Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ကာတွန်းဝက်ဘ်ဆိုက် တစ်နှစ်တာ အကောင်းဆုံးဝက်ဘ်ဆိုက်ဆုရရှိ

ကျော်ဇင်ထွန်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွက် အိုင်စီတီထူးချွန်ဆုများကို ဖေဖော်ဝါရီ လ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာ အင်ဖိုတက်တွင် ပေးအပ် ချီးမြှင့်ခဲ့ရာ ကလေးများအတွက် ရည်ရွယ်သည့် ဘိုဘိုကာတွန်းကိုဖော်ပြသည့် http://www.bobo.6te. net ၀က်ဘ်ဆိုက်က တစ်နှစ်တာလုံးအတွက် အကောင်းဆုံး ၀က်ဘ်ဆိုက်ဆုကို ရရှိသွားသည်။

ထိုဝက်ဘ်ဆိုက်သည် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ပေးအပ် ချီးမြှင့်သည့် အဆိုပါဆုကို သတင်းဆိုင်ရာ RSS Feeder ၀က်ဘ်ဆိုက် http://www.myanmardaily.net နှင့် ကွန်ပျူတာသင်ခန်းစာဝက်ဘ်ဆိုက် http://www.onlineictreader.com တို့ အပါအ၀င်ပြိုင်ပွဲဝင်ခုနစ်ဦးကို ဖြတ်ကျော်ရရှိသွားခြင်းဖြစ်သည်။

"ဒီဝက်ဘ်ဆိုက်က ကလေးတွေအတွက် ကာတွန်းကို မြန်မာဘာသာနဲ့ တင်ဆက်ပေးထားပြီး သူ့လိုမျိုးတခြား ၀က်ဘ်ဆိုက်တွေ မရှိသေးတဲ့အတွက် ပင်ကိုဖြစ်မှုအပိုင်းမှာ အားသာချက် ပိုရတယ်။ နောက်ပြီး ကလေးတွေ အတွက် တန်ဖိုးရှိပြီး အသုံးလည်း ကျတယ်။ ဒီလိုမျိုးကလေးတွေအတွက် လုပ်ပေးတာကို အားပေးချင်တာလည်း ပါပါတယ်။ ဒီဝက်ဘ်ဆိုက်ကို အင်တာနက်ပေါ်မှာ ဖတ်လို့ရတယ်ဆိုတာကို ကလေးတွေကြားမှာ သိအောင်လုပ်ပေးနိုင်လို့ ဖတ်ကြတယ်"ဟုဆုရွေးချယ် ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးနေထွန်းသိန်းက ဆိုသည်။

ထိုဝက်ဘ်ဆိုက်ကို ၂၀၀၈ ခုနှစ်၊ ဩဂုတ်လတွင် စတင်လွှင့်တင်ခဲ့ပြီး ကာတွန်းများသာမက ပုံပြင်နှင့်ဂိမ်းများကိုပါ မြန်မာဘာသာ နှင့်သုံးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အခြားဆုတစ်ဆုဖြစ်သည့် တစ်နှစ်တာလုံးအတွက် အကောင်းဆုံးမိုဘိုင်း အက်ပလီကေးရှင်းဆုကို မန္တလေးမြို့ အခြေစိုက် အယ်လ်ဖာ အင်ဖိုတက်က ထုတ်လုပ်ဖြန့်ချိသည့် အိတ်ဆောင် ပိဋကတ်စက်က အာရ်အင်န်အက်စ် ဆော့ဖ်ဝဲ၏ အက်စ်အမ်ကျူ့မြန်မာ ပြက္ခဒိန် စနစ် အပါအ၀င်ပြိုင်ပွဲဝင် သုံးဦးကို ဖြတ်ကျော်ရရှိသွားသည်။

အဆိုပါဆုများအပြင် ပညာရေးနှင့် သက်ဆိုင်သည့်ပရောဂျက်များအတွက် အိုင်စီတီထူးချွန်ဆုများကိုလည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် ဆရာ၊ ဆရာမအဆင့်ဟူ၍အဆင့်လေး မျိုးသတ်မှတ်ကာ ဆုပေါင်းငါးဆုနှင့် နှစ်သိမ့်ဆုပေါင်းခြောက်ဆုတို့ကို ပေး အပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူများကို ကျပ်လေးသိန်းခွဲတန်ဖိုးရှိ ရွှေတံဆိပ်များကို ချီးမြှင့်ခဲ့သည်။

ထိုဆုများကို ချီးမြှင့်ရန်အတွက် ပြိုင်ပွဲဝင်များအား ပြီးခဲ့သည့်နိုဝင်ဘာလက ဖိတ်ခေါ်ခဲ့ပြီး ပညာရှင်ပေါင်း ၂၀ ခန့်ပါဝင်သည့် အဖွဲ့ကအမှတ်ပေးရွေး ချယ်ခဲ့ခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေး အဖွဲ့က ထုတ်ဖော်ပြောကြားသည်။