
ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး
ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဖေ့စ်ဘွတ်ခ်အသုံးပြုသူ အဖွဲ့ဝင် သန်း ၅၀၀ အထိရှိလာ
သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၇)
ဖေ့စ်ဘွတ်ခ် အသုံးပြုသူဦးရေဟာ ဒီကနေ့မှာ သန်း ၅၀၀ အထိ ရှိလာပြီး ဒီနှုန်းထားဟာ ကမ္ဘာတစ်ဝန်းက လူ ၁၄ ယောက်မှာ တစ်ယောက်နှုန်းလောက်က ဒီလူမှုရေး ကွန်ရက် ၀က်ဘ်ဆိုက်ကို သုံးနေကြပြီလို့ ဆိုလိုပါတယ်။
"ကမ္ဘာတစ်လွှားက လူ သန်း ၅၀၀ လောက်ဟာ သူတို့ရဲ့ မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်ဖို့အတွက် ဒီမနက်မှာ ဖေ့စ်ဘွတ်ခ်ကို စိတ်ဝင်တစား အသုံးပြုခဲ့ကြတယ်"လို့ ဖေ့စ်ဘွတ်ခ်ကို တည်ထောင်သူ Mark Zuckerberg က သူ့ရဲ့ဘလော့ခ်မှာ ရေးသားထား ပါတယ်။
"ဒါဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူအားလုံးအတွက် သိပ်ကို အရေးကြီးတဲ့ အနေအထားတစ်ရပ်ဖြစ်တယ်"လို့ သူက ရေးသား ထားပါတယ်။
ဒီလို သန်း ၅၀၀ ပြည့်သွားမှု အထိမ်းအမှတ်နဲ့ ကယ်လီဖိုးနီးယားအခြေစိုက် ကုမ္ပဏီက အွန်လိုင်းအသိုင်းအ၀ိုင်း အသင်းဝင်တွေကို ဖေ့စ်ဘွတ်ခ်ဘယ်လို အသုံးပြုခဲ့လဲဆိုတာတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ် အကောင်းဆုံးနဲ့ အထိမိဆုံး ဇာတ်လမ်းတွေကို ရေးသားဖော်ပြပေးဖို့ တောင်းဆိုထားပါတယ်။
နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen ဟာ ဒိန်းမတ်နိုင်ငံမှာ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူထားစဉ်က ဖေ့စ်ဘွတ်ခ်က မိတ်ဆွေတွေနဲ့ လမ်းလျှောက်တာမျိုး၊ အမေရိကန် အမျိုးသမီးတစ်ဦးဟာ ရင်သားကင်ဆာကို ကုသနေစဉ်မှာ ဖေ့စ် ဘွတ်ခ်က မိတ်ဆွေတွေရဲ့ အားပေးမှုကြောင့် အောင်မြင်စွာကျော်လွှားနိုင်ခဲ့တာမျိုးစတဲ့ အဖြစ်အပျက်တွေကို Zuckerberg က ဒီပြိုင်ပွဲအတွက် ဥပမာတွေအဖြစ် ဖော်ပြထားပါတယ်။
ဖေ့စ်ဘွတ်စ်မှာ သူ့ရဲ့တာဝန်က ကမ္ဘာကြီးတစ်ခုလုံး ပိုပြီး ပွင့်ပွင့်လင်းလင်းနဲ့ ဆက်သွယ်နိုင်စေဖို့နဲ့ ဖေ့စ်ဘွတ်ခ်ကို လွန်ခဲ့တဲ့ ခြောက် နှစ်တုန်းက စတင်ခဲ့ချိန်မှာ ဒါကို လူတွေအသုံးချမယ့် နည်းလမ်းအားလုံးကို သူဘယ်လိုမှ စဉ်းစားလို့ မရခဲ့ဘူးလို့လည်း ၎င်းက ဆိုပါတယ်။
ဖေ့စ်ဘွတ်ခ်ကြောင့် အချက်အလက် ဆိုင်ရာ အပြောင်းအလဲတွေဖြစ်တာ၊ ဒါမှမဟုတ် ၀က်ဘ်ဆိုက်မှာ ကိုယ်ရေး ကိုယ်တာအချက် အလက်တွေအတွက် လုံခြုံမှုမရှိတာတွေ ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ငြင်းဆန်တဲ့အနေနဲ့ သူက ဖေ့စ်ဘွတ်ခ်ဟာ မရပ်မနားတိုး တက်နေတာကို ထောက်ပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံသားတွေဟာ ဖေ့စ်ဘွတ်ခ်ကို အရူးအမူး စွဲစွဲလမ်းလမ်း အသုံးပြုနေကြပြီး လူငယ်အမျိုးသမီး တော်တော်များများဟာ မနက်မျက်လုံး နှစ်လုံးပွင့်တာနဲ့ ဖေ့စ်ဘွတ်ခ်ကို အရင်စစ်၊ ပြီးမှ ရေချိုးခန်းကို ၀င်တဲ့အထိ အကဲပိုတယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်က ထုတ်ပြန်ခဲ့တဲ့ လူထုစစ်တမ်းအရ သိရပါတယ်။
ဒါပေမယ့် အင်္ဂါနေ့က ထုတ်ပြန်တဲ့ အမေရိကန်က လေ့လာမှုတစ်ခုအရ လူတွေဟာ ဖေ့စ်ဘွတ်ခ်ကို စွဲစွဲလမ်းလမ်း သုံးချင်သုံးကြ ပေမယ့် သုံးစွဲသူတွေရဲ့ကျေနပ်မှုနဲ့ ပတ်သက်ပြီး ရာခိုင်နှုန်းအားဖြင့် ဟိုးအောက်မှာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
ForeSee Result မှာ ပူးတွဲဖော်ပြထားတဲ့ အီလက်ထရွန်းနစ် စီးပွားရေး၏ အမေရိကန်စားသုံးသူ ကျေနပ်မှု ညွှန်းကိန်းဆိုင်ရာ အစီရင် ခံစာ ၂၀၁၀ မှာ ဖေ့စ်ဘွတ်ခ်တွေကို လေကြောင်းလိုင်းတွေနဲ့ ကေဘယ်လ်တယ်လီဗေးရှင်းကုမ္ပဏီတွေမှာ အထင်တကြီး မသုံးကြဘဲ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ အသုံးပြုနှုန်းမှာ ငါးရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။
"ကျွန်တော်တို့ လေ့လာလိုက်တဲ့ အခါမှာ ကိုယ်ရေးအချက်အလက်တွေရဲ့လုံခြုံစိတ်ချရမှုနဲ့ ပတ်သက်ပြီး စိုးရိမ်တာ၊ မကြာခဏ ပြောင်းလဲနေတဲ့ ၀က်ဘ်ဆိုက်တွေက အပြောင်းအလဲတွေ၊ အရောင်းအ၀ယ်လုပ်တဲ့အခါနဲ့ ကြော်ငြာတဲ့အခါတွေမှာ ဆိုးဆိုးဝါးဝါး ထိခိုက်တာတွေကြုံရတာ စတာတွေ တွေ့ခဲ့ရတယ်"လို့ ForeSee ရဲ့အမှုဆောင် အရာရှိ လယ်ရီဖရိဒ်က အစီရင်ခံစာထဲမှာ ပြောကြား ပါတယ်။
ဒီဆန်းသစ်တီထွင်မှုတွေကို ဝေဖန်တာတွေရှိနေပေမယ့် သုံးစွဲသူတွေဟာ တစ်ခါတလေမှာ လုံးဝပြောင်းလဲ လိုက်တာထက် တစ်စ တစ်စ ပြောင်းလဲလာတာကို ပိုကြိုက်တယ်ဆိုတာသေချာတယ်လို့ဆိုပါတယ်။
နည်းပညာဆိုင်ရာမှာ ဆရာတစ်ဆူ ဖြစ်ကြတဲ့ ဂူးဂဲလ်နဲ့ မိုက်ခရိုဆော့ဖ် တို့မှာ ဖေ့စ်ဘွတ်ခ်ရဲ့ ပြိုင်ဘက်တွေကို ဖြိုခွင်းနိုင်တဲ့၊ ဒါမှမဟုတ် ထောက်ခံအားပေးနိုင်တဲ့ အင်အားတွေ၊ အရင်းအမြစ်တွေရှိနေပါတယ်။
မိုက်ခရိုဆော့ဖ်ဟာ ဖေ့စ်ဘွတ်ခ်က ရှယ်ယာအနည်းငယ်ကို ပြီးခဲ့တဲ့ သုံးနှစ်လောက်က ကန်ဒေါ်လာ သန်း ၂၄၀ နဲ့ ၀ယ်ယူခဲ့ပြီး Outlook ဆိုတဲ့ ပရိုဂရမ်ကို ပြီးခဲ့တဲ့တစ်ပတ်က ထပ်ဖြည့်ပေးခဲ့ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေဟာ လူမှုရေး ကွန်ရက်ထဲမှာ သူငယ်ချင်းတွေက ပေးပို့လာတဲ့ ရုပ်ပုံတွေနဲ့ စာတွေ၊ ဟာသတွေကို အဆင့် မီမီမြင်တွေ့နိုင်ပြီဖြစ်ပါတယ်။