Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ကျပ်ငါးသိန်းတန်ဖုန်း တာဝါတိုင်များတိုးချဲ့နေ

"လိုင်းထပ်တိုးမှာဖြစ်တဲ့အတွက် တာဝါတိုင်တွေကိုလည်း ရန်ကုန်မှာ ၃၂ ခုနဲ့ မန္တလေးမှာ ခုနစ်ခု စုစုပေါင်း ၃၉ ခုထပ်တိုးချဲ့နေ ပါတယ်။ အသုံးပြုနိုင်တဲ့ မြို့နယ်ကိုလည်း ရန်ကုန်မှာဆိုရင် လေးထောင့်ကန်၊ မှော်ဘီ၊ ဒဂုံ (အရှေ့)နဲ့ ဒလမြို့နယ် တွေအထိ သုံးနိုင်အောင် ဆောင်ရွက်ပေးထားပြီး မန္တလေးမှာဆိုရင် မန္တလေးတိုင်းထဲက စဥ့်ကိုင်နဲ့ ကျောက်ဆည်မြို့ နယ်တွေ အထိ သယ်ဆောင် အသုံးပြုနိုင်အောင် စီစဉ်ပေးပြီးပါပြီ"

News 

ရန်ကုန်နှင့် မန္တလေးဘားကမ့် ၂၀၁၁ နှစ်ဦးတွင် ပြုလုပ်မည်

ဒုတိယအကြိမ်မြောက် ရန်ကုန် ဘားကမ့်နှင့် မန္တလေးဘားကမ့်ကို ၂၀၁၁ ခုနှစ်နှစ်ဦးတွင် ပြုလုပ်သွားရန်ရှိကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ပြောသည်။ ဒုတိယအကြိမ်မြောက် ရန်ကုန် ဘားကမ့်ကို ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ တတိယပတ်ခန့်တွင် ပြုလုပ်သွားရန် ရှိပြီး မန္တလေး ဘားကမ့် ကိုလည်း ၂၀၁၁ ခုနှစ်အတွင်း ပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။

News 

ဝိုင်ယာလက်ကွန်ရက်လုံခြုံရေး

Wireless router သို့မဟုတ် access point တွေမှာ စက်ရုံထုတ်လုပ်ကတည်း က စကားဝှက်(Password) ပါဝင်ပါတယ်။ တချို့ router တွေမှာuser name က admin ဖြစ်ပြီး password ကလည်း admin ဆိုပြီး တပ်ဆင်ထားတပ်ပါတယ်။ အဲဒီစကားဝှက်တွေကို အားကောင်းလုံခြုံတဲ့ password တွေနဲ့ ပြောင်းပစ်ရပါမယ်။ ဒီလိုပြောင်းမထားဘူးဆိုရင် ကိုယ့်ရဲ့ Wireless router ထဲကို အလွယ်
တကူ ၀င်ရောက်နိုင်ပါတယ်။

News 

ဂူးဂဲလ်စီအီးအိုကပြောတဲ့ လူမှုရေးကွန်ရက်ရဲ့ဆိုးကျိုး

ဂူးဂဲလ်ရဲ့ စီအီးအို Eric Schmidt ဟာ အွန်လိုင်း ပေါ်မှာ အချင်းချင်းအသိပေးပြောကြားနေကြတဲ့ သတင်းအချက်အလက် အမြောက်အမြားနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်နေပြီး လူတွေဟာ အွန်လိုင်းပေါ်က သူတို့ရဲ့ အတိတ်ကို ခြေရာဖျောက်ချင်တာကြောင့် တစ်နေ့ကျရင် သူတို့ ရဲ့ အမည်တွေကို အသစ်ပြောင်းကြလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

News 

အမ်စီပီအေမှ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ လက်တွေ့လုပ်ငန်းခွင်၌ သင်ယူရန် စီစဉ်သွားမည်

"ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေကို လုပ်ငန်းခွင်တွေမှာ On Job Training ကို စီစဉ်ပေးဖို့ရှိပါတယ်။
အသင်းကနေ စီစဉ်ပြီး ကုမ္ပဏီတွေနဲ့ ညှိနှိုင်း ဆွေးနွေးမယ်။ ကျောင်းကနေ ရွေးချယ်မယ်။ ကျောင်းသူကျောင်းသားတွေအတွက်
လုပ်ငန်းခွင်လက်တွေ့ရအောင် လုပ်ပေးပါမယ်။

News 

သတင်းတိုများ

- မကွေးအက်ဖ်စီဗိုင်းရပ်စ် နှိမ်နင်းနိုင်ပြီ

- လီနိုဗိုအရောင်းပြပွဲ ဒုတိယအကြိမ်ပြုလုပ်မည်

- Prolink နုတ်ဘုတ်စ် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းမည်

- မြန်မာ-ကိုရီးယားပူးပေါင်း၍ အိုင်စီတီပြပွဲကျင်းပမည်News

မြစ်ရေလျှံသဖြင့် ပဲခူးမြို့ရှိ ရပ်ကွက်ကိုးခုတွင် ရေကြီးနေ

"အိမ်မှာနေလို့ရသမျှ နေကြည့်သေးတယ်။ မနေ့က နေ့လယ်ပိုင်းလောက်မှာ ရေကထိုးတက်လာလို့ မနေ ရဲတာနဲ့ ပြောင်းလာတာ။ ရပ်ကွက်ထဲက အိမ် အတော် များများကတော့ ပြောင်းကုန်ပြီ။ ပစ္စည်းတွေကိုတော့ အိမ်ရဲ့ ရေလွတ်တဲ့နေရာတွေမှာ ဆင့်တွေထိုးပြီး ....

News

Local News

ရွေးကောက်ပွဲနဲ့ သူတို့အသံ

ကျွန်တော်တို့ရပ်ကွက်ထဲမှာ နိုင်ငံရေးပါတီတွေ ရုံးခွဲလာဖွင့်တာ မကြားမိဘူး။ မဲဆွယ် စည်းရုံးတာ တွေလည်း သတိမထားမိပါဘူး။ ကျွန်တော်တို့နား တစ်ဝိုက်တော့ တွေ့လည်း မတွေ့မိဘူး။ ကိုယ့်ကို လာပြီး မဲဆွယ်တာမျိုးလည်း မရှိပါဘူး။ နေထွက်နေ၀င် ကိုယ့်အလုပ် နဲ့ကိုယ်ဆိုတော့ ပါတီမဲဆွယ်စည်းရုံးတာတွေဘာတွေ သွားပြီးနားထောင် ဖို့လည်း အစီအစဉ် မရှိပါဘူး။

News

» သတင်းအပြည့်အစုံသို့..

ပြည်တွင်း အသေးစား၊ အလတ်စားလုပ်ငန်းများ၌ လုပ်ကိုင်ရန် ထိုင်းလုပ်ငန်းရှင်များ စိတ်ဝင်စား

"မနေ့က Capital Mart ကို ရောက်တော့ အဲဒီမှာရှိတဲ့ ပစ္စည်းတွေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးလောက်က ထိုင်း ပစ္စည်းတွေ တွေ့ခဲ့တယ်။ အဲဒါကြောင့်လည်း ထိုင်း လုပ်ငန်းရှင်တွေက မြန်မာပြည်ရဲ့ ဈေးကွက်ကို စိတ်ဝင်စားတာ"

News

Local News

အလတ်စားဆောက်လုပ်ရေး စီမံကိန်း ဈေးကွက်ကြောင့် အရေအတွက်လျှော့ချ

"အလတ်တန်းစား တည်ဆောက်သူတွေအနေနဲ့ ဈေးကွက်နဲ့ ကိုက်ညီပြီးဝယ်လိုအားရှိတဲ့ နေရာတွေ မှာပဲ ဆောက်သင့်တယ်။ ၀ယ်လိုအားကို အဓိက ထားရမယ်။ ရန်ကုန်မှာဆိုလည်းတိုက်တွေဖျက် ဆောက်နေတာ အများကြီးပဲ။ ဒါပေမယ့် ၀ယ်လိုအားတက်ပြီး
အရောင်းထွက်နိုင်မယ့်နေရာကိုရွေးနိုင်ဖို့ အရေးကြီးတယ်။

News

» သတင်းအပြည့်အစုံသို့..

ပုဂံအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသုတေသန ဓမ္မသဘင် ဖွင့်လှစ်

"ပုဂံဒေသက အရင်ကတည်းက ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ "ခရီးသွား နယ်မြေတစ်ခုတည်း မဟုတ် သလို ယဉ်ကျေးမှုနယ်မြေတစ်ခု တည်းလည်း မဟုတ် ဘူး။ ဘာသာ၊ သာသနာ ထွန်းကားခဲ့တဲ့ ဒေသတစ်ခု အဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။

News

Local News

စကားပြောတဲ့ခရီး

နတ်နန်းအ၀င်ဝမှာ စုပြုံတိုးဝှေ့ နေတဲ့ လူတွေကြား မရမကတိုးဝင်ပြီးမှ တောင်ပြုန်းမင်းနှစ်ပါးရဲ့ နန်းပေါ်ကို ရောက်တယ်။ အလှည့်ကျ ချော့နေကြ တဲ့ နတ်ကတော်ကြီးရယ် လူပရိသတ်ကြား ပျံဝဲ နေတဲ့ ငွေစက္ကူတွေနဲ့ ချွေးသီး ချွေးပေါက် အလုံးလုံးနဲ့ နတ်ကတော် မျက်နှာကို အမိအရ ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတဲ့ ကိုရွှေဧည့်သည်က တစ်ပုံလည်းမက နှစ်ပုံလည်းမက တော်တော် ဇွဲကောင်းသား။

News

» သတင်းအပြည့်အစုံသို့..

ပရိသတ်တွေကြား တစ်ဖန်ပြန်ရောက်လာတဲ့ လက်တင်စုံတွဲအက

"ရွန်းဘားသင်နေတဲ့အချိန်မှာ ရွန်းဘားကို အရမ်း ကြို့်ပြီး၊ချာချာသင်တဲ့ အချိန်တွေမှာတော့ ချာချာက ဆွဲဆောင်မှု အရှိဆုံးပဲ။ ဒါကြောင့် ဘယ်အမျိုးအစားကို အကြိုက်ဆုံးလဲဆိုတာစဉ်းစားရခက်တယ်"

News

Local News

မို့မို့မြင့်အောင်နဲ့ စပ်မိစပ်ရာ ၁၀ မိနစ်တာ အမေးအဖြေ

သရုပ်ဆောင်နဲ့ ပတ်သက်လာရင် မမရူးသွပ် သလောက် ဒါရိုက်တာတွေကလည်း ခိုင်းတတ် ကြတယ်။ တစ်ခါတလေတော့ မွန်းကျပ်တာပေါ့။ ဒါပေမယ့် ကိုယ်က သရုပ်ဆောင်အပေါ်မှာ ရူးသွပ်မှုရှိတော့ ဒါရိုက်တာ ခိုင်းရင် ခိုင်းသလောက် ကိုယ်ကလည်း အစွမ်းကုန်လုပ်တာပေါ့။

News

» သတင်းအပြည့်အစုံသို့..

တံခွန်စိုက်ဆုဖလား မြို့တော်စည်ပင်ကလပ် ဆွတ်ခူးသွား

"ဒီငါးရက်မှာဆုငွေအားလုံးပေါင်း သိန်းနှစ်ဆယ်ကျော်၊ သုံးဆယ်နီးပါးလောက်ချီးမြှင့်ခဲ့တယ်။မြန်မာ့လက်ဝှေ့ ဆိုတာ ရိုးရာအားကစား တစ်ခုဖြစ်တယ်။ အဲဒီအားက စားကို လူငယ်တွေသတိမထားတော့မှာ စိုးတယ်၊ နိမ့် ကျပျောက်ကွယ်သွားမှာ စိုးရိမ်တဲ့အတွက်ကိုယ်တတ် နိုင်တဲ့ဘက်က ချီးမြှင့်တာပါ"

News

Local News

ရန်ကုန်ယူနိုက်တက်ကို ဆောက်သမ်းမြန်မာ သရေကစားနိုင်

"ကျွန်တော်တာဝန်ယူလာတဲ့ ကာလတစ်လျှောက် မှာ ဒီနေ့ပွဲကို အားအရဆုံးပါပဲ။ ကျွန်တော့အသင်း က ကစားသမားတွေအားလုံးဟာ အတွေ့အကြုံ နည်းသေးတဲ့ လူငယ်ကစားသမားတွေ ဖြစ်ပေမယ့် တကယ့်ပရော်ဖက်ရှင်နယ် တွေလိုကစားသွားနိုင်ခဲ့တယ်။ကြေးမြင့်ပြီး အတွေ့အကြုံများတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ရန်ကုန်ယူနိုက် တက်လိုအသင်းမျိုးကို ဒီလောက်လူ အင်အားနဲ့ .......

News

» သတင်းအပြည့်အစုံသို့..

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့၏အရှေ့တောင်ဘက် ၁၅ ကီလိုမီတာအကွာရှိ ဘက်စ်မိုင်ယာ စစ်စခန်းရှိ အမေ ရိကန်လုပ် အမ်အိုင်အေတင့်ကားများ အသုံးချပုံကို အမေရိကန်တပ်ဖွဲ့ဝင်များက အီရတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးနေစဉ်။ အီရတ်တွင် အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာမည့်ရက် မကြေညာမီ တစ်ပတ်အလို၌ အီရတ်ရှိ 'ကန်'တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်အင်အားကို ၅၀,၀၀၀ အောက်သို့ လျှော့ချလိုက်သည်။ ဆက်ဒမ်ဟူစိန်ကို တိုက်ခိုက်သည့်တိုက်ပွဲအပြီး ခုနစ်နှစ်အတွင်း ယခုကဲ့သို့ တိုက်ခိုက်ရေးတပ်များ ဆုတ်ခွာခြင်းသည် အရေးပါသည့် သမိုင်းမှတ်တိုင်ဖြစ်သည်။ ဩဂုတ်လ ၃၁ ရက် ညပိုင်း တွင် သမ္မတအိုဘားမားက 'ကန်'ရုပ်မြင်သံကြားတွင် အီရတ်၌ 'ကန်'တပ်ဖွဲ့ဝင်များ၏ ခုနစ်နှစ်ကျော် တိုက် ခိုက်မှုများရပ်စဲလိုက်ကြောင်းနှင့်ပတ်သက်ပြီး မိန့်ခွန်း ပြောကြားသွားသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

Local News

ရုရှားက အာဖဂန်နစ္စတန်နှင့် စီးပွားရေးတိုးလုပ်လို

ရုရှားသည်ဆိုဗီယက်ခေတ်က အာဖဂန် နစ္စတန် နိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် လမ်းပန်း ဆက် သွယ်ရေး လုပ်ငန်းများကို ပြန်လည်ပြုလုပ်ခြင်း ဖြင့်စီးပွားရေးကိစ္စများကို ပူးပေါင်းဆောင်ရွက် လိုသည်ဟုသမ္မတ ဒီမီ ထရီမက်ဗီဒက်ဗ်ကပြောသည်။ ဩဂုတ်လ ၁၈ ရက်နေ့ကကျင်းပသည့် အာဖဂန်နစ္စတန်၊တာဂျစ်ကစ္စတန်နှင့်ပါကစ္စတန် ခေါင်းဆောင်တို့တက် ရောက်သည့် ထိပ်သီးအစည်းအဝေးတွင်ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။ ယခုဒုတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ကလည်း ရုရှားနိုင်ငံက စည်းရုံးပြီး အထက်ပါ လေးနိုင်ငံ ထိပ်သီးအစည်းအဝေးကိုကျင်းပခဲ့သည်။

News

» သတင်းအပြည့်အစုံသို့..

ရေလွှမ်းမိုးနေသော ပါကစ္စတန်သို့ အကူအညီများ ပေးကြရန် ကုလသမဂ္ဂက နှိုးဆော်စည်းရုံးမှု ပြုလုပ်

ဩဂုတ်လ ၂၄ရက်နေ့က ပါကစ္စတန်နိုင်ငံ လာပီယား တွင် ရေဘေး ဒုက္ခသည်များက စစ်ရဟတ်ယာဉ်မှ ချပေးနေသည့် အစားအသောက်များကိုရယူရန် စောင့်ဆိုင်းနေကြစဉ်။

News