
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တံခွန်စိုက်ဆုဖလား မြို့တော်စည်ပင်ကလပ် ဆွတ်ခူးသွား
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ဝယ်လ်တာဝိတ်တန်းတွင် ၀ါရင့်လက်ဝှေ့သမား ရွှေမင်းရာဇာ (တောင်ကလေး)နှင့် ရက္ခဗျာလ ကလပ်မှ လုံးချောလေး တို့ ယှဉ်ပြိုင်စဉ်။ ဓာတ်ပုံ - အေးဇော်မျိုး
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပပြီး H&S Group နှင့် T&T Groupတို့ ပူးပေါင်းစီစဉ်သော Royal Club ရွှေခါးပတ် ချန်ပီယံပြိုင်ပွဲကို ဩဂုတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားရုံတွင် ကျင်းပခဲ့ရာဝိတ် တန်း ခုနစ်တန်းအတွက် ရွှေခါးပတ် ချန်ပီယံ ခုနစ်ဦးထွက်ပေါ်ခဲ့ပြီး မြို့တော်စည်ပင်ရိုးရာလက်ဝှေ့ ကလပ်က Royal Club တံခွန်စိုက်ဖလား ဆု ဆွတ်ခူးခဲ့သည်။
၄၈ ကီလို လိုက်ဖလိုင်းဝိတ်တန်း တွင် အောင်စစ်မင်းက ထစ်ချုံးကို ၅-၀ ဖြင့်လည်းကောင်း ၅၁ကီလိုဖလိုင်းဝိတ်တန်းတွင် စောသဲမင်းကခိုင်လင်း ဦးကို ၅-၀ ဖြင့်လည်းကောင်း ၅၄ ကီလိုဘင်တန်ဝိတ်တန်းတွင် ၀င်းတင် (ရွှေကုက္ကို)က ပထမအချီ တစ်မိနစ်နှင့် ၁၆ စက္ကန့်တွင်ပင် ပြိုင်ဘက် ချစ် အောင်အား အလဲထိုး ဖြင့် လည်းကောင်း ၅၇ ကီလို ဖယ်သာ ၀ိတ်တန်း တွင်စောအုန်းမြင့် (မြို့တော်စည်ပင်) ကသားသား (T&T) ကို ၃-၂ ဖြင့် လည်းကောင်း ၆၀ ကီလို လိုက်ဝိတ်တန်းတွင် စိုးလင်းဦးက ကညောထူး ကို စတုတ္ထအချီ ၄၈ စက္ကန့်တွင် အလဲထိုးဖြင့် လည်းကေင်း အနိုင်ရကာ ရွှေခါးပတ် ဆုများရရှိခဲ့သည်။
အထူးစိန်ခေါ်ပွဲဖြစ်သော ရန်ကြီးအောင်နှင့် ရန်နိုင် အောင်ပွဲကို ကြားပွဲအဖြစ်ကျင်းပခဲ့ပြီး နောက်ဆုံး အချီအထိအရှုံးအနိုင် မပေါ်သော ကြောင့် ပရိသတ်အားမလို အားမရ ဖြစ်ခဲ့ရသောပွဲဖြစ်သည်။
၆၃ ဒသမ ၅ကီလို လိုက်ဝယ်လ်တာဝိတ်တန်းတွင်မိုက်တိုင်စန်(မြို့တော်စည်ပင်)က ရွှေသိန်းအောင်(ဖလုံပညာ တဝေါင့်)ကို ၅-၀ ဖြင့် အနိုင်ယူကာရွှေခါးပတ်ဆွတ်ခူးခဲ့ပြီးနောက်ဆုံးပွဲစဉ် ဖြစ်သော ၆၇ ကီလို ၀ယ်လ်တာဝိတ်တန်းတွင် ၀ါရင့်လက်ဝှေ့သမားရွှေမင်း ရာဇာ (တောင်ကလေး)ကို ရက္ခဗျာလ ကလပ်မှ လုံးချောလေးက သွက်လက် သော ထိုးကွက် များဖြင့် ၅-၀ ဖြင့်အမှတ် ဖြတ်ကာ ရွှေခါးပတ် ပိုင်ရှင်ဖြစ်လာခဲ့သည်။
"ပွဲစဉ်တောက်လျှောက်မှာ သားသား နဲ့ စောအုန်းမြင့်ပွဲနဲ့ အခု နောက်ဆုံး ရွှေမင်းရာဇာနဲ့ လုံးချောလေးပွဲကို အကြိုက်ဆုံးပဲ။ထိုးကွက် တွေက ပညာသားပါပြီး အမှတ်ဖြတ်နိုင်တော့ တကယ်ကြည့်ကောင်းတဲ့ပွဲတွေပါ"ဟုတောင်ကြီး မြို့မှ လာရောက်အားပေးသော ဦးခွန် မြတ်(ခွန်ပအို့ဝ် ကျောက်မြတ်ရတနာလုပ်ငန်း)က ပြောသည်။
ဦးခွန်မြတ်သည် ပွဲစဉ် ကျင်းပခဲ့သည့် ငါးရက်စလုံး မလွတ်တမ်း ကြည့်ရှုခဲ့ပြီး လက်ဝှေ့ယှဉ်ပြိုင်သူများကို ထိုက်တန် သော ဆုငွေများ ချီးမြှင့်ခဲ့သော လက်ဝှေ့ ၀ါသနာရှင်ပရိသတ်တစ်ဦးဖြစ်သည်။
"ဒီငါးရက်မှာဆုငွေအားလုံးပေါင်း သိန်းနှစ်ဆယ်ကျော်၊ သုံးဆယ်နီးပါးလောက်ချီးမြှင့်ခဲ့တယ်။မြန်မာ့လက်ဝှေ့ဆိုတာ ရိုးရာအားကစား တစ်ခုဖြစ်တယ်။အဲဒီအားကစားကို လူငယ်တွေသတိမထားတော့မှာစိုးတယ်၊နိမ့်ကျပျောက်ကွယ်သွားမှာ စိုးရိမ်တဲ့အတွက်ကိုယ်တတ် နိုင်တဲ့ဘက်က ချီးမြှင့်တာပါ"ဟု တောင်ကြီးမြို့မှ ဦးခွန်မြတ်က ပြောသည်။