Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

အလုပ် အခွင့်အလမ်းအတွက် အိုင်တီကို ရွေးချယ်လာကြ

"လူငယ်တွေ အလုပ်အကိုင်ရဖို့ အိုင်တီဆိုပြီး သင်တဲ့ နေရာမှာ Computer Sciences ကို စိတ်ဝင်စားတာ နည်းကြသေးတယ်။ အိုင်တီမှာလည်း အိုင်တီတစ်ခုတည်းတင်မဟုတ်ဘဲ အိုင်တီနဲ့ပတ်သက်ပြီး ဥပမာဒီဇိုင်းလိုဟာမျိုး၊ အိုင်တီရဲ့ အောက်မှာမှ Web Developing ပါမယ်။ အဲဒီမှာ Computer Science နဲ့ Information Technology ဒါတွေကို သင်ယူဖို့ လိုပါတယ်"

News 

ကွန်ပျူတာစက်လေးအေးနေဖို့

အလုပ်လုပ်ဆောင်ချက်တွေများလာတဲ့အခါ ကွန်ပျူတာ Processor တွေရဲ့ အပူချိန်တွေများလာပါတယ်။ ဒါကြောင့် အအေးပေး ပန်ကာတွေ ပိုမိုလည်ပတ်ဖို့ လိုလာပေမယ့် ကွန်ပျူတာရဲ့ အအေးပေးပန်ကာတွေဟာ ပုံသေလည်ပတ်နှုန်းနဲ့သာ လည်ပတ်လေ့ ရှိပါတယ်။ ဒီလိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့ Speed Fan4.41 ဆော့ဖ်ဝဲက ဖြေရှင်းပေးပါလိမ့်မယ်။ အင်တာနက်လိပ်စာ www.almico.com/speedfan.php မှာ လိုင်စင်အခမဲ့ရယူနိုင်ပါတယ်။

News 

ဂျပန်အတွေ့အကြုံဖလှယ်သည့် စကားဝိုင်း ကျင်းပရန်စီစဉ်

"ခရီးစဉ်မစခင် ကတည်းက ဘယ်သူကဘယ်အပိုင်းကို လေ့လာမယ် ဆိုတာမျိုးတာဝန်ခွဲထားပါတယ်။ အတွေ့အကြုံတွေကို ပြန်လည် ဆွေးနွေးတင်ပြရတဲ့ ရည်ရွယ်ချက်က မြန်မာလူမျိုးတွေအတွက် အတုယူစရာအချက်တွေ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်အချက်တွေ၊ ဂျပန်လူမျိုးတွေနဲ့ နေ့စဉ်နေထိုင်မှုပုံစံ၊ စီးပွားရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကို နောက် သွားမယ့် သူတွေအတွက် အခက်အခဲမရှိအောင်တင်ပြချင်တာပါ"

News 

အင်န်စီစီနှင့် ကေအမ်ဒီမှ စာမေးပွဲကြေး ကင်းလွတ်ခွင့် ပေးအပ်မည်

တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ထားသော မြန်မာကျောင်းသားများအား ယူကေတက္ကသိုလ်ပထမနှစ် နှင့် ညီမျှသော နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာဒီပလိုမာ International Diploma in Computer Studies (IDCS) သင်တန်းအတွက် စာမေးပွဲကြေး ကင်းလွတ်ခွင့်များကို ပညာသင်ဆု အဖြစ်ပေးအပ်မည့် အစီအစဉ်အား ယခုနှစ်တွင်စတင်မည် ဖြစ်သည်။

News 

ဖေ့စ်ဘွတ်ခ်အသုံးပြုသူ အဖွဲ့ဝင် သန်း ၅၀၀ အထိရှိလာ

နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen ဟာ ဒိန်းမတ်နိုင်ငံမှာ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူထားစဉ်က ဖေ့စ်ဘွတ်ခ်က မိတ်ဆွေတွေနဲ့ လမ်းလျှောက်တာမျိုး၊ အမေရိကန် အမျိုးသမီးတစ်ဦးဟာ ရင်သားကင်ဆာကို ကုသနေစဉ်မှာ ဖေ့စ် ဘွတ်ခ်က မိတ်ဆွေတွေရဲ့ အားပေးမှုကြောင့် အောင်မြင်စွာကျော်လွှားနိုင်ခဲ့တာမျိုးစတဲ့ အဖြစ်အပျက်တွေကို Zuckerberg က ဒီပြိုင်ပွဲအတွက် ဥပမာတွေအဖြစ် ဖော်ပြထားပါတယ်။News 

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယသို့သွားရောက်

အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးအလည်အပတ် ရောက်ရှိနေသည့် ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ဇူလိုင်လ ၂၇ ရက်နေ့က နယူးဒေလီမြို့ရှိ ကွယ်လွန်သူ အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ၏ ဂူဗိမာန်၌ လွမ်းသူ့ ပန်းခွေချ ဂါရ၀ပြုနေစဉ်။

News

Local News

ဧရာဝတီဒေသအတွက် ရေပေါ်ဆေးခန်းဝန်ဆောင်မှု စတင်

"ဒီလိုလုပ်ဖို့ နာဂစ်ဖြစ်ပြီးကတည်းက စိတ်ထဲမှာ နှစ်ထားခဲ့တာ။ ပိုက်ဆံ မရှိလို့ မသေသင့်ဘဲ သေသွားတဲ့လူနာတွေ၊ တကယ်ဒုက္ခ ရောက်နေ သူတွေကို အိမ်တိုင်ရာရောက် ကုသပေးချင်လို့ ဒီအဖွဲ့အစည်းထဲမှာ ပါဝင်ဖြစ်ခဲ့တာပါ" ဟု ဒေါက်တာပီကျော်လှ က ပြောသည်။ "ကုန်းလမ်းမပေါက်တဲ့ ဒေသတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ၊ အချိန်မီခွဲစိတ်မှုမလုပ်ခဲ့ရလို့ ခြေ၊လက် ဖြတ်ခဲ့ရသူ တွေနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေကို အဓိကကုသမယ်"

News

» သတင်းအပြည့်အစုံသို့..

ပြည်တွင်းပုံနှိပ်လုပ်ငန်း ၇၅ ရာခိုင်နှုန်းကျော် ပြည်ပမှ တင်သွင်းသည့်စက္ကူများအပေါ် မှီခိုနေရ

"ပြည်တွင်းမှာ စက္ကူထုတ်လုပ်တဲ့ စက်ရုံက ခြောက်ရုံ လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီပုဂ္ဂလိကစက်ရုံ တွေက သုံးပြီးသားစက္ကူတွေကို ပြန်လည်ကြိတ်ခွဲ သန့်စင်ပြီး ပြုလုပ်တဲ့စက္ကူမျိုးတွေပဲ ဖြစ်တဲ့အတွက် ဈေးကွက်လိုအပ်ချက်အတွက် လိုအပ်တဲ့စက္ကူအများဆုံး ကို ပြည်ပကနေ နှစ်စဉ်တင်သွင်းနေရပါတယ်"

News

Local News

ဇုန်ထုတ်ကားများ အရောင်းအ၀ယ်အေး

လိုက်ထရပ် (တောင်းအေ့စ်ပစ်ကပ်) တစ်စီး၏ တန်ဖိုးမှာ ယခုနှစ်အတွင်း မော်ဒယ်လ်အလိုက် ကျပ်သိန်း ၁၂၀ မှ ၂၀၀ ကြားတွင်ရှိကြောင်း၊ ကျပ်သိန်း ၁၄၀ မှ ၁၇၀ အတွင်းရှိ ကားများမှာ အများဆုံး အရောင်း အ၀ယ်ဖြစ်နေကြောင်း၊ ပြည်ပမှ တင်သွင်းလာသော ပစ်ကပ်ကားများမှာမူ ကျပ်သိန်း ၂၀၀ မှ ၄၀၀ ခန့်အတွင်း ရှိကြောင်း ၎င်းက ပြောသည်။

News

» သတင်းအပြည့်အစုံသို့..

၁၃၇၂ ခုနှစ် ဒုတိယ၀ါဆိုလပြည့်၊ ဇူလိုင်လ ၂၆ ရက်နေ့ က တောင်သမန်အင်းရှိ တောင်မင်းကြီးမြတ်စွာဘုရားသို့ လာရောက်ဖူးမျှော်ကြသူများနှင့် ဦးပိန် တံတားသို့ လာ ရောက်လည်ပတ်ကြသူများကို တွေ့ရစဉ်။ မြန်မာလူမျိုး တို့၏ ဗုဒ္ဓဘာသာဓလေ့အတိုင်း ၀ါဆိုသင်္ကန်းကပ်လှူ ခြင်းနှင့်အတူ မန္တလေးတောင်၊ ကျောက်တော်ကြီးဘုရား၊ မဟာမုနိရုပ်ရှင်တော်သို့ ဘုရားဖူးလာရောက်သူများဖြင့် ထိုနေ့ကစည်ကားခဲ့ပြီး ကန်ရေအပြည့်ဖြင့် လှပနေသည့် ကမ္ဘာကျော်ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူ များနှင့် များပြားစည်ကားခဲ့သည်ကိုတွေ့ရသည်။ သတင်းနှင့်ဓာတ်ပုံ - စည်သူနိုင်

Local News

မန္တလေးစက်မှုဇုန်တွင် ဘက်စုံသုံးယာဉ်၊ ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်ကြီးများ တပ်ဆင် ထုတ်လုပ် ခွင့်ရရှိပြီဖြစ်

မန္တလေးစက်မှုဇုန်သည် ၂၀၀၃ ခုနှစ် Light Truck ကား၊ ဂျစ်ကားနှင့်ဘတ်စ်ကားသုံးမျိုး ထုတ်လုပ် ခွင့်ရခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်မှစပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနက မော်တော်ယာဉ်များ ထုတ်လုပ်ရန် လိုအပ်သည့် အင်ဂျင်နှင့် ပစ္စည်းများ တင်သွင်းခွင့်နှင့် တပ်ဆင်ထုတ်လုပ်ရောင်းချခွင့် ပြုထားပြီ ဖြစ်ကြောင်း သိရသည်။

News

» သတင်းအပြည့်အစုံသို့..

ဟောင်းပေမယ့် ကောင်းနေဆဲ.. ပရိသတ်တွေ နှစ်သက်နေဆဲ .. အင်္ဂလိပ်ခေတ်ဟောင်း သီချင်းတွေ ...

"အဲဒီအချိန်တုန်းက ငယ်လည်းငယ်၊ ရင်ကလည်းရှင်း ခေါင်းကလည်းရှင်းဆိုတော့ အဲဒီလိုသွက်လက်မြူးကြွတဲ့ သီချင်းတွေကို စွဲလမ်းသွားတာ အခုထိ မမေ့နိုင်ဘူး။ နားထောင်လို့လည်း မရိုးနိုင်သေးဘူး။ သူတို့ရဲ့သံစဉ် လေးတွေက နားစွဲလွယ်တယ်။ စာသား အရမ်း အား ကောင်းတော့မှတ်မိလွယ်တယ်"

News

Local News

တယောမတီးနိုင်လို့ စိတ်ဓာတ်ကျခဲ့ဖူးတဲ့ ချမ်းဟိန်းကြွယ်

ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တာကတော့ မြန်မာသံစဉ်ပဲပေါ့။ ဆို၊က၊ရေး၊ တီးမှာလည်း တယောနဲ့ ပတ်သက်ပြီး ဆုတွေရနေတော့ ကျွန်တော် အထက်တန်းအရွယ်လောက်မှာ စားသောက် ဆိုင်တစ်ခုကနေ သူတို့ရဲ့မြန်မာပိုင်း ဖျော်ဖြေမှု အစီအစဉ်မှာ ၀င်တီးပေးဖို့ ခေါ်တယ်။ အဲဒီမှာ လေးဇီးကလပ်ကကိုနိုင်ဇော်ကလည်း ကျောင်းတက်ရင်းနဲ့ ကီးဘုတ်ဝင်တီးတယ်။ အဲဒီကနေသူတို့တီးတာ တွေကို တွေ့ပြီး ကျွန်တော်လည်း ခေတ်ပေါ်သီချင်းတွေကို တီးဖို့ စစဉ်းစားဖြစ်ခဲ့တာပါ။

News

» သတင်းအပြည့်အစုံသို့..

တိုးဒီဖရန့်ချန်ပီယံ ကွန်တာဒါကို စပိန်ဝန်ကြီးချုပ် ချီးကျူး

"ကျွန်တော်တို့ရဲ့ အလံအရောင်ကို ဂုဏ်အသရေတင့် နေအောင် အမြဲ ကာကွယ်ထိန်းသိမ်းပေးတဲ့ အတွက် လည်း ကျေးဇူးတင်ပါတယ်၊ အား ကစားမှာဘယ်လို ပြုမှုနေထိုင်ရတယ်။ဘယ်လို ယှဉ်ပြိုင်ရတယ်ဆိုတာ ကိုခင်ဗျားက စံနမူနာ ပြလိုက်တာပါပဲ" ဟုလည်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ ကွန်တာဒါသည် တိုးဒီဖရန့်ပြိုင်ပွဲတွင် ၂၀၀၇ နှင့် ၂၀၀၉ ခုနှစ်တို့ကလည်း ဗိုလ်စွဲခဲ့ရာယခုတတိယအကြိမ်မြောက် ချန်ပီယံဆုရ ခြင်းဖြစ်သည်။

News

Local News

နိုင်ငံပြောင်းကစားရန် ဂျီယောင် စိတ်ကူး

"ကျွန်တော်က သွေးသွတ်ဝက်အူချောင်းကို စားကြည့်ပါတယ်။ ပျဉ်းတွဲတွဲနဲ့။ ကျွန်တော်က ငါးတို့၊ အာလူးချောင်းကြော်တို့သာကြိုက်တာ။ တစ်မြန်နေ့က မနက်စောစာမှာ ဟက်ဂစ်ဆိုတဲ့ သိုးကလီစာဟင်းပါတယ်။ ကျွန်တော့ နည်းပြက သွားမစားနဲ့လို့ ပြောတာနဲ့ စားမကြည့်တော့ပါဘူး"

News

» သတင်းအပြည့်အစုံသို့..

'ကန်' ထောက်လှမ်းရေးအဖွဲ့များကို ၀ါရှင်တန်ပို့စ် ဝေဖန်

"အလွန်ကိုးရိုးကားရားနိုင်သော၊အလွန်သိုဝှက်သော၊ ငွေကြေးမည်မျှ ကုန်ကျနေပြီကိုမသိရသော၊ ၀န်ထမ်း မည်မျှခန့် ထားသည်ကိုမသိရသော၊ အစီအစဉ် မည်မျှ များများ ရှိသည်ကိုမသိရသောအလုပ်တစ်ခုတည်းကို အဖွဲ့အစည်းဘယ်လောက် များများလုပ်ဆောင်နေ သည်ကို မသိရ"News


ဇူလိုင်လ ၂၀ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တွင် ပြုလုပ်သွားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ (၄၃) ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးပွဲ၌ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်(လယ်)က သတင်း စာဆရာများနှင့်တွေ့ဆုံဖြေကြားနေစဉ်။အာရှ-ပစိဖိတ် နိုင်ငံခြားရေးဝန်ကြီးများက ၎င်းအစည်းအဝေးတွင် ကိုရီးယားကျွန်းဆွယ်၌ မြင့်တက်နေသည့်တင်းမာမှုများ ကိုဖြေရှင်းရန် နည်းလမ်းများ ဆွေးနွေးခဲ့ကြသည်။