Decolgen Medicine Advertisement at Myanmar Times

ဝရန်တာအများကြီးပါတဲ့ လုံးချင်းအိမ်

House Of The Week - Mandalayဒီတစ်ပတ်ရွေးချယ်ထားတဲ့ အိမ်လေးက မြို့ထဲနဲ့အလှမ်း မဝေးလှတဲ့တာမွေမြို့နယ် မှာပါ။ တာမွေနဲ့ သင်္ဃန်းကျွန်း မြို့နယ်အစပ်မှာရှိပြီး တာမွေလေးလို့ လည်းလူ သိများပါတယ်။ လေးထောင့် ကန်လမ်းမကြီးကနေ ချိုးကွေ့ဝင်သွားရတဲ့ ပင်ရွှေညောင်လမ်းထဲမှာရှိပါတယ်။.......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

သီချင်းနားမထောင်ခဲ့လို့ ခက်တဲ့ ဟန်နေ

 

ဒီတစ်ပတ် အဆိုတော် ဟန်ထူးလွင်ရဲ့ ညီမဖြစ်သူ ဟန်နေနေလွင်နဲ့ သူအိမ်မှာ သွားမေးဖြစ်ခဲ့တာ တွေက . . .

နွမ်ဘွိုင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)

Myanmar Gas pipe-lineဟန်နေနေလွင်

» ကိုကျားပေါက်ပွဲမှာ ညီမ ၀င်တီးသွား တယ်နော်။ အဲဒီသီချင်းတွေမှာ ဘယ် လိုဝင်ပါဖြစ်သွားတာလဲ။

ကူကူးကစာမေးပွဲပြီးပြီးချင်း ပြန်လာတာ။ ပြန်လာတဲ့အချိန်မှာ ကိုတေး (ဟန်ထူးလွင်)က လည်းပွဲရှိတော့ ကူကူး ကလည်းတီးချင်တယ်။ အဲဒါနဲ့ ကိုတေး ကလည်းမေးတော့ တီးမယ်လို့ပြောလိုက်တာ။ တကယ်တမ်း 'ဗီလိန်' တစ်ပုဒ်တည်း ကိုပဲတီးဖို့ပြောတာ၊ ကူကူးနှစ်ပုဒ်လောက်တော့ တီးချင်တယ်ဆိုပြီး နှစ်ပုဒ်တီးလိုက်တာ။


» ကျားပေါက်အတွက်တီးပေးတာ ဒါ ပထမဆုံးပွဲလား။
မြန်မာပြည်မှာကတော့ ဒါပထမဆုံးပွဲ ပါပဲ။ စင်ကာပူမှာတော့ ကျောင်းပွဲတွေမှာ တီးဖူးတယ်။


» စင်ပေါ်တက်ရတာ ဘယ်လိုနေလဲ။ ဒီပွဲမတိုင်ခင် ညီမရဲ့စိတ်လှုပ်ရှားမှု။
ကိုတေးတို့နဲ့ တွဲလုပ်ရမယ်ဆိုတော့ အိပ်မက်ကြီးလိုပဲ။ ကိုတေးကိုလည်း အရမ်းအားကျတယ်။ ပထမဆုံးပွဲလည်း ဖြစ်တယ်၊ ကိုတေးနဲ့ဆိုတော့ လူများမယ် ဆိုတာလည်းသိတော့စိတ်လှုပ်ရှားတယ်။


» ညီမတီးသွားတဲ့ နှစ်ပုဒ်စလုံးက ခပ် ကြမ်းကြမ်းတွေပဲနော်။ ကူကူးက အဲဒီပုံစံမျိုးကို ကြိုက်တာလား။
ကိုတေးလို ပန့်ခ်လိုင်းမျိုးလည်းကြိုက်တယ်။ ပြီးတော့ ဖေဖေ့ရဲ့ ဟိုအရင် တုန်းက Old School Rock ပုံစံမျိုးတွေကို နှစ်နှစ်ခြိုက်ခြိုက်ကို ကြိုက်တယ်။


» မိန်းကလေး ဂစ်တာသမား တစ်ယောက်အနေနဲ့ ဘာအခက်အခဲတွေရှိလဲ။
မိန်းက လေးတစ် ယောက် ဖြစ်တာ ထက် စာရင် ငယ်ငယ်ကတည်းက သီးချင်း နားမထောင်ခဲ့ဘဲ စာပဲလုပ်ခဲ့တော့ အဲဒါတွေ ကြောင့် ခက်ခဲတယ်။


» အဲဒါဆို ဒီလိုင်းကိုလိုက်ဖို့ တော်တော်လေး ဆုံးဖြတ်ရခက်ခဲ့မှာပေါ့။
စိုးရိမ်စိတ်တော့ရှိခဲ့တယ်။ ကူကူးက A level ကို စင်ကာပူမှာ စကောလာ နဲ့ တက်နေတုန်းမှာ အဲဒီ စိတ်ကြီးက ပြောင်း သွားတော့ ဖေဖေ တို့ကို ပြောရတာလည်း နည်းနည်းခက်တာပေါ့။


» စတီးချင်းဒရမ်နဲ့ တိုင်မင် နည်းနည်းလွှဲသွားတော့ စိတ်ထဲမှာဘယ်လိုနေလဲ။ စိုးရိမ်တာမျိုးရောဖြစ်မိသေးလား။
ဟုတ်တယ်...အဲဒါကတော့ တစ်ယောက်နဲ့ တစ်ယောက်အချိန်းအချက်နည်း နည်းလွဲသွားတာလောက်ပါ။ စင်ပေါ်တက်လိုက် ကတည်းက ဖြစ်ချင်တာ ဖြစ်ကွာလို့ စိတ် မှာထားလိုက်တော့ စိုးရိမ် စိတ်တော့မရှိဘူး။


» အဲဒါအပြင်..ပရိသတ် မသိလိုက်တဲ့အလွဲတွေရော ရှိခဲ့သေးလား။
ကြားထဲမှာတော့ဆံပင် တွေကျလာလို့ တစ်ဘားလောက်နားတယ်။ ပြီးတော့ solo တီးတဲ့အချိန်မှာ စပီကာဘယ်လို ဖြစ်သွား လဲမသိဘူး။ ကိုယ်ဘာတီးမှန်း ကိုယ်မကြားရဘူး။ ဒါပေမယ့် တခြားမြူးဇစ်သမားတွေ ပြောတာတော့ တီးလိုက်တဲ့ အလုံးတွေက ကွက်တိပဲလို့ပြောပါတယ်။


» ကျားပေါက်နဲ့ ဘာတွေအကြိုက်ချင်းတူပြီး ဘာတွေကို အကြိုက်ချင်းမတူဘူးလဲ။
အကုန်နီးပါးတူတယ်။သူလည်းအရမ်း စားတယ်၊ ကိုယ်လည်းအရမ်းစားတယ်။ မတူတာကတော့ သူက Skid Row Band မကြိုက်ဘူး။ ကိုယ်က Skid Row Band အရမ်းကြိုက်တယ်။ ပြီးတော့ ကိုတေးက အရမ်း talented ဖြစ်တယ်။ သူက လေးနှစ်အရွယ်လောက်က တည်း ကဒရမ်တီးတတ်တယ်။ သူဆိုစာဘက်မှာလည်း ကူကူးထက်ရတယ်။ မြူးဇစ်မှာဆို လို့ရှိရင်လည်း လုပ်လိုက်တာပဲ။ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိတယ်။ ကူကူးကကျတော့ ဂီတကို ငယ်ငယ်ကတည်းက လုပ်လာတာ မဟုတ်ဘူး။ talent လည်း သူ့လောက်တော့ မပါဘူး။


» ကြော်ငြာတစ်ခုမှာတော့ မော်ဒယ် အဖြစ် သရုပ်ဆောင်တာတွေ့တယ်။ ဂီတဖက်မှာရောဘာတွေစီစဉ်ထားတာရှိသေးလဲ။
ကူကူးက သရုပ်တော့မဆောင်တတ်ဘူး။ A21 အတွက် ကြော်ငြာဓာတ်ပုံ ရိုက်ဖြစ်တာကလည်းမေမေကငယ်တုန်း အမှတ်တရ ရိုက်ထားလို့ပြောလို့ ရိုက်ဖြစ်သွားတာ။ ဒါပေမယ့် မကြာပါဘူး။ နာဂစ်နဲ့ ဘုတ်ကြီးတွေပါသွားတယ်။