
ဝရန်တာအများကြီးပါတဲ့ လုံးချင်းအိမ်
ဒီတစ်ပတ်ရွေးချယ်ထားတဲ့ အိမ်လေးက မြို့ထဲနဲ့အလှမ်း မဝေးလှတဲ့တာမွေမြို့နယ် မှာပါ။ တာမွေနဲ့ သင်္ဃန်းကျွန်း မြို့နယ်အစပ်မှာရှိပြီး တာမွေလေးလို့ လည်းလူ သိများပါတယ်။ လေးထောင့် ကန်လမ်းမကြီးကနေ ချိုးကွေ့ဝင်သွားရတဲ့ ပင်ရွှေညောင်လမ်းထဲမှာရှိပါတယ်။.......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တစ်ခေတ်ဖြစ်လာတဲ့ တပ်ခ်ျဖုန်းတွေ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)
ဒီတစ်ပတ်မှာတော့ ပရိသတ်ကြီးကို အခု ခေတ်စားလာပြီး ထိတွေ့အသုံးပြုနိုင်တဲ့ တပ်ခ်ျ (Touch) ဖုန်းလေးတွေအကြောင်း ပြောပြချင်ပါတယ်။
လက်ရှိဈေးကွက်ကို လေ့လာကြည့်မယ် ဆိုရင် အိုင်ဖုန်း၊ နိုကီယာ၊ ဘလက်ဘယ်ရီ၊ အိပ်ခ်ျတီစီ၊ အိုတူးအစရှိတဲ့ အမှတ်တံဆိပ် ပေါင်းစုံနဲ့တပ်ခ်ျဖုန်းမျိုးစုံကို တွေ့နေရပါပြီ။ အက်ပဲလ်က အိုင်ဖုန်းကို စတင်ထုတ်လုပ်ပြီး တဲ့နောက်ပိုင်းမှာတပ်ခ်ျဖုန်းတွေ သိသိသာ သာခေတ်စားလာပါတယ်။
အိပ်ခ်ျတီစီနဲ့ ဘလက်ဘယ်ရီလို ဖုန်းမျိုး တွေကတော့ လိုင်းဆွဲအားနည်းတာကြောင့်ရယ်၊ အသုံးပြုထားတဲ့ Operating System က သိပ်အကျွမ်းတ၀င်မရှိတာရယ်ကြောင့် လူ ကြိုက်သိပ်မများလှပါဘူး။
စီဒီအမ်အေဖုန်းဟန်းဆက် ထုတ်လုပ်မှု ဘက်မှာ နာမည်ရတဲ့အယ်လ်ဂျီကလည်းအခု ဆိုရင်တပ်ခ်ျဖုန်းတွေဘက်မှာ ရင်းနှီးမြှုပ်နှံ လာပါတယ်။ ဒါပေမယ့် သူ့ရဲ့ဖုန်းတွေက ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းပိုင်းကလွဲလို့ လိုင်းဆွဲ အားနဲ့ Operating System အကျွမ်းတ၀င် ရှိမှု အပိုင်းမှာ အားနည်းပါတယ်။
ဈေးကွက်မှာလောလောဆယ်လူကြိုက်များ နေတာကတော့ နိုကီယာ ၅၈၀၀ နဲ့ အိုင်ဖုန်း သရီးဂျီအက်စ်တို့ဖြစ်ပါတယ်။
တပ်ခ်ျဖုန်းနည်း ပညာမှာ လက်ဦးမှုရထားတဲ့ အက်ပဲလ်ရဲ့ အိုင်ဖုန်းက ဒီနှစ်ထဲမှာ အိုင်ဖုန်းဖိုးဂျီကို ထုတ်လုပ်ဖြန့်ချိတော့မယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။
ကဲ...ဒါဆိုရင် တစ်ခေတ်ထလာပြီ ဖြစ်တဲ့ တပ်ခ်ျဖုန်းလေးတွေအကြောင်းကို တီးမိခေါက်မိရှိလောက်ပါပြီနော်။