
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ရန်ကုန်ယူနိုက်တက်ကို ဆောက်သမ်းမြန်မာ သရေကစားနိုင်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ဩဂုတ် ၂၈ ရက်က နေပြည်တော်နှင့် ဒဲလ်တာယှဉ်ပြိုင်စဉ်။ ဓာတ်ပုံ - ကောင်းထက်
မြန်မာနေရှင်နယ်လိဂ် ဂရင်းရွိုင်ရယ် ၂၀၁၀ ပြိုင်ပွဲ ပွဲစဉ် (၆၉) အဖြစ် ဩဂုတ်လ ၂၉ရက်နေ့က ဆောက်သမ်းမြန်မာနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန်ဂိုး သွင်းနိုင်ခဲ့ခြင်းမရှိဘဲဂိုးမရှိသရေရလဒ်ဖြင့်သာ နှစ်သင်းစလုံးကျေနပ်ခဲ့ ရသည်။
ရန်ကုန်အသင်းသည် အဆိုပါပွဲစဉ် တွင် ပြည်ပကစားသမားခြောက်ဦး အထိ ထည့်သွင်းအသုံးပြုခဲ့ပြီး ဆောက်သမ်းမြန်မာအသင်းက ဂိုးသွင်း သေချာသော နံပါတ် (၁၀) တိုက်စစ်မှူးဖရန့်ဆီတာကို ထွန်းမင်းနိုင်နှင့် တွဲဖက်ပွဲထုတ်ခဲ့ကာ ဒဏ်ရာပြဿနာအနည်းငယ်ရှိသော ဘီဂျိမ်းထွေး နှင့် ပွဲပယ်ခံ ထားရသော အလက်မီကိုဗစ်တို့ကို ထည့်သွင်းအသုံးပြုနိုင် ခြင်းမရှိခဲ့ပေ။
ပထမပိုင်း ခြောက်မိနစ်ခန့်တွင် ရန်ကုန်မှ လီယိုနာဒိုက ဂိုးရရှိရေး ကြိုး ပမ်းစဉ် ဆောက်သမ်းမြန်မာအသင်း ဂိုးသမားဇာနည်မင်းနှင့် ပြင်းပြင်း ထန်ထန် ထိခိုက်မိပြီး ဇာနည်မင်းနဖူးကွဲဒဏ်ရာရရှိခဲ့၍ အရန်ဂိုးသမား ပြည့်ဖြိုး အောင်နှင့် လူစားလဲ ကစားရသည်။ နှစ်သင်းစလုံး ဂိုးရရှိရေး အတွက် အကြိတ် အနယ်ကစားကြရာ ပွဲကစား ချိန် ၂၇ မိနစ်ခန့်၌ ဆောက်သမ်းမြန်မာ တိုက်စစ်မှူး ဖရန်ဆီတာနှင့် ရန်ကုန်မှကစားသမား တစ်ဦးထိခိုက်မိ၍ ဖရန့်ဆီတာ ခြေသလုံးရိုးကျိုးသည်အထိဒဏ်ရာပြင်းထန်ခဲ့ပြီး ဒဏ်ရာပြဿနာကြောင့် ဒုတိယပိုင်းမှသာထည့်သွင်း အသုံးပြုရန်လျာထားသော တိုက်စစ်မှူး ဘီဂျိမ်းထွေးကိုသတ်မှတ်အချိန်မတိုင်မီထည့်သွင်းကစားခဲ့ရသည်။ရန်ကုန်အသင်းသည် အဆို ပါပွဲစဉ်တွင် ဘယ်တောင်ပံကို အဓိကအားပြု၍ တိုက်စစ်ဆင် ကစားသော်လည်း တစ်သင်းလုံး ဆင်းကာကွယ်ထားသောဆောက်သမ်း မြန်မာနောက်တန်းကို ကျော်လွှားနိုင် ခြင်းမရှိခဲ့၍ ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိသရေဖြင့်သာ ကျေနပ်ခဲ့ရသည်။
ဒုတိယပိုင်း မိနစ် ၅၀ ခန့်တွင် ဆောက်သမ်းမြန်မာမှ ရဲထွန်းနိုင်၏ တိုက်စစ်ကို ရန်ကုန်မှ အိုဘီက ထိန်းချုပ် ရန်ကြိုးပမ်းရာ ရဲထွန်းနိုင် နှာခေါင်း ဒဏ်ရာရရှိခဲ့ပြီး ဆောက်သမ်းမြန်မာ အသင်းက တတိယ လူစားလဲမှုပြုလုပ် ခဲ့ရသည်။ ဒုတိယပိုင်း လက်ကျန်မိနစ် များတွင် ကစားအားကျလာသောဆောက်သမ်းမြန်မာအသင်းဘက်ကို ဖိကစားနိုင်ရန် ရန်ကုန်က ကြည်လင်း နှင့် မျိုးမင်းထွန်းတို့ကို ထည့်သွင်း ခဲ့ သော်လည်း ဆောက်သမ်းမြန်မာ အသင်းက ခံစစ်လုံအောင်ကစားနိုင်ခဲ့ သည့်အတွက် ဂိုးမရှိသရေဖြင့်သာ ပွဲပြီး သွားခဲ့သည်။
ဆောက်သမ်းမြန်မာအသင်းသည်အဆိုပါပွဲစဉ်တွင် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသော်လည်းအသင်းမှ ကစားသမားများ၏ စွမ်းရည် ကို အားရ ကြောင်း ဆောက်သမ်းမြန်မာနည်းပြချုပ် မစ္စတာကင်ဝါဒန်ကပြောသည်။
"ကျွန်တော်တာဝန်ယူလာတဲ့ ကာလတစ်လျှောက်မှာ ဒီနေ့ပွဲကို အားအရဆုံးပါပဲ။ ကျွန်တော့အသင်းက ကစား သမားတွေအားလုံးဟာ အတွေ့အကြုံ နည်းသေးတဲ့ လူငယ်ကစားသမားတွေ ဖြစ်ပေမယ့် တကယ့်ပရော်ဖက်ရှင်နယ် တွေလိုကစားသွားနိုင်ခဲ့တယ်။ကြေးမြင့် ပြီး အတွေ့အကြုံများတဲ့ ကစားသမား တွေနဲ့ ဖွဲ့စည်းထားတဲ့ ရန်ကုန်ယူနိုက် တက်လိုအသင်းမျိုးကို ဒီလောက်လူ အင်အားနဲ့ သရေ ကစားနိုင်ခဲ့တာကို ကျွန်တော်အကျေနပ်ဆုံးပါပဲ။ဒါပေမယ့် လာမယ့် ဇေယျာရွှေမြေနဲ့ပွဲအတွက် လူအင်အား တော်တော်နည်းသွားပြီ။ ဒီတစ်ပွဲနဲ့တင် ကျွန်တော့ကစားသမား သုံးယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာ ရခဲ့တာကတော့ အဆိုးဆုံးပါပဲ"ဟု ၎င်း က ပြောသည်။