Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပတ်ဝန်းကျင်ညစ်ညမ်းမှု သက်သာစေမည့် လောင်စာဆဲလ်နည်းပညာသစ် လာပြီ

အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
News Pic
ဘလွန်းမ်လောင်စာဆဲလ်ပြားကို ပြသနေသည့် ကေအာရ်စရီဒါ။ ဓာတ်ပုံ - အေအက်ဖ်ပီ

ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အသုံးပြု နိုင်ပြီး ပတ်ဝန်းကျင်ကို မညစ်ညမ်းစေမယ့် ထူးခြားဆန်းသစ်တဲ့ လောင်စာဆဲလ်တစ်မျိုးကို ဘလွန်းမ်စွမ်းအင်ကုမ္ပဏီက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ကြေညာ လိုက်ပါတယ်။

ဒီလောင်စာဆဲလ်ကို သဲတွေထဲမှာ ပေါပေါ များများတွေ့နိုင်တဲ့ စီလီကွန်တွေကို အသုံးပြု ထုတ်လုပ်ထားတာဖြစ်ပါတယ်။

"ဘလွန်းမ် လောင်စာဆဲလ်နည်းပညာဟာ လက်ရှိစွမ်းအင်ထုတ်လုပ်မှု နည်းပညာတွေကို ပြောင်းလဲပစ်ဖို့ အလားအလာတွေရှိပါတယ်" လို့ ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး အာနိုး ရှဝါဇနက်ဂါက ပြောတယ်။

"ကျွန်တော်တို့ နည်းပညာရဲ့ အဓိကအချက်က အရိုးရှင်းဆုံးအဖြစ် သဲတွေကိုအသုံးပြုထား ပါတယ်။ ဒါတွေကို အများအပြားရနိုင်ပြီး လောင်စာဆဲလ်ထုတ်လုပ်လို့ရတဲ့ သိပ္ပံဆိုင်ရာ ဂုဏ်သတ္တိတွေ ရှိပါတယ်"လို့ ဘလွန်းမ်ကုမ္ပဏီ တည်ထောင်သူကေအာရ်စရီဒါက ပြောတယ်။

လောင်စာဆဲလ်နည်းပညာဟာ ၁၈၀၀ ပြည့် လွန်နှစ်အလယ် လောက်တည်းက ပေါ်ပေါက်ခဲ့တာပါ။

ဒါပေမယ့် ဘလွန်းမ်ကတော့ လောင်စာဆဲလ်တွေထုတ်လုပ်ဖို့ ဈေးကြီးတဲ့ သတ္တုတွေ ဖြစ်တဲ့ပလက်တီနမ်လိုသတ္တုတွေ သုံးစရာ မလိုဘဲ အောက်ဆီဂျင်မော်လီကျူးတွေကို တွန်းထုတ်ပြီး လျှပ်စစ်စွမ်းအင်ထုတ်လုပ်တဲ့ နည်းလမ်းကို အသုံးပြုထားပါတယ်။

ဘလွန်းမ်ဆာဗာက လောင်စာအမျိုးမျိုးကို အသုံးပြုပြီး အလုပ်လုပ်နိုင်တဲ့အတွက် သုံးစွဲသူ တွေအနေနဲ့ ကိုယ်တတ်နိုင်တဲ့ လောင်စာ တွေကို အသုံးပြုလို့ရပါတယ်။

ဘလွန်းမ်ဘောက်စ်လို့ အမည်ပေးထားတဲ့ ဒီဆာဗာကို အီးဘေး၊ ဝေါလ်မတ်နဲ့ ကိုကာကိုလာကုမ္ပဏီတွေပူးပေါင်း ပါဝင်တဲ့အဖွဲ့က ကယ်လီဖိုးနီးယားမှာ လျှို့ဝှက် စမ်းသပ်တီထွင်ခဲ့တာဖြစ်ပါတယ်။

News Pic
ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အမေရိကန်နိုင်ငံရှိ အီးဘေးဌာန ချုပ်တွင် ဘလွန်းမ်ဘောက်စ်ဆာဗာကို ဓာတ်ပုံရိုက်နေသည့် သတင်းထောက်တစ်ဦးအား တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

လျှပ်စစ်စွမ်းအင် ၁၀၀ ကီလိုဝပ်ထုတ်လုပ် နိုင်စွမ်းရှိတဲ့ ဘလွန်းမ်ဆာဗာ တစ်လုံးဟာ ကန် ဒေါ်လာ ၇၀၀,၀၀၀ ကနေ ၈၀၀,၀၀၀ အတွင်း ရှိပါ တယ်။

ဒါပေမယ့် ဒီဆာဗာကို ကုန်ကျစရိတ် နည်းနည်းနဲ့ ထုတ်လုပ်နိုင်တဲ့ အခါကျရင် ဈေးနှုန်းပိုလျော့သွားနိုင်ပါတယ်။

ဒါပေမယ့် ဒီဆာဗာကို အိမ်တွေမှာသုံးနိုင်ဖို့ဆိုတာကတော့ နောက် ၁၀ နှစ်လောက် စောင့်ရဦးမယ်လို့ စရီဒါက ခန့်မှန်းတယ်။

ဒီဆာဗာဟာ ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံ တွေထက် လေထုညစ်ညမ်းမှုမှာ ၆၀ ရာခိုင်နှုန်း ပိုမိုသက်သာရုံသာမက လျှပ်စစ်ဓာတ်အားပေးစက်ကြီးတွေနဲ့ ၀ိုင်ယာကြိုးတွေ သွယ်တန်း စရာမလိုဘဲ လိုတဲ့နေရာမှာ ထုတ်ယူသုံးစွဲနိုင်ပါတယ်။

ဒီဆဲလ်တွေဟာ လက်ရှိဓာတ်အားပေးစက် တွေထက် စွမ်းဆောင်ရည်နှစ်ဆပိုပါတယ်။ ဆိုလိုတာက လက်ရှိထုတ်နေတဲ့ စွမ်းအင်ပမာဏကို အခုသုံးနေရတဲ့လောင်စာပမာဏရဲ့ ထက်ဝက်နဲ့ ထုတ်လုပ်နိုင်မှာပါ။

မိတ်ဆက်ပွဲမှာ စရီဒါက အုတ်နီခဲအရွယ် လောင်စာဆဲလ်ကိုကိုင်ပြီး ဒီကနေမီးသီး တစ်လုံးစာစွမ်းအင်ကိုထုတ်လုပ်နိုင်ပြီး အမေရိ ကန်အိမ်တွေ ပုံမှန်သုံးနေကျစွမ်းအင်အတွက်တော့ မကြာခင်မှာဖြစ်ပေါ်လာတော့မှာပါလို့ ဆိုပါတယ်။

နောက်ပြီး ဒီမိတ်ဆက်ပွဲမှာ လောင်စာဆဲလ် အများအပြားပါဝင်တဲ့ ရေခဲသေတ္တာအရွယ် ဘလွန်းမ်ဆာဗာကိုလည်း မိတ်ဆက်ပေးခဲ့ပါ သေးတယ်။

ဘလွန်းမ်ဆာဗာကနေ လျှပ်စစ် စွမ်းအင်ထုတ်လုပ်ရာမှာ တစ်ကီလိုဝပ်နာရီကို ကိုးဆင့်ကျမှာဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့ ဓာတ်အားပေးစက်တွေကတော့ တစ်ကီလိုဝပ် နာရီကို ၁၄-၁၅ ဆင့်လောက်ကျပါတယ်။

ဒီဆာဗာရဲ့တန်ဖိုးကို သုံးနှစ်ကနေ လေးနှစ် အတွင်း ကျေနိုင်ပြီး အာမခံ ၁၀ နှစ်ပေးထားပေမယ့် လောင်စာဆဲလ်တွေရဲ့ သက်တမ်းနဲ့ပတ်သက် ပြီးတော့ စရီဒါက ဘာမှထုတ်ဖော်ပြောကြား ခြင်းမပြုခဲ့ပါဘူး။

ဘလွန်းမ်ကုမ္ပဏီဘုတ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကောလင်းပါဝဲလ်ကလည်း စစ်လက်နက်တွေမှာ စွမ်းအင်တွေကို သုံးလာကြတဲ့အတွက် ဒီဆာဗာဟာ စစ်ရေးအတွက်လည်း အကျိုးရှိစေမယ်လို့ဆိုတယ်။

"ဒါဟာ ထိုးဖောက်ကျော်လွှားနိုင်မှုတစ်ခုပါ။ ဒါကို အမေရိကန်နိုင်ငံတစ်ဝှမ်းက အိမ်တွေမှာ အနှေးနဲ့အမြန် အသုံးပြုလာနိုင်မှာဖြစ်ပြီး ဘယ် လောက်ကောင်းသလဲဆိုတာကို စဉ်းစားကြည့်ကြပါတော့"လို့ သူကပြောပါတယ်။

(အေအက်ဖ်ပီ) သီရိမင်းထွန်း ဘာသာပြန်သည်။