
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဂျာမနီအသင်းခေါင်းဆောင် ဘောလက်ဆက်လုပ်မည်
အောင်ဝင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
ဂျာမနီနည်းပြ ဂျိုချင်လိုက ၀ါရင့်လက်ရွေးစင် မိုက်ကယ်ဘောလက်ကို ၎င်း၏ပထမဦးစားပေး ကပ္ပတိန်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်လိုက်သည်ဟု စက်တင်ဘာ ၁ ရက်နေ့ထုတ် Bild သတင်းစာကဖော်ပြခဲ့သည်။သို့ရာတွင် ဘောလက်အနေဖြင့် ယူရို ၂၀၁၂ ခြေစစ်ပွဲများ၏ ပထမနှစ်ပွဲကို ကစားနိုင်မည် မဟုတ်ဟုဆိုသည်။
"လောလောဆယ်မှာတော့ ခံစစ်အကူအလယ်တန်းသမားအနေနဲ့ ရှဝိန်းစတိုင်ဂါနဲ့ ဆာမီခီဒီရာတို့ရှိပါတယ်။ဒါပေမယ့် ဘောလက်ပြန် လာတဲ့အခါ သူက ကပ္ပတိန်ဖြစ်မှာပါ။ သူပြန် မလာနိုင်သေးတဲ့ အချိန်မှာတော့ ဖီးလစ်လန်းက အသင်း ခေါင်းဆောင်ပါပဲ"ဟု နည်းပြ ဂျိုချင်လိုကပြောကြားသည်။
ဘောလက် (၃၃ နှစ်)သည် စက်တင်ဘာ ၃ ရက်တွင် ဘယ်လ်ဂျီယံနှင့် ကစားရ မည့် အဝေးကွင်းပွဲနှင့် နောက်ထပ် လေးရက်အကြာ တွင်အဇာဘိုင်ဂျန်နှင့် ကစားရမည့် အိမ်ကွင်းပွဲတို့ကို ကစားနိုင်မည်မဟုတ်သေးဟုဆိုသည်။ ယမန်နှစ်အက်ဖ်အေဖလားဖိုင်နယ်တွင် ၎င်းထိခိုက်ခဲ့သော ခြေချင်းဝတ်ဒဏ်ရာမှာ ပျောက်ကင်းရန် အချိန်ယူရဦးမည်ဖြစ်သည်။