Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မြန်မာအင်ဖိုတက်ဂိမ်းပြိုင်ပွဲ ကျင်းပ

ထင်အောင်လင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

မြန်မာအင်ဖိုတက် ကော်ပိုရေးရှင်း လီမိတက်၏နှစ်ပတ်လည်အထိမ်းအမှတ် ဂိမ်းပြိုင်ပွဲကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ မြန်မာ အင်ဖို တက်တွင် မတ်လ ၃ ရက် နေ့မှ ၆ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပလျက်ရှိကြောင်း ထိုဂိမ်းပြိုင်ပွဲကို စီစဉ်သူ ဦးမင်းဝင့်ဦးက မတ်လ ၃ ရက် နေ့တွင် ပြောကြားသည်။

"Myanmar E-Sports Championship" ဟု အမည်ပေးထားသည့် ထိုပြိုင်ပွဲတွင် ဒိုတာဂိမ်းနှင့် ကောင်တာစထရိုက် ဂိမ်းများကို အဖွဲ့လိုက်ပတ်လည် ကစားသည့်စနစ်ဖြင့် ကစားရမည်ဖြစ်ပြီး ဒိုတာဂိမ်းပြိုင်ပွဲအတွက် အပျော်တမ်းအဆင့်နှင့် ပညာရှင်အဆင့်ဟူ၍ နှစ်ဆင့်ခွဲခြားကစားရမည်ဖြစ်သည်။

ထိုပြိုင်ပွဲသို့ အသင်းပေါင်း ၄၈ သင်း ခန့်ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ဆုပေါင်း ၁၀ ဆုဝန်းကျင်ကို ပေးအပ်ချီးမြှင့်မည် ဖြစ်ပြီး ဆုကြေး တန်ဖိုးစုစုပေါင်းမှာ ကျပ် ၂၅ သိန်းဝန်းကျင်ခန့်ဖြစ်ကြောင်း ဦးမင်းဝင့်ဦးက ဆိုသည်။