
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မေးလ်တစ်ခုတည်း သုံးရအောင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
ဒီနေ့လို သတင်းအချက်အလက်နဲ့ နည်းပညာခေတ်ကြီးမှာ အီးမေးလ်ဆိုတဲ့ အရာက မရှိမဖြစ်အသွင်ဆောင်လာပါတယ်။
အင်တာနက်ပေါ်မှာ အီးမေးလ် ၀န်ဆောင်မှုလုပ်ငန်းတွေက သူ့ထက်ငါသာအောင်အလုအယက်ဝန်ဆောင်မှု ပေးနေကြတဲ့အတွက် အီးမေးလ်တစ်ခုကို ပိုက်ဆံတစ်ပြားမှမကုန်ဘဲရယူဖို့ ဆိုတာကလည်း အရမ်းကိုလွယ်ကူနေပါပြီ။
ဒါပေမယ့် ပြဿနာက အီးမေးလ်လိပ်စာများလာတာနဲ့အမျှ တစ်နေ့တစ်နေ့ အီးမေးလ်စစ်ရတဲ့ဒုက္ခကလည်း မသေးလှပါဘူး။
ရှိသမျှအီးမေးလ်လိပ်စာ အားလုံးကိုဖွင့်၊ ပြီးရင် တစ်စောင်ချင်းကိုဖတ်၊ စာပြန်နဲ့ မလွယ်ရေးချမလွယ်ပါပဲ။
တကယ်လို့သင့်အီးမေးလ်အကုန်လုံးကို အီးမေးလ်လိပ်စာတစ်ခုတည်းမှာ တစုတစည်းတည်းဖတ်လို့ရရင် ကောင်းမယ်လို့ တွေးမိဖူးပါသလား။
ဒါဆိုရင် ဂျီမေးလ်ကိုသုံးပြီး သင့်ဆန္ဒပြည့်စေမယ့် ဒီနည်းလမ်းလေးရှိပါတယ်။
ပထမဆုံးအနေနဲ့ သင့်ဂျီမေးလ်ကို Log-in ၀င်၊ ပြီးရင် အပေါ်ဘက်ထောင့်စွန်းမှာရှိတဲ့ Settings ဆိုတဲ့ခလုတ်ကိုနှိပ်၊ နောက်ပြီး Accounts ထဲက Get mail from other accounts ဆိုတဲ့ ခေါင်းစဉ်ကိုသွားလို့ Add another ဆိုတဲ့ လင့်ခ်ကိုနှိပ်လိုက်ပါ။
ဒါဆိုရင် ဒီအီးမေးလ်လိပ်စာမှာ သင်လက်ခံလိုတဲ့ တခြားအီးမေးလ်လိပ်စာတွေကို ပေါင်းထည့်လို့ရမယ့် Pop-up window တစ်ခုပေါ်လာပါလိမ့်မယ်။
ဒီနည်းလမ်းလေးမှာအားသာချက်က သင့်ရဲ့အင်တာနက်ဝန်ဆောင်မှုပေးသူရဲ့ Pop နဲ့ smtp server အမည်ကို အချိန်ကုန် အပင်ပန်းခံပြီး ရှာဖွေဖို့မလိုတာပါပဲ။
ပေါင်းထည့်လိုက်တဲ့ အီးမေးလ်လိပ်စာကိုအခြေခံလို့ ဘယ်ဆာဗာကို သင်အခြေခံပြီး အသုံးပြုနေတယ်ဆိုတာကို ဂူးဂဲလ်က အလိုလို ရှာပေးပါလိမ့်မယ်။
အီးမေးလ်လိပ်စာကိုရိုက်ထည့်ပြီးတာနဲ့ POP server နာမည်နဲ့ Port number ကို ဂူးဂဲလ်က သူ့ဘာသာသူ ဆုံးဖြတ်ထည့်သွင်း ပေးပါလိမ့်မယ်။
သင့်အနေနဲ့လုပ်ဖို့လိုတာကတော့ အဲဒီအီးမေးလ်လိပ်စာအတွက် Password လေးကို ထည့်သွင်းပေးရုံပါပဲ။
ဒီနည်းလမ်းလေးကို အသုံးပြုလို့သင့်အနေနဲ့ ၀င်လာတဲ့မေးလ်တွေရဲ့ကော်ပီကို သိမ်းဆည်းထားလို့ရသလို အီးမေးလ်တွေ ကိုလည်း Label ထိုးပြီး ထိန်းသိမ်းထားလို့ရပါတယ်။
ဒီနည်းလမ်းအရ Set လုပ်ထားပြီးပြီဆိုရင် ဂူးဂဲလ်က သင်ပေါင်းထည့်ထားတဲ့အီးမေးလ်လိပ်စာ တွေကိုပုံမှန် Check လုပ်ပေးနေပြီး ခုနက Set လုပ်ထားတဲ့ အီးမေးလ် လိပ်စာဆီကိုပို့ပေးနေပါလိမ့်မယ်။
သင့်အနေနဲ့ကံမကောင်းတာတစ်ခုက ဂူးဂဲလ်က အီးမေးလ်ကို ပုံမှန် Check လုပ်မယ့်အချိန်ကို သတ်မှတ်လို့မရတာပါ။
သူကအဆင်ပြေသလိုပဲ Check လုပ်သွားမှာကိုး။
ဘာပဲဖြစ်ဖြစ် ဒီနည်းလမ်းလေးကို သင့်ရဲ့အီးမေးလ်လိပ်စာအားလုံးက စာတွေကို တစုတစည်းတည်းဖတ်ရှုနိုင်အောင်အပြင် မပျောက်မပျက်ရအောင် Back up လုပ်တဲ့အနေနဲ့လည်း အသုံးချလို့ ရပါတယ်။
အဲဒီတော့ ဒီနည်းလမ်းလေးကို အသုံးချလို့အီးမေးလ်တွေကို အထိရောက်ဆုံးဆက်သွယ်ရေး နည်းလမ်းတစ်ခုအဖြစ် ထိထိ ရောက်ရောက် အသုံးချနိုင်ပြီလို့ သတင်းကောင်း ပေးလိုက်ပါရစေလား......။