
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဘားကမ့်ရန်ကုန်သည် ကမ္ဘာတွင် တက်ရောက်သူအများဆုံးဖြစ်
ထင်အောင်လင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၃ နှင့် ၂၄ ရက်တို့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ သော ဘားကမ့်ရန်ကုန် နည်းပညာ နှီးနှောဖလှယ်ပွဲသို့ လေ့လာဆွေးနွေးသူ ပေါင်း ၂,၅၀၀ ကျော်တက်ရောက်ခဲ့ပြီး ကမ္ဘာပေါ်တွင် လူအများဆုံးတက်ရောက် သည့် ဘားကမ့်အဖြစ် မှတ်တမ်းတင် နိုင်ခဲ့ကြောင်း ထိုပွဲဖြစ်မြောက်ရေး အဖွဲ့ ခေါင်းဆောင် ဦးမင်းဦးက ဇန်န၀ါရီ ၂၅ ရက်နေ့တွင် ပြောကြားသည်။
"ပထမနေ့ဖြစ်တဲ့ ၂၃ ရက်နေ့မှာတင် တက်ရောက်သူ ၁,၇၉၆ ဦးလောက် ရှိတယ်။ နှစ်ရက်ပေါင်းတက်ရောက်သူ ၂,၅၀၀ ကျော် ရှိတယ်ဆိုပေမယ့် ဒါက အွန်လိုင်းက စာရင်းပေးပြီး တက်ရောက် တဲ့ စာရင်းပဲရှိသေးတယ်။ စာရင်းမပေး ရသေးဘဲ ချက်ချင်း တက်ရောက်လာတဲ့ သူတွေလည်း အများကြီးရှိသေးတယ်" ဟု ၎င်းကပြောသည်။
ထိုဆွေးနွေးပွဲသို့ ရန်ကုန်မြို့ခံများသာမက နယ်မြို့များမှ လူငယ်များလည်းတက်ရောက်ခဲ့ကြကြောင်း၊ တက္ကသိုလ်များမှ ကျောင်းသား များကိုလည်း ဖိတ်ကြားထားရာ ကွန်ပျူတာ တက္ကသိုလ်မှကျောင်းသားများ အများ ဆုံးတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် ထိုင်း၊ ကမ္ဘောဒီးယားနှင့် စင်ကာပူစသည့် နိုင်ငံများမှ လေ့လာသူ များနှင့် ပညာရှင်များလည်းတက်ရောက် ခဲ့ကြပြီး ကဏ္ဍ ပေါင်း ၅၀ ကျော်ကို တင်ပြဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေး ခဲ့ပြီးသော ကဏ္ဍများကိုလည်း မှတ်တမ်း တင်ထားသလောက်ကို စုစည်းပေး ထားမည်ဖြစ်ပြီး ဘားကမ့်ရန်ကုန် ၀က်ဘ်ဆိုက်ဖြစ်သည့် http://www. barcampyangon.org တွင်လွှင့်တင် ပေးထားမည်ဖြစ်ကြောင်း ဦးမင်းဦးက ဆိုသည်။
ထိုဘားကမ့်ကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက မြန်မာနိုင်ငံ တွင် ပထမဆုံးကျင်းပခြင်းဖြစ်သည်။