
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
'စီဒီအမ်အေ ၈၀၀' လိုင်း ငါးသိန်းအထိ တိုးချမည်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အီလိုက်တက်ကုမ္ပဏီအရောင်း ပခန်းတွင် ကျပ်ငါးသိန်းတန်ဖိုးရှိ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းကတ်ထုတ်ယူနေသူများကို ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၆ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းလတ်အောင်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါ ဟတ်ဇ်ဖုန်းများကို ရန်ကုန်နှင့် မန္တလေး မြို့များတွင် လိုင်းပေါင်း ငါးသိန်းအထိ တိုးချဲ့ချထားပေးသွားမည်ဖြစ်ကြောင်း ထိုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ပြောကြားသည်။
ယခုလဆန်းမှစတင်ခါ အများပြည်သူ သို့ ငှားရမ်းသုံးစွဲခွင့်ပြုခဲ့သည့် ထိုဖုန်း များကို မူလက ရန်ကုန်မြို့တွင် လိုင်း တစ်သိန်းနှင့် မန္တလေး မြို့တွင် လိုင်းငါး သောင်း၊ စုစုပေါင်း လိုင်းတစ်သိန်းခွဲချ ထားပေးရန် ရည်မှန်းထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက နိုဝင်ဘာလ တွင် ကြေညာခဲ့သည်။
"ဖုန်းတွေကို အများပြည်သူပေါပေါများများသုံးလို့ရအောင် တိုးချဲ့ချထား ပေးတာပါ။ အခုချပေးဖို့ မှန်းထားတဲ့ လိုင်းအရေအတွက်ထက် နောက်ထပ် လိုင်းပေါင်းသုံးသိန်းခွဲ ထပ်တိုးပြီး လိုင်းငါးသိန်းပြည့်အောင် ချထားပေးသွားဖို့ ရှိပါတယ်"ဟု ထိုတာဝန်ရှိသူက ပြောသည်။
ထို့ပြင် အဆိုပါဖုန်းများကို သတ်မှတ် ထားသည့် မြို့နယ်အတွင်း၌သာ သုံးစွဲ နိုင်ရန်စီစဉ်ထားပြီး အခြားမြို့နယ်သို့ ရောက်ရှိသွားပါက သုံးစွဲနိုင်မည် မဟုတ်ကြောင်း မူလကကြေညာခဲ့သော် လည်း ထိုဖုန်းများကို မန္တလေးမြို့တွင် ဇန်န၀ါရီလ ၄ ရက်နေ့မှစတင်ချထား စဉ်ကပင် တစ်မြို့လုံးမည်သည့်နေရာမှ မဆို သုံးစွဲနိုင်ရန် ပြောင်းလဲစီစဉ်ပေးခဲ့ ကြောင်း ၎င်းကဆိုသည်။
"မန္တလေးမှာ ဖုန်းစချထားပေးကတည်း က တစ်မြို့လုံးမှာ သုံးလို့ရအောင် လိုင်း ဖွင့်ထားပေးတယ်။ ရန်ကုန်မှာက လောလောဆယ် မြို့နယ်ကျော်ပြီး သုံးလို့မရ သေးပေမယ့် နောက်နှစ်လလောက် အတွင်းမှာ တစ်မြို့လုံးမှာ သုံးလို့ရအောင် ဆောင်ရွက်ပေးသွားဖို့ ရှိပါ တယ်"ဟု ၎င်းကပြောသည်။
ဂဏန်းရှစ်လုံးပါဝင်ပြီး ရန်ကုန်မြို့တွင် ၇၃ နှင့် မန္တလေးမြို့တွင် ၉၁ ဖြင့် စတင်သော ထိုဖုန်းများကို အီလိုက် တက်ကုမ္ပဏီက ဖြန့်ချိသည့် ထပ်မံ ပေါင်းထည့်နိုင်သော ဖုန်းခေါ်ဆိုခကြို တင်ငွေပေးကတ်များနှင့် တွဲဖက်သုံးစွဲရသည်။
ဖုန်းခေါ်ဆိုခကြိုတင်ငွေပေး ကတ်များ၏တန်ဖိုးမှာ ကျပ် ၁၀,၀၀၀၊ ကျပ် ၃၀,၀၀၀၊ အက်ဖ်အီးစီ ၂၀ နှင့် အက်ဖ်အီးစီ ၅၀ တို့ဖြစ်သည်။
ထိုဖုန်းများကို မန္တလေးမြို့နှင့် ရန်ကုန်မြို့များတွင် ဇန်န၀ါရီလဆန်းမှ စတင်ချထားပေးခဲ့ခြင်းဖြစ်ပြီး တရားဝင်စာရင်းများအရ ဇန်န၀ါရီ လ ၂၄ ရက်နေ့အထိ ဖုန်းလိုင်းပေါင်း ၂,၂၀၀ ကျော်ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။