
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အမ်စီပီအေမှ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ လက်တွေ့လုပ်ငန်းခွင်၌ သင်ယူရန် စီစဉ်သွားမည်
ရဲလင်းထွဋ်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များ အသင်း(MCPA) မှ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ လက်တွေ့လုပ်ငန်းခွင်
ဝင်ရောက်လုပ်ကိုင် သင်ယူမှုအတွ့အကြုံများ ရရှိနိုင်ရန် လာမည့်နှစ်ကုန်ပိုင်းတွင် စတင်စီစဉ်သွားမည်ဖြစ်ကြောင်းသိရသည်။
"ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေကို လုပ်ငန်းခွင်တွေမှာ On Job Training ကို စီစဉ်ပေးဖို့ရှိပါတယ်။
အသင်းကနေ စီစဉ်ပြီး ကုမ္ပဏီတွေနဲ့ ညှိနှိုင်း
ဆွေးနွေးမယ်။ ကျောင်းကနေ ရွေးချယ်မယ်။ ကျောင်းသူကျောင်းသားတွေအတွက်
လုပ်ငန်းခွင်လက်တွေ့ရအောင် လုပ်ပေးပါမယ်။
"လောလောဆယ် ကျောင်းက ပါမောက္ခချုပ်နဲ့ ဆွေးနွေးနေပါတယ်။ Under graduate
ဖြစ်မလား၊ Post graduate ဖြစ်မလားတော့
မသိဘူး။ ဒီ နှစ်မကုန်ခင်လောက်မှာ ဖြစ်ဖို့
မှန်းထားတယ်"ဟု အသင်းတွဲဖက်အတွင်းရေးမှူး(၁) ဦးမင်းဦးကပြောသည်။ ထိုကဲ့ သို့ ပြုလုပ်ခွင့်များရရှိရန် သက်ဆိုင်ရာသို့ ခွင့်ပြု ချက် တောင်းခံထားသည်ဟုသိရသည်။
ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ကျောင်းသူများသည် လုပ်ငန်းခွင် လက်တွေ့ ၀င်ရောက်သင်ကြားမှု အတွက် အချိန်ပြည့်
လုပ်ကိုင်ရဖွယ်ရှိပြီး သက်ဆိုင်ရာ ဘာသာရပ် နယ်ပယ်အလိုက် သက်ဆိုင်ရာလုပ်ငန်းနယ်ရှိ ကုမ္ပဏီများတွင် ၀င်ရောက်လုပ်ကိုင် ရမည်ဖြစ်သည်။
"တကယ့်လက်တွေ့လုပ်ငန်းခွင်မှာ Software သမားဆိုလည်း Software ကုမ္ပဏီနဲ့ ချိတ်ဆက်ပေးပြီး အဲဒီကာလမှာ အချိန်ပြည့်
သွားလုပ်ရမှာ ဖြစ်ပါတယ်။ ဒါမှတကယ့်
လုပ်ငန်းခွင်အတွေ့အကြုံကိုရမယ်"ဟု ဦးမင်းဦးကပြောသည်။
နည်းပညာရပ်ဆိုင်ရာ ကျောင်းဆင်းများ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်ရာတွင် အတတ်ပညာဆိုင်ရာ အောင်လက်မှတ်များ တင်ပြနိုင်သည့်တိုင် အတွေ့အကြုံမရှိသည့် သူများကို ခန့်ထားမှု နည်းပါးသည်။