
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ချယ်လ်ဆီးနဲ့ မန်ယူကို အဘူဒါဘီအုပ်စု စိန်ခေါ်နိုင်ပြီလား
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

မန်စီးတီး ပိုင်ရှင်စော်ဘွားမန်ဆာဆင်ဇာယက်အယ်နာယန်။
အရင်က ပရီမီယာလိဂ်မှာ မန်ယူကပဲစိုးမိုးထားခဲ့တာပါ။ မန်ယူကိုအဓိက စိန်ခေါ်နိုင်တာ ဆိုလို့ အာဆင်နယ်ပဲ ရှိခဲ့တာပဲဖြစ်ပါတယ်။ အဲဒီ နောက် ချယ်လ်ဆီးကို ရုရှားဘီလျံနာအေဗရာ မိုဗစ်ခ်ျပိုင်ဆိုင်လာတော့ ချယ်လ် ဆီး ဟာ မန်ယူ၊ အာဆင်နယ်တို့ကို စိန်ခေါ် နိုင်စွမ်းရှိလာသူဖြစ်လာခဲ့ပါ တယ်။ အဲဒီနောက်မှာ မန်ယူကို အဓိက ယှဉ်ပြိုင်သူဖြစ်လာခဲ့တာ ဒီနေ့ ထိပဲဖြစ်ပါတယ်။ အာဆင်နယ်ဟာ ချယ်လ်ဆီး၊မန်ယူကို စိန်ခေါ်နိုင်စွမ်း မရှိတော့ပါဘူး။ ချယ်လ်ဆီး(ရုရှား)ဘီလျံနာ၊ မန်ယူ(အမေရိကန်)ဘီလျံ နာတို့အားပြိုင်မှုဟာအပြိုင်အဆိုင်ဖြစ်ခဲ့တာ ၂၀၀၃ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီးအခုတော့ မန်စီးတီး(ယူအေအီး)ဘီလျံနာတို့ကအကဲစမ်းအားပြိုင် တဲ့အဆင့်ကို ရောက်လာ နေပြီဖြစ်ပါတယ်။ ၂၀၁၀-၁၁ ဘောလုံးရာသီ ဟာချယ်လ်ဆီး၊မန်ယူအားပြိုင်ခြင်းထက် မန်စီးတီးရဲ့ စိန်ခေါ်မှုပါပါဝင် လာနေပြီဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ် ရောက် ချယ်လ်ဆီး မန်နေဂျာ ဟောင်း မော်ရင်ဟိုကတော့ အာဆင်နယ်၊လီဗာပူးတို့ဟာ ပရီမီယာလိဂ် ချန်ပီယံမဖြစ်နိုင်ဘူး။ ချယ်လ်ဆီး၊ မန်ယူနဲ့ မန်စီးတီးတို့သာပဲ ဖြစ်လာမယ်လို့ ဒေးလီးတယ်လီဂရပ်ကို ပြောကြားသွားခဲ့ပြီဖြစ်ပါတယ်။
မန်ယူရဲ့ဘီလျံနာတွေဟာ ချယ်လ်ဆီး ဘီလျံနာ၊ မန်စီးတီး ဘီလျံနာတွေလောက် အားကောင်း မောင်းသန်ဖြစ်မလာတာတော့ မန်ယူ ပရိသတ်တွေ အသိဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် လည်း မန်ယူကို သစ္စာစောင့် သိတဲ့ တော်ဝင်မန်ယူ ပရိသတ်တွေဟာ အမေရိကန် ဘီလျံနာ ဂလေဇာမိသားစုကို ကန့်ကွက်လာ နေကြပြီးRed Knight ဆိုတဲ့အဖွဲ့ကို ဖွဲ့ပြီးတော့ကို ဆန့်ကျင်နေတာက မန်ယူအသင်းရဲ့ အနာဂတ်ကို ပြနေတာ ပဲဖြစ်ပါတယ်။ ဒီနှစ်မှာ ဖာဂူဆန်ဟာ အားကောင်းမောင်းသန် ၀ယ်ယူအားဖြည့်မှုမရှိခဲ့တာက ဂလေဇာမိသားစု (၀ါ) မန်ယူရဲ့ ဘဏ္ဍာရေးအခြေအနေ အားမကောင်းခြင်းရဲ့ လက္ခဏာဖြစ်နေ ခဲ့ပါတယ်။၂၀၀၃ ခုနှစ်က ချယ်လ်ဆီးကို အားကောင်း မောင်းသန် ပြင်ဆင်ပေး ခဲ့တဲ့ ရုရှားဘီလျံနာ အေဗရာမိုဗစ်ခ်ျ ဟာ အရင်က လောက်အားကောင်း မောင်းသန် ဖြည့်နိုင်စွမ်းမရှိခဲ့သည့် တိုင်အောင် ဂလေဇာမိသားစုထက် သာတဲ့ ပြင်ဆင်ဖြည့်ဆည်းမှုမျိုးတော့ ချယ်လ်ဆီးဟာ ရှိနေလျက်ရှိနေပါတယ်။
အင်အားကြီးတဲ့ ဒီနှစ်သင်းကို ငွေကြေးအင်အား အပြည့်နဲ့ အမီလိုက်ဖို့ ကြိုးစားပြင်ဆင်နေခဲ့တာက မန်ယူရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီး ပဲဖြစ်ပါတယ်။ ၂၀၀၈ စက်တင်ဘာလမှာ မန်စီးတီးကို ပိုင်ဆိုင်တဲ့ ယူအေအီးဘီလျံနာ၊ အဘူ ဒါဘီစီးပွားရေး အုပ်စု၊ တစ်နည်းအားဖြင့် စော်ဘွားမန်ဆာဆင်ဇာယက် အယ်နာယန်ပိုင်ဆိုင်ချိန်ကစပြီး မန်စီးတီးဟာ ပြောင်းလဲခြင်း စတင်လိုက်တာ အခု ၂၀၁၀-၁၁ ဘောလုံး ရာသီမှာ တော့ ပြိုင်ဘက်တွေ မုန်းတီးချင်စိတ် ပေါက်လောက်အောင်ကို ငွေအလုံး အရင်း ရင်းနှီးပြီးတော့ ပြင်ဆင်လျက်ရှိ နေခဲ့ပြီ ဖြစ် ပါတယ်။
အဘူဒါဘီစီးပွားရေးအုပ်စု ၂၀၀၈စက်တင်ဘာလက စပြီး ပိုင်ဆိုင်ချိန်ကစလို့ မန်စီးတီးအပြောင်းအရွှေ့အတွက်အသုံးစရိတ်ဟာ ပေါင် သန်း ၃၀၀ကျော်လာနေခဲ့ပြီဖြစ်ပါတယ်။ အောင်မြင်မှုကိုငွေနဲ့တည်ဆောက်လို့မရဘူးလို့ဘယ်သူတွေကပဲဆိုနေနေငွေနဲ့ တည်ဆောက် ခဲ့တဲ့ ချယ်လ်ဆီးဟာအတိုင်းအတာ တစ်ခုဆီကို ရောက်နေတာက မငြင်းသာတဲ့သာဓကဖြစ်နေခဲ့တော့ ကမ္ဘာ့ငွေကြေးအကျပ်အတည်း ဂယက်တစ်ခုနဲ့ တိုးခဲ့မှုအောက်မှာ အဘူဒါဘီစော်ဘွားတွေဟာ မန်စီးတီး ကို ငွေနဲ့တည်ဆောက်နေခြင်းဟာ အပြစ်ဆိုလို့ မရနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ၂၀၁၀-၁၁ ဘောလုံးရာသီ အတွက် မန်စီးတီး မန်နေဂျာ အီတလီ လူမျိုး မန်ချီနီဟာ မန်စီးတီးကို အလုံးစုံပြောင်း လဲခြင်း တွေ လုပ်ပြီး ချယ်လ်ဆီး၊ မန်ယူ တို့ကို စိန်ခေါ်နိုင်စွမ်းရှိအောင် ပြင်ဆင် လာနေတာက သတိထားစရာဖြစ်လာ နေခဲ့ပြီဖြစ်ပါတယ်။
မန်စီးတီးရဲ့ပရီမီယာလိဂ်ရာသီအစပွဲတွေဟာပွဲကျပ်တွေနဲ့ ခရီးဆက်လာခဲ့ရတာပဲဖြစ်ပါတယ်။စပါး(အဝေးကွင်း)၊ လီဗာပူး (အိမ်ကွင်း) ဆိုတဲ့ပွဲစဉ်အနေ အထားဟာ ချယ်လ်ဆီး(၀က်စ်ဘရွန်း အိမ်ကွင်း)၊ (၀ီဂန်အဝေးကွင်း)၊ မန်ယူ (နယူးကာဆယ်အိမ်ကွင်း)၊ (ဖူလ်ဟမ် အဝေးကွင်း)ဆိုတဲ့ အနေအထားနဲ့ ယှဉ်လိုက်ရင် သိပ်ကို ကျပ်တည်းတဲ့ ပွဲစဉ်တွေဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အလုံးစုံပြောင်းလဲခဲ့တဲ့ မန်ချီနီဟာ စပါး ကိုသရေ၊ လီဗာပူးကို အနိုင်၊ ပေးဂိုးမရှိ လေးမှတ်ဆိုတဲ့ရလဒ်နဲ့ မန်စီးတီးအား တစ်ခုကို ပြသလိုက်ပြီဖြစ်ပါတယ်။ ဒါဟာမန်စီးတီးကို သတိပြုစရာအခြေ အနေပဲဖြစ်ခဲ့ပါတယ်။
မနှစ်က မန်စီးတီး ကို ရာသီဝက်မှာ ရောက်လာ ခဲ့တဲ့ မန်ချီနီ ဟာ ထိပ်တန်း ကစားသမားတချို့ရဲ့ လိုလိုလားလား ကြိုဆိုခြင်းမျိုးနဲ့ ရောက်လာခဲ့တာ မဟုတ်ပါဘူး။ ဘယ်လာမီ၊ ရှေးဂစ်ဗင်၊ အိုင်ယာလန်တို့ဟာ အရင်မန်နေဂျာ မာ့ခ်ဟုခ်ျကိုပဲ လိုလားပုံပြခဲ့ပြီး မန်ချီနီ ကို နှစ်သက်ခြင်းရှိခဲ့ကြတာမဟုတ်ပါ ဘူး။ ရော်ဘင်ဟိုပါ အပါအ၀င်ပဲဖြစ်ပါ တယ်။ ရာသီတစ်ပိုင်းမှာ နယ်မြေသစ်ဆီကို ရောက်ခဲ့တဲ့ မန်ချီနီဟာသည်းခံရင်း၊ ချော့မော့ဖျောင်းဖျရင်းနဲ့ မန်စီးတီးကို ကိုင်တွယ်ခဲ့ရတာပဲဖြစ်ပါတယ်။ စပါးကို မန်စီးတီးကွင်းမှာဧည့်ခံကစား ရတဲ့ပွဲဟာ ဒီရာသီမှာ မန်ချီနီအလုံးစုံပြောင်းလဲစေဖို့ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီအတွက်ဘယ်လာမီဟာ ပထမတန်းဆီ ကို(ကာဒစ်ကလပ်) လွင့်သွားရသလို အိုင်ယာလန်ဟာ ဗီလာကိုလွင့်၊ ဂိုးသမားရှေးဂစ်ဗင်ကတော့ အရန်ခုံမှာထိုင် စိတ်ဓာတ်တွေကျ ဆိုတဲ့ အခြေအနေတွေနဲ့ကြုံသွားခဲ့ရ စေခဲ့ပါတယ်။ ဒါကြောင့်လည်း မန်ချီနီ က လက်ရှိမန်စီးတီးအသင်းဟာ ကျွန်တော့ရဲ့ အသင်းပါ လို့ ပြောဆိုနေ ခဲ့တာပဲဖြစ်ပါတယ်။စပါးကို အိမ်ကွင်း မှာ(၁-၀)နဲ့ရှုံး၊ မန်စီးတီးဟာ ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ဝေး၊ စပါးက ချန်ပီယံလိဂ်ဝင် ခွင့်ရဆိုတဲ့အခြေအနေအောက်မှာ အဲဒီပွဲအပြီးမန်ချီနီဟာ မန်နေဂျာကောင်းပီသစွာ သူ့ရဲ့ကစားသမားတွေကို အပြစ်ဖို့ပြောဆိုတာမျိုး မရှိခဲ့ပေမယ့်ဒီနွေရာသီမှာတော့ နောက်ခံဓနအင်အားတောင့်တင်းမှုအောက်မှာ ရှင်းလင်းဖယ်ရှားခြင်း၊ အားအင်ပြည့် ဖြည့်ဆည်းခြင်း နဲ့ မန်စီးတီးကို အသစ် ပြင်လိုက်တာပဲဖြစ်ပါတယ်။ဒီပြင်ဆင် အားဟာ ပရီမီယာလိဂ်ကို စိုးမိုးထားတဲ့ မန်ယူ၊ ချယ်လ်ဆီးတို့ကို စိန်ခေါ် ရာ ရောက်နေတဲ့ အားဖြစ်နေခဲ့ပြီဖြစ်ပါတယ်။
ဒီနွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးရဲ့ အသုံးစရိတ်မျိုး ဘယ် အသင်းမှာမှ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ စုစုပေါင်းအသုံးစရိတ်ဟာ ပေါင် ၁၂၄ သန်းအထိကို ရှိနေခဲ့ပါတယ်။ လီဗာပူးကို ၃-၀ နဲ့ နိုင်တဲ့ပွဲမှာ ပိုင်ရှင်စော်ဘွား မန်ဆာတော်ဝင်မိသားစုဟာ လာကြည့်ခဲ့ပြီး ကျေနပ်တဲ့မျက်နှာတွေ ပိုင်ဆိုင်သွားခဲ့တာဟာ မန်ချီနီနဲ့ မန်စီးတီး ကစားသမားတွေအတွက် ယုံကြည်မှု တစ်ခုခိုင်မာသွားစေခဲ့မှုပဲဖြစ် ပါတယ်။ မနှစ်က အားထားကစားတဲ့ အဒီဘာ ယောကိုတောင် အားမကိုးတော့ခြင်းဟာ ထူးခြားတဲ့ပြောင်းလဲမှုဖြစ်စေတာအမှန် ပဲဖြစ် ပါတယ်။ မနှစ်က မန်စီးတီးတိုက် စစ်ကို အဒီဘာယော - တေဗက်ဇ်- ဘယ်လာမီ အားကိုးနဲ့ ကစားခဲ့ပေမယ့် ဒီနှစ် မှာ တေဗက်ဇ်ကိုပဲ အားကိုးနေပြီး မန်ချီ နီဟာသူဝယ်ထားတဲ့ အဒမ်ဂျွန်ဆင်၊ ဂျိမ်းစ်မီလ်နာ၊ ဒေးဗစ်ဆေးလ်ဗားတို့ပဲ အားကိုးနေခဲ့တာက ပြောင်းလဲခြင်း မန်စီးတီးရဲ့ သက်သေဖြစ်နေခဲ့ပါတယ်။
မီလ်နာ-အဒမ်ဂျွန်ဆင်-ဒေးဗစ် ဆေးလ်ဗားတောင်ပံအား အပြောင်း အလဲကြောင့် ရိုက်ဖိလစ် အတွက်တော့ မန်စီးတီးမှာ နေရာကျဉ်း ကျဉ်းသာရှိ တော့မှာဖြစ်ပါတယ်။ ရှေးဂစ်ဗင်ထက် ဂျိုးဟတ်ကို ရဲရဲတင်းတင်းနေရာပေး လိုက်ခြင်းကြောင့်လည်း ဂစ်ဗင်မှာ နေရာမရှိ တော့ပါဘူး။ ငွေသုံးအားကြမ်းတဲ့ မန်စီးတီးလို့ ဆိုနေပေမယ့် မန်ချီနီကြောင့် အင်္ဂလန်အသင်းအတွက် ဂျိုးဟတ်(ဂိုး)၊ ဘယ်ရီ၊မီလ်နာ၊ အဒမ်ဂျွန်ဆင်၊ မီကာရစ်ချက်တို့ဟာ အထောက်အပံ့ဖြစ်လာဖို့လည်း ရှိနေ ခဲ့ပြီဖြစ်ပါတယ်။
မန်စီးတီးရဲ့ ပထမရာသီဝက်မှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ စပါး၊ လီဗာပူးတို့ထံက လေးမှတ်ရယူနိုင်ခြင်း၊ ဂိုးသွင်းမခံရသေးခြင်းတို့ ဟာ အသာစီးယူနိုင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒီရလဒ်အခြေအနေဟာ မန်စီးတီးရဲ့ တန်ဖိုးတစ်ခုမြင့်လာ ခဲ့ခြင်းပဲဖြစ်ပါတယ်။ မန်ချီနီရဲ့ ပြင်ဆင်မှုဟာ မာ့ခ်ဟုခ်ျရဲ့ ပြင်ဆင်မှုနဲ့ ကွာခြားလျက်ရှိနေတာ တွေဟာ သတိပြုစရာဖြစ်သလို ကစား ပုံဟာလည်း အပြောင်းအလဲရှိ ထားတဲ့ အတွက် မန်စီးတီးဟာ ချယ်လ်ဆီး အပြောင်းအလဲလိုမျိုး မြန်လာဖွယ်ရှိတဲ့ အသင်းဖြစ်နေခဲ့ပါတယ်။ မန်ချီနီရဲ့ ခံစစ်ပြင်ဆင် အားကောင်းတဲ့ အီတလီစတိုင်အောက်မှာတိုက်စစ်ဟာ လုံလုံလောက်လောက်ရှိနေလို့ ချယ်လ်ဆီး၊မန်ယူတို့ စိုးမိုးထားမှုကိုအဘူဒါဘီ စီးပွားရေးအုပ်စုက စိန်ခေါ်နိုင်စွမ်းရှိတဲ့ ရာသီမျိုးပဲ ဖြစ်လာဖွယ်ရှိနေပါရဲ့။
၂၀၀၉ ခေါ်ယူမှု
ကားလို့စ်တေဗက်ဇ် ၂၅.၅ သန်း
အဒီဘာယော ၂၅.၀ သန်း
ကိုလိုတိုရေး ၁၄.၀ သန်း
ဆန်တာခရုစ်ဇ် ၁၈.၀ သန်း
ဂါရတ်ဘယ်ရီ ၁၂.၀ သန်း
လက်စ်ကော့ ၂၂.၀ သန်း
စုစုပေါင်း ၁၁၆.၅ သန်း
၂၀၁၀ ခေါ်ယူမှု
ဒေးဗစ်ဆေးလ်ဗား ၂၄.၀ သန်း
ယာယာတိုရေး ၂၄.၀ သန်း
ဘာလော့တယ်လီ ၂၄.၀ သန်း
ကိုလာရော့ဗ် ၁၆.၀ သန်း
ဘိုတန် ၁၀.၀ သန်း
မီလ်နာ ၂၆.၀ သန်း
စုစုပေါင်း ၁၂၄ သန်း
ယခုနွေရာသီတွင်
နုတ်ထွက်သွားသူများ
၁။ ဘယ်လာမီ
၂။ ရော်ဘင်ဟို
၃။ မာတင်ပက်ထရော့ဗ်
၎။ အိုင်ယာလန်
၅။ ဂါရီဒို
၆။ ကိုင်ဆေဒို