
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဈေးကွက်ထဲက တရုတ်၊ ထိုင်း ဟန်းဆက် ...
ဂျွန်နောင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
ဒီတစ်ပတ်မှာ ပရိသတ်ကြီးကိုပြောပြချင်တာက ဈေးကွက်မှာနေရာရလာတဲ့ တရုတ်နဲ့ ထိုင်း ဟန်းဆက်တွေအကြောင်းပါ။ ဒီဟန်းဆက် တွေမှာ အမှတ်တံဆိပ်နဲ့သာမက အတုအပ ဟန်းဆက်တွေလည်း ရှိပါတယ်။
ဒီဟန်းဆက်တွေက နောက်ဆုံးပေါ်ဟန်းဆက်တွေရဲ့ လုပ်ဆောင်ချက်အတိုင်း သုံးစွဲနိုင်ပြီး ဈေးသက်သာစွာနဲ့ဝယ်လို့ရပါတယ်။ အားနည်းချက်ကတော့ ပြင်ပေးမယ့် ဆားဗစ်ဆိုင် နည်းသလို အကြမ်းမခံတာပါ။
ဒါပေမယ့်အခုနောက်ပိုင်းမှာဒီဟန်းဆက်တွေ က ပိုအကြမ်းခံလာပြီး လုပ်ဆောင်ချက်တွေလည်း ပိုစုံလာပါတယ်။
ဟန်းဆက်တစ်လုံးမှာ ရှိသင့်တဲ့ အခြေခံလုပ်ဆောင်ချက်တွေဖြစ်တဲ့ ၀ိုင်ဖိုင်၊ ဘလူးတုသ်တွေသာမက ရုပ်သံလိုင်း တွေဖမ်းနိုင်မယ့် လုပ်ဆောင်ချက်နဲ့ အသုံးဝင် မယ့် ဆော့ဖ်ဝဲလေးတွေထည့်လာပေးပါတယ်။ နောက်ပြီး ထိတွေ့ရုံနဲ့ အသုံးပြုလို့ရတဲ့ တပ်ခ်ျ (Touch) မျက်နှာပြင်တွေလည်းပါလာပါတယ်။
ဆားဗစ်ဆိုင်တွေမှာလည်းပြင်လို့ရလာသလို အပိုပစ္စည်းတွေလည်း ပေါပေါများများဝယ်လို့ ရလာပါတယ်။ ဈေးနှုန်းပိုင်းမှာလည်း တရုတ် ဟန်းဆက်တွေက ကျပ် ၅၀,၀၀၀ ၀န်းကျင်က နေ ကျပ် ၄၀၀,၀၀၀ လောက်အထိပဲရှိပြီး ထိုင်းဟန်းဆက်တွေမှာတော့ ကျပ် ၁၅၀,၀၀၀ လောက်ပေးရင်အတော်ကောင်းကောင်းရပါပြီ။
ဒါပေမယ့် ဒီဟန်းဆက်တွေမှာ ရောင်းပြီး နောက်ပိုင်းဝန်ဆောင်မှုက အားနည်းနေသေး သလို ဆော့ဖ်ဝဲဗားရှင်းတွေအတွက် အထောက် အပံ့သိပ်မရှိသေးဘူး။
အဲဒီလို ဆိုပေမယ့်လည်း ကိုယ့်ဘတ်ဂျက်ကို ချွေတာရင်း ဖန်စီကျတဲ့ ဟန်းဆက်လေးတွေကို ထည်လဲသုံးချင်တယ် ဆိုရင်တော့ သူ့တန်ဖိုးနဲ့သူတော့ တန်တယ်လို့ ဆိုနိုင်ပြီး သုံးပျော်ပါတယ်လို့ ညွှန်းဆိုလိုက်ပါရစေလား....။