
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အိုင်တီရှော့ပင်း မောလ် ဧပြီလ ဖွင့်လှစ်မည်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
အိုင်တီနှင့် ဆက်သွယ်ရေးပစ္စည်းများ ကို သီးသန့်ရောင်းချမည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အိုင်တီရှော့ပင်း မောလ်ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် ဧပြီလ ပထမပတ်အတွင်း စတင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ထို ရှော့ပင်းမောလ်ကိုစီမံခန့်ခွဲသည့် ဘလူး အိုးရှင်းကုမ္ပဏီမှ တာဝန်ရှိသူ ဦးထွန်းထွန်းနိုင်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြောကြားသည်။
ထိုအိုင်တီရှော့ပင်းမောလ်ကိုရန်ကုန်- အင်းစိန်လမ်းမကြီးနှင့် ပါရမီလမ်း ထောင့်ရှိ ယခင်ရွှေပါရမီရှော့ပင်းမောလ် ဖွင့်လှစ်ခဲ့သည့် ကိုးထပ်အဆောက် အအုံတွင် ဖွင့်လှစ်မည်ဖြစ်ပြီး 'ဂျူပီတာ' ဟု အမည်ပေးထားကြောင်းသိရသည်။
"အိုင်တီပစ္စည်းဆိုတာကလည်း ဇိမ်ခံ ပစ္စည်းမဟုတ်တော့ဘဲ လိုအပ်ချက် တစ်ခုဖြစ်လာတယ်။ ဒါပေမယ့် အိုင်တီ ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုစုဝေးဝေး၀ယ်လို့ရမယ့်နေရာက မရှိ သေးဘူး။ ဒါ့ပြင် အဲဒီနေရာတစ်ဝိုက်မှာ အိုင်တီပစ္စည်းတွေအတွက် ဈေးကွက်ရှိ တယ်လို့ ယူဆတယ်။ ဒါကြောင့် ဖွင့်လှစ်ဖို့ စီစဉ်ဖြစ်တာပါ" ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။
ထိုအိုင်တီဈေးဝယ်မောလ်သည် ကြမ်းခင်းဧရိယာအကျယ်စုစုပေါင်း စတုရန်း ပေ ၁၂,၀၀၀ ရှိမည်ဖြစ်ပြီး ဆိုင်ပေါင်း ၄၀ ကျော် ပါဝင်မည် ဖြစ်ကြောင်း၊ ဆိုင်ခန်းတစ်ခန်း၏သတ်မှတ် အကျယ်အ၀န်းမှာ ၁၀ ပေ ပတ်လည်ရှိ မည်ဖြစ်သော်လည်း လိုအပ်ပါက အခန်းဧရိယာ ကိုတိုးချဲ့ပေးမည်ဖြစ်ကြောင်း ဆိုသည်။
ထိုဆိုင်ခန်းများတွင် ပီအေဘီအိတ်စ် ဖုန်းနှင့် အင်တာနက်လိုင်းများပါဝင်မည်ဖြစ်ပြီး ထိုဝန်ဆောင်မှုများအတွက် သီးခြားနှုန်းထား တစ်ခုဖြင့် ကောက်ခံမည်ဖြစ်ကြောင်း၊ ထို့ပြင် ရုပ်ရှင်ရုံ အငယ်စားတစ်ခုလည်းပါဝင်မည်ဖြစ်ပြီး အခြားအထပ်များတွင် စိန်ဂေဟာ ကုန်တိုက်နှင့် ကလေးကစားကွင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။