမိမည်။ ပျော်ရွှင် ချမ်းမြေ့မှု ပိုမိုရရှိလာမည်။ ခရီးဆောင် အိတ်များ၊ ယာဉ်နှင့် အပိုပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများှေူးသက်သက်သာသာနှင့် ရတတ်သည်။အပြိုင်အဆိုင် ဆောင်ရွက်ရသော စာနယ်ဇင်းထုတ်လုပ်မှု၊ စာရေး ကိရိယာ လုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ အဆင်ပြေတိုးတက် လာမည်။ ယတြာ - မွေးနံထောင့်၌ သောက်တော်ရေခွက်များ လှူပါ။
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ - မိမိ၏ ကျန်းမာရေး နှင့် ကိုယ်ရေးကိုယ်တာကိစ္စများ တိုးတက်ကောင်း မွန်နေမည်။ အိမ်ထောင်ဖက်သည် ကံမကောင်းဖြစ်နေခဲ့ပါက ပို၍ကံကောင်းလာတော့မည်ဖြစ်သည်။ ၎င်း၏ကျန်းမာရေး တိုးတက် ကောင်းမွန်လာမည်။ ဇာတာရှင်ကိုယ်တိုင်မူ တစ်ပတ်လုံး ကံအကျိုးပေး ကောင်းမွန်နေတတ်သည်။ အစုစပ်လုပ်ငန်းများတွင် တွဲဖက်လုပ်ကိုင်သူတို့၏ သစ္စာမဲ့မှု ခံရတတ်၍ သတိထားပါ။ ယတြာ - မွေးနံထောင့်၌ နှင်းဆီနီများလှူပါ။
မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ - အကြံအစည်များ အကောင် အထည်ဖော်ရန် မသင့်သေး။ စိတ်ဆန္ဒစောမှု ကြောင့် ငွေလုံးငွေရင်း ဆုံးရှုံးနိုင်၏။ ရပ်ဝေး ဒေသ၌ ပြောင်းရွှေ့အခြေချရတတ်ချိန်လည်း ဖြစ်သည်။ ၁၅ ရက်နှင့် ၁၇ ရက်နေ့ တို့တွင် ယာယီလုပ်ငန်းများ အကျိုးပေးလိမ့်မည်။ ပုံမှန်မဟုတ်သော အမြတ်အစွန်းတို့လည်း ရနိုင်သည်။ သတိရှိရှိနှင့် ဆင်ခြင် တွေးတောလုပ်ဆောင်သင့်၏။ ရပ်ဝေးမြေခြားခရီး ပေါ်ပေါက်လာမည်။ ယတြာ - ချိုသော မြန်မာမုန့်များ ကပ်လှူပါ။